DGHub

DGHub

Share

24/12/2022

Socket (UDP/TCP)

Socket ဆိုတာဘာလဲ?
ကျွန်တော်တို့ Data တွေကို
စက်တစ်ခုကနေတစ်ခု ပို့ဆောင်ရာမှာ
အသုံးပြုပါတယ်။
ခေတ်ပေါ် Operating system တွေ အားလုံးက Platform ပေါ်မူ တည်ပြီး socket ကို အသုံး ပြုရတဲ့ ပုံစံ တွေက အမျိုးမျိုး ကွဲပြားပါတယ်။
Socket တွေဟာအလွန်ကိုမြန်ပါတယ်။
သူက Realtime အလုပ်လုပ်ပါတယ်။
ဥပမာ ဒီကနေ Data တစ်ခုလှမ်းပြင်လိုက်ရင်
တစ်ဖက်ကနေ Refresh လုပ်စရာမလိုပဲ
အလိုလိုပြောင်းသွားပါတယ်။
Video တစ်ခု Live steam လုပ်ထားရင်
ဒီကနေတိုက်ရိုက်မြင်နေရတာတွေက
Socket တွေသုံးထားကြလို့ပါ။

UDP Socket က TCP Socket ထက်ပိုမြန်ပါတယ်။
UDP ရဲ့အရှည်ကောက်ကတော့
User Datagram Protocol ဖြစ်ပါတယ်။
Datagram လို့လည်းအလွယ်ခေါ်ကြပါတယ်။

UDP က ဒေတာ မပို့ခင် ပို့လိုက်တဲ့ ဒေတာ မှန်မမှန် ကိုပဲ Checksum သုံးပြီး စစ်ပါတယ်။
ဒါကြောင့်အမှားတွေပါနိုင်ပါတယ်။
ပို့လိုက်တဲ့ ဒေတာ က မှားသွားလည်း ပြင်စရာ မလိုပဲ မြန်ဆန် သွက်လက် ဖို့ပဲ အရေးကြီး တဲ့ နေရာမှာ
သုံးကြပါတယ်။
သူက Data မပို့ခင်ချိတ်ဆက်တာမျိုးလည်း
လုပ်စရာမလို့ပါဘူး။

TCP ရဲ့ အရှည်ကောက်ကတော့
Transmission Control Protocol ဖြစ်တယ်။
TCP Socket ကတော့
Data တွေပို့တဲ့ခါသေချာပို့ပေးပါတယ်။
လုံးဝစိတ်ချရပြီး အမှားတွေမပါအောင်
သေချာစီစစ်ပေးပါတယ်။
သူကတော့ Data မပို့ခင် ချိတ်ဆက်ပေးဖို့လိုပါတယ်။
Server ကိုလှမ်းချိတ်ဖို့ Port Number တစ်ခုကနေ
စောင့်ကြည့်နေရပါတယ် အဲ့ကို Client က
လာချိတ်ဆက်ရပါတယ်။
အဲ့ Server နဲ့ Client က port တစ်ခုမှာ
တူတူချိတ်ဆက်ပြီဆိုမှ
Data တွေအပြန်အလှန်ပို့လို့ရပါတယ်။

socket.io ဆိုတာလေးကတော့
အသုံးပြုရလွယ်အောင်ပြုလုပ်ထားပေးတဲ့
TCP Socket library တစ်ခုပါ။
ဒါကိုသုံးပြီး Chat app တို့
Comment ပေးတဲ့စနစ်တွေ
ရေးသားနိုင်ပါတယ်။

Nodejs နဲ့ Socket.io ကို
တွဲပြီးလေ့လာပါ။

အခုလို အချိန်ပေးပြီး ဖတ်ရှုပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ် 🥰

ဘေးကင်းသာယာသောနေ့လေး ဖြစ်ပါစေဗျာ....

