MONI

MONI

Share

05/03/2026

အခုလို မတည်ငြိမ်တဲ့ကာလမှာ ငွေသားကိုင်ထားရင်လဲ ငွေကြေးဖောင်းပွမှုဖြစ်တယ်၊ ‌ဘဏ်ထဲမှာထားရင်လဲ လိုသလောက်ပြန်ထုတ်ဖို့ အဆင်မပြေဘူး၊ ရွှေဝယ်စုရအောင်လဲ ရွှေဈေးကအဆမတန်မြင့်တက်နေတယ်၊ မြေဝယ်ထားဖို့ကလဲ အရှုပ်အရှင်းကင်းတဲ့မြေဆိုရင်ဈေးအရမ်းများတယ်၊ နိုင်ငံခြားငွေကိုင်ဖို့ဆိုရင် အဲ့နိုင်ငံရဲ့ငွေကြေးဖောင်းပွမှုနှုန်းလဲရှိနေတယ် ဆိုတဲ့ ဒီလိုအခက်အခဲအကြပ်တည်းများပြားတဲ့ကာလမှာ မိမိရဲ့ ငွေကြေးပိုင်ဆိုင်မှုဟာငွေသားကနေ "ပစ္စည်း" (Physical Assets) အဖြစ် ပြောင်းလဲထားတာက risk အနည်းဆုံးဖြစ်တယ်။

ငွေကြေးဖြစ်လွယ်တဲ့ကုန်ပစ္စည်းတွေဝယ်ထားရင်‌ ငွေကြေးဖောင်းပွချိန်မှာ ငွေတန်ဖိုးကျပေမဲ့ ပစ္စည်းတန်ဖိုးက တက်ပါတယ်။ အခြေခံလိုအပ်ချက်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲ စတဲ့ နှစ်ရှည်ခံစားသောက်ကုန်တွေ၊ အိမ်သုတ်ဆေး၊ ဘိလပ်‌မြေ၊ အုတ်၊ သံထည် စတဲ့ အိမ်ဆောက်ပစ္စည်းတွေကို လက်ကားဈေးနဲ့ ဝယ်စုထားတာဟာ ငွေကို ဘဏ်ထဲထည့်ထားတာထက် ပိုစိတ်ချရပါတယ်။ (မီးဘေးနဲ့ သခိုးရန်ကာကွယ်နိုင်ဖို့တော့ သေချာစဉ်းစားရမှာပေါ့)

ရွှေဈေးက အရမ်းမြင့်နေရင် ငွေဒင်္ဂါး (Silver)၊ ဆိုလာပြား (Solar Panels) နဲ့ အင်ဗာတာ စတဲ့ စွမ်းအင်သုံးပစ္စည်းတွေကို ထည့်သွင်း စဉ်းစားကြည့်ပါ။ ဒါတွေက အခုခေတ်မှာ မရှိမဖြစ်လိုအပ်ချက် (Essential) ဖြစ်လို့ ပြန်ရောင်းရင်လည်း ဈေးမကျသလို၊ ကိုယ်တိုင်လည်း အသုံးတည့်ပါတယ်။

နောက်တစ်ခုအနေနဲ့က‌တော့ the best investment is self investment ပါ။ အခြေအနေဆိုးလို့ နေရာရွှေ့ပြောင်းရရင်တောင် ကိုယ့်ခေါင်းထဲက ပညာက ဘယ်မှမပါသွားပါဘူး။ ကိုယ်စိတ်ဝင်စားတဲ့ဘာသာရပ်တစ်ခုခုမှာ လက်မှတ်ရအောင်လေ့လာထားတာမျိုး၊ ကိုယ့်လက်တွေ့မှာပြန်သုံးလို့ရမဲ့ သင်တန်းတွေတက်ထားတာမျိုး၊ လက်မှုပညာတွေ၊ ပြုပြင်ရေးအတတ်ပညာတွေ ဒါမှမဟုတ် ဘာသာစကားတစ်ခုခုကို တတ်မြောက်ထားခြင်းက ဘယ်ခေတ်မှာမဆို ဝင်ငွေရှာပေးနိုင်တဲ့ "ရှင်သန်ခြင်းလက်နက်" ပါပဲ။

အကျဉ်းချုပ်အနေနဲ့ပြောရရင် အခုလိုကာလမှာ "အမြတ်အများကြီးရဖို့ထက်၊ အရင်းမပြုတ်ဖို့က အဓိကပါ" ဒီအချိန်မှာ စီးပွားရေးလုပ်မယ်ဆိုရင် အကြွေးရောင်းစနစ် နဲ့မလုပ်ပါနဲ့။ လက်ငင်းငွေချေစနစ်ကပိုအဆင်ပြေပါတယ်။ ငွေအားလုံးကို တစ်နေရာတည်းမှာ စုမထားဘဲ အပိုင်းအစလေးတွေခွဲပြီး ပစ္စည်းအဖြစ် ပြောင်းလဲစုဆောင်းပါ။

