Community Development Network

Community Development Network

Share

ဒေသဖွံ့ဖြိုးရေးကွန်ယက် CDN ကို ၂၀၁၉ ခုနှစ်၊ မတ်လ (၇-၉)ရက်နေ့များတွင် ကျင်းပပြုလုပ်ခဲ့သော meeting မှ စတင်ဖွဲ့စည်းခဲ့သော လူထုအကျိုးပြုအဖွဲ့အစည်းတစ်ရပ်ဖြစ်ပါသည်။
မြန်မာနိုင်ငံအတွင်း ဖွံ့ဖြိုးရေးနှိမ့်ကျသော ဒေသနှင့် ပဋိပက္ခများကြောင့် စစ်ဘေးသင့်ဒဏ်ခံရသော ဒေသတို့တွင် အထူးဦးစားပေး၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံကျသည့် လုပ်ငန်းအစီအဥ်များဖြစ်သော ပညာရေး၊ စွမ်းရည်မြှင့်တင်ရေး၊ သဘာ၀ပတ်ကျင်ထိန်းသိမ်းမြှင့်တင်

17/03/2026
08/05/2025

အားလုံး ကျန်းမာ၊ ချမ်းသာပြီး အဆင်ပြေကြပါစေလို့ အရင်ဦးဆုံး ဆုတောင်းမေတ္တာပို့သအပ်ပါတယ် ~

မိမိတို့ပအို၀်းဒေသအတွင်း နေထိုင်လျက်ရှိကြသော တိုင်းရင်းသားလူငယ်မောင်မယ်များအတွက် ဒေသဖွံ့ဖြိုးရေးကွန်ယက် - Community Development Network - CDN မှ သတင်းကောင်းတစ်ခု အသိပေးချင်ပါတယ်။ အဲဒါကတော့,...

ပအို၀်းဒေသအတွင်း ပညာရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ တိုးတက်စေရေးအတွက် ပံ့ပိုးလုပ်ဆောင်လျက်ရှိပြီး မိမိတို့ CDN နဲ့လည်း ချိတ်ဆက်ပူးပေါင်း‌ဆောင်ရွက်လျက်ရှိသော မိတ်ဖက်အဖွဲ့အစည်းတစ်ရပ်ဖြစ်သည့် RISE မှ ဦးစီးစီစဥ်ပြုလုပ်လျက်ရှိသော အာခမဲ့ "ဆရာအဖြစ် အကြိုသင်တန်း(TPC)"ကို
# ၂၀၂၅ ခုနှစ် ဇွန်လ မှ ၂၀၂၆ ခုနှစ် မတ်လ အထိ (၉)လကြာ
# သင်တန်းပါ၀င်တက်ရောက်နိုင်ရန် လိုအပ်သော အချက်များမှာ,
> သင်ကြားရေးကို စိတ်၀င်စားသူဖြစ်ပြီး သတ်မှတ်ထားသော သင်တန်းချိန်အတိုင်း အပြည့်အ၀ တက်ရမည်ဖြစ်မည်။
> သင်တန်းတက်မည့်သူသည် သင်တန်းပြီးဆုံးသည့်အချိန်တွင် အသက် (၁၈)နှစ် ပြည့်ပြီး ဖြစ်ရမည်။
> မြန်မာဘာသာဖြင့် သင်ကြားပို့ချမည်ဖြစ်ပါသဖြင့် ကျောင်းသူကျောင်းသားများမှာ မြန်မာစကားအရေး၊ အပြော၊ အဖတ်၊ နားလည်နိုင်သူ ဖြစ်ရမည်။
> သင်တန်းတက်ရောက်မည့်သူသည် အနိမ့်ဆုံးအထက်တန်းကျောင်းတက်ရောက်ဖူးသူဖြစ်ရမည်။ (ဘွဲ့ရသူများလည်း လျှောက်ထားနိုင်သည်)
> သင်ကြားရေးအတွေ့အကြုံ အနည်းဆုံး (၁)နှစ်ရှိသူများကို ဦးစားပေး ရွေးချယ်သည်။
> သတ်မှတ်ထားသည့် သင်တန်းကာလ ပြီးမြောက်အောင် တက်ရမည်။
> TPC သင်တန်းကျောင်း (၉)လ သင်တန်းအပြီးတွင် သက်ဆိုင်ရာ မိမိတိုင်းရင်းသားဒေသရှိ ပညာရေးကဏ္ဍတွင် အနည်းဆုံး(၁)နှစ် တာ၀န်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။
> ရွေးချယ်ပြီး အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ပြီး ကျန်းမာရေးကောင်းသူလည်း ဖြစ်ရမည်။ ထိုအပြင်သင်တန်းတက်နေစဥ်အတွင်း သက်ဆိုင်ရာ အဖွဲ့အစည်း နှင့် TPC သင်တန်းကျောင်းတို့မှ ချမှတ်ထားသော စည်းမျဥ်းစည်းကမ်းများကိုလည်း လိုက်နာရမည်ဖြစ်သည်။
> မူးယစ်ဆေး၀ါး ကင်းရှင်းသူ ဖြစ်ရမည်။
> အွန်လိုင်းဆိုသော်ငြားလည်း ဤသင်တန်းကို ထိရောက်မှုပိုရှိစေရန် ပါ၀င်တက်ရောက်နိုင်သူများသည် CDN ရုံးမှတဆင့် ပြင်ဆင်သတ်မှတ်ပေးထားသောနေရာ၌ စုစုစည်းစည်း သင်ယူရမည်ဖြစ်သည်။