17/12/2022

App ရေးသားရာတွင်လည်ပတ်ဖို့လိုအပ်တံ့
Programimg languages နဲ့ Framework များ

App အတွက်က Flutter
Flutter ကိုအသုံးပြုပြီး
Android, iOS, Web, Window, Linux, MacOs
စတဲ့ Os များအကုန်လုံးအတွက်
App များကိုရေးသားနိုင်ပါတယ်
Dart Language နဲ့ Flutter SDK ကိုတည်ဆောက်
ထားတာဖြစ်ပါတယ်
Flutter ရဲ့အားသာချက်ကတော့
Code တစ်ခါရေးရင် အဲ့ Code တစ်ကြောင်းကနေ
Android, iOS, Web, Window, Linux, MacOs
အစရှိတဲ့ OS များအားလုံးတွင်
အသုံးပြူ၍ရအောင်ရေးသားနိုင်ပါတယ်
အဲ့တော့ကျွန်တော်တို့အတွက်
အလုပ်ရှုပ်တာကိုသက်သာစေပါတယ်
Dart Language ကိုအရင်လေ့လာရပါမယ်

Frontend ဆိုတာကြတော့ ကျွန်တော်တို့ App ရဲ့
ဒီဇိုင်းအပြင်အဆင်တွေကိုမြင်ရတဲ့အပိုင်းကိုဆိုလိုတာပါ
အဲ့တော့ Flutter ကို Frontend အပိုင်းမှာသုံးမယ်

App တွေကို ကျွန်တော်တို့ Server နဲ့ချိတ်ပြီး
အသုံးပြုရမှာဖြစ်ပါတယ်
အဲ့အပိုင်းကိုတော့ Backend အပိုင်းလို့ခေါ်ပါတယ်
Backend ကနေပြီး Flutter ကနေလှမ်းပို့တံ့
အချက်လက်တွေကိုယူပြီးလှမ်းသိမ်းရတဲ့အပိုင်းပါ

အဲ့လို Data တွေလှမ်းပို့တဲ့စနစ်ကို
Rest API ကိုသုံးပြိးလှမ်းပို့ရမှာဖြစ်ပါတယ်

အဲ့လှမ်းပို့လို့ရလာတဲ့ Data တွေကို
ဘယ်မှာသိမ်းရမယ်ဘာလုပ်ရမယ်ဆိုတာကို
စိမံခန့်ခွဲဖို့အတွက် Backend အပိုင်းကတော့
Firebase သို့ Laravel သို့ Nodejs တစ်ခုခုကို
လေ့လာပြီး အသုံးပြုရပါမယ်

Firebase ကတော့ Google ကနေထုတ်တာဖြစ်ပါတယ်
အလွယ်အသုံးပြုလို့ရတဲ့အရာများစွာပါသလို
Database နဲ Storage တစ်ခါတည်းပါဝင်ပါတယ်
Database ဆိုတာကတော့ အချက်အလက်
စာနဲ့သက်ဆိုင်တာတွေကိုသိမ်းဆည်းရာနေရာဖြစ်ပါတယ်
Storage ကတော့ File များကိုသိမ်းဆည်းဖို့ရာဖြစ်ပါတယ်
Firebase ကငွေအကုန်အကျများပါတယ်
မြန်မာပြည်ကလည်းဝယ်ယူရခက်ခဲ့ပါတယ်

Laravel ကတော့ PHP Language နဲ့
တည်ဆောက်ထားတဲ့ Framework တစ်ခုဖြစ်ပါတယ်
RestApi စနစ်ကိုအသုံးပြုပြိး App များအတွက်ပါ
အသုံးပြုနိုင်ပါတယ်
သူကိုသုံးဖို့ PHP Language အခြေခံလေ့လာရပါမယ်
သူကို Run ဖို့ VPS Hosting လိုပါမယ်
Database အတွက်က MySQL ကိုသုံးရပါမယ်
Firebase လိုအကုန်အကျမများဖို့အတွက်
အသုံးပြုကြပါတယ်

NodeJs ကတော့ JavaScript Library တစ်ခုဖြစ်ပါတယ်
RestApi စနစ်ကိုအသုံးပြုပြိး App များအတွက်ပါ
အသုံးပြုနိုင်ပါတယ်
သူကို Run ဖို့ VPS Hosting လိုပါမယ်
Database အတွက်က MongoDB ကိုသုံးရပါမယ်
MySQL လည်းသုံးရပေမယ့်
MongoDB ကိုသာအသုံးပြုဖို့အကြံပေးပါတယ်
VPS ရဲ့ CPU အစားကြမ်းပါတယ်
Socket တွေကိုအသုံးပြုပြိး
Chat App တွေလို Realtime အနေနံ့ရေးလို့ရပါတယ်
Realtime ကတော့ Refresh လုပ်စရာမလိုပဲ
Data တွေအလိုလိုချိန်းပါတယ်
အလွန်မြန်တဲ့အတွပ်အသုံးပြုကြပါတယ်

အဲ့‌တော့လေ့လာရမယ့်တွဲဖက်တွေက‌တော့
Dart + Flutter + Firebase
Dart + Flutter + PHP + Laravel + MySQL + VPS
Dart + Flutter + Nodejs + MongoDB + VPS
ဒိသုံးမျိုးထဲကတစ်မျိုးကိုအသုံးပြုတတ်ရင်
အလုပ်လုပ်နိုင်ပါပြီ

17/12/2022

VPS နဲ့ Shared Hosting or Web Hosting
ကဘာတွေကွာတာလဲ?

VPS အကြောင်းမသိရင်ဒီကနေသွားဖတ်ပါ
https://m.facebook.com/story.php?story_fbid=490434613188609&id=100066662222457&mibextid=Nif5oz

VPS ဆိုတာကကျွန်တော်ပြောသလိုပဲ
Computer တစ်လုံးကိုငှားပြီး စိတ်ကြိုက်
Host လွင့်အသုံးပြုလို့ရတာမျိုး
Website တွေကို Run နိုင်သလို
တစ်ခြားသော Computer ကိုလုပ်ဆောင်နိုင်တာမှန်သမျှ
လုပ်ဆောင်နိုင်ပါတယ်

အဲ့တော့ Shared Hosting ဆိုတာကတော့
Website တွေကိုပဲ Host လုပ်နိုင်တာမျိုးပါ
ပြောရရင် Shared Hosting လုပ်ပေးနိုင်တဲ့
System တစ်ခုလုံးကို VPS ကနေတင်ပြီး
Run ထားတာပါ

Shared Hosting လုပ်စားနေတဲ့သူတွေကလည်း
VPS မှာ Web Hosting လုပ်နိုင်တဲ့
Panel တစ်ခုလုံးကို Run ထားပြီး
လစဉ်ကြေးနဲ့ပြန်ရောင်းတာပါ
ဒီတော့ အခကြေးငွေကပေးရတာနဲ့မတန်နေသလို
လူအများသုံးရင်လည်း ပြသနာရှိပါတယ်
Website တွေနှေးကွေးတာတွေ မနိင်တာတွေ
Bandwidth ပြသနာတွေဖြစ်ပါတယ်
RAM CPU Storage တွေကအစ
ကိုယ်လိုသလောက်သုံးဖို့မရပါဘူး

အဲ့တော့ Shared Hosting ကိုအသုံးပြုနေမယ့်အစား
VPS ကိုသာအသုံးပြုပါ
ပြိးမှကိုယ်တိုင် Website တွေကို Host ပြန်လွင့်ပါ

ဒါဆိုရင်တော့ ဘယ်လောက်ထိကွာဟနေလဲဆိုတာကို
သိလောက်ပြီထင်ပါတယ်

Page လေးကို Follow လုပ်ပြီးအားပေးနိုင်ပါတယ်ဗျ
Like and Share ပြီး Support လုပ်ပေးနိုင်ပါတယ်ဗျ

Thant Htet

Want your business to be the top-listed Computer & Electronics Service in Taunggyi?
Click here to claim your Sponsored Listing.

Telephone

Address


Taunggyi