"သင်ကော... အခုလိုကာလမှာ ကိုယ့်ရဲ့စုဆောင်းငွေတွေကို ဘယ်လိုနည်းလမ်းနဲ့ ကာကွယ်နေသလဲ? Comment မှာ တခြားသူတွေအတွက် ဗဟုသုတအဖြစ် မျှဝေပေးခဲ့ပါဦး။"

22/02/2026

ငွေကြေးဆိုင်ရာ အသိပညာ (Financial Literacy) ရှိခြင်းဖြင့် မိမိ၏ လူမှုစီးပွားဘဝကို ပိုမိုခိုင်မာစေပြီး အနာဂတ်အတွက် စိတ်အေးရစေပါတယ်။ မဖြစ်မနေ သိထားသင့်သည့် အချက်တွေကတော့ .......

၁။ ၅၀-၃၀-၂၀ စည်းမျဉ်းဖြင့် အသုံးစရိတ်ခွဲဝေခြင်း။

ငွေကို စနစ်တကျသုံးစွဲရန်အတွက် မိမိ၏ လစဉ်ဝင်ငွေကို အောက်ပါအတိုင်း ခွဲဝေသုံးစွဲသင့်တယ်လို့ ကျွမ်းကျင်သူများက အကြံပြုထားပါတယ်။

📊 ၅၀ ရာခိုင်နှုန်းက (လိုအပ်ချက်များ): ဥပမာ - အိမ်လခ၊ မီးဖိုချောင်စရိတ်၊ မီတာခ၊ ကျန်းမာရေးနှင့် သွားလာစရိတ်စတဲ့ မရှိမဖြစ် ကိစ္စများအတွက် သုံးပါ။

📊 ၃၀ ရာခိုင်နှုန်းက (လိုအင်ဆန္ဒများ): အပန်းဖြေခြင်း၊ အပြင်စာစားခြင်းနှင့် မိမိနှစ်သက်သည့် ဝါသနာများအတွက် သုံးပါ။

📊 ကျန်တဲ့၂၀ ရာခိုင်နှုန်းက (စုဆောင်းခြင်းနှင့် အကြွေးဆပ်ခြင်း): ဒါဟာ အနာဂတ်အတွက် စုဆောင်းငွေ သို့မဟုတ် အကြွေးဟောင်းများ ဆပ်ရန်အတွက် သီးသန့်ဖယ်ထားပါ။

၂။ အရေးပေါ်ရန်ပုံငွေ (Emergency Fund) တည်ဆောက်ခြင်း

မထင်မှတ်ထားသော အလုပ်အကိုင် အခက်အခဲ သို့မဟုတ် ကျန်းမာရေးကိစ္စများ ပေါ်ပေါက်လာပါက အကြွေးမတင်စေရန် အရေးပေါ်ရန်ပုံငွေ ရှိထားရပါမည်။ ပုံမှန်အားဖြင့် မိမိ၏ (၁) လစာအသုံးစရိတ်ရဲ့ ၃ ဆ မှ ၆ ဆ အထိကို အလွယ်တကူ ထုတ်ယူနိုင်သော နေရာတွင် စုဆောင်းထားသင့်ပါတယ်။

၃။ ဆင့်ပွားအတိုး (Compound Interest) ၏ စွမ်းအား

ငွေကို စောစီးစွာ စုဆောင်းရင်းနှီးမြှုပ်နှံခြင်းဖြင့် ဆင့်ပွားအတိုးကြောင့် ရေရှည်တွင် အဆမတန် တိုးပွားလာနိုင်ပါသလို နှစ်စဉ် ငွေကြေးဖောင်းပွမှုကိုလဲ ကာကွယ်သလို ဖြစ်သွားတယ်။

၄။ ပိုင်ဆိုင်မှု (Asset) နှင့် ပေးရန်တာဝန် (Liability) ကို ခွဲခြားခြင်း

💸ပိုင်ဆိုင်မှု (Asset): သင့်အိတ်ကပ်ထဲသို့ ငွေဝင်အောင် ပြုလုပ်ပေးသည့်အရာများ (ဥပမာ - ရင်းနှီးမြှုပ်နှံမှုများ၊ အငှားချထားသော အိမ်ခြံမြေ၊ ရှယ်ယာများ)။

🧾ပေးရန်တာဝန် (Liability): သင့်အိတ်ကပ်ထဲမှ ငွေကို ထွက်သွားစေသည့်အရာများ (ဥပမာ - အတိုးနှုန်းမြင့်သော ချေးငွေများ၊ ပြန်လည်ရောင်းချလျှင် တန်ဖိုးမရှိတော့သော အသုံးအဆောင်များ)။

💡အနှစ်ချုပ် အကြံပြုချက် အနေနဲ့ ဝင်ငွေရလျှင် ရရချင်း အရင်ဆုံး (၂၀