မှတ်ချက်
- ဤ TPC သင်တန်းကို အင်တာနက် (အွန်လိုင်း Online) မှတဆင့် သင်ကြားပို့ချပေးမည်ဖြစ်ပါသည်။
- ထို့အပြင် သင်တန်းကျောင်းကိစ္စနဲ့ပတ်သက်၍ သိလိုသည်များရှိပါက အောက်ဖော်ပြပါ ဆက်သွယ်ရမည့် လိပ်စာနှင့် တာ၀န်ရှိသူများကို မေးမြန်းဆက်သွယ်နိုင်ပါသည်။
- သင်တန်းလျှောက်လွှာပုံစံ/ ဖောင်ကိုလည်း အောက်ဖော်ပြပါလိပ်စာအတိုင်း တာ၀န်ရှိသူများထံမှ အာခမဲ့ ဆက်သွယ်၍ ရယူနိုင်ပါသည်။
- သင်တန်းကို နောက်ဆုံး တင်သွင်းလျှောက်ထားရမည့်ရက်မှာ "၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၀)ရက်နေ့" ဖြစ်ပါသည်။

ဆက်သွယ်ရမည့် CDN မှ တာ၀န်ရှိသူများ -
(၁) ကိုကျော်စိုးလင်း - ၀၉၄၅၈၆၁၃၅၂၅, ၀၉၉၅၃၄၈၃၁၅၄ ၊ [email protected]
(၂) နန်းစုစု၀င်း - ၀၉၂၆၂၄၇၆၂၇၉ ၊ [email protected]
(၃) CDN office - [email protected] (Cc)

ဒေသဖွံ့ဖြိုးရေးကွန်ယက်
# # /8052025 # # #

07/04/2025

Community Development Network CDN မှ Job Announcement အလုပ်​ဖိတ်​ခေါ်မှုလေး လုပ်ချင်ပါသည်။
စီမံကိန်းလုပ်ငန်းများ(2025 စတင်) ထိရောက်အောင်မြင်စေရေးအတွက် အောက်ပါလိုအပ်သော Position များအား ခန့်အပ်ရန် CDN အဖွဲ့ မှ နွေးထွေးလှိုက်လှဲစွာ ဖိတ်ခေါ်လိုပါသည်။

၎င်း Position နေရာများမှာ -
- Program Manager - (1) ဦး
- Project Coordinator- (1) ဦး
တို့ဖြစ်ပါသည်။

အသေးစိတ် သိရှိလိုပါက -
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ CDN ရုံးကိုလည်းသော်လည်း၊ ဆက်သွယ်ရမည့်လိပ်စာနဲ့အတူ အောက်ပါပုဂ္ဂိုလ်များကို​လည်းကောင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

လျှောက်လိုသူများအနေနဲ့ 22 April 2025 ( အင်္ဂါနေ့) ညနေ၅:၀၀ နာရီ နောက်ဆုံးထားပြီး CV နှင့်တကွ ပေးပို့၍ လျှောက်ထားနိုင်ပါသည်။

ဆက်သွယ်ရမည့် ပုဂ္ဂိုလ် နှင့် ဖုန်းနံပါတ် -

> နန်းခမ်းရွီး - 09788431668 ([email protected])
> နန်းစုစုဝင်း - 09262476279 ([email protected])
> Cc to - [email protected]

Community Development Network
(7-4-2025)

Photos from Community Development Network's post 29/03/2025

Crd: UNICEF

Want your organization to be the top-listed Non Profit Organization in Taunggyi?
Click here to claim your Sponsored Listing.

Telephone

Website

Address


Taunggyi

Opening Hours

Monday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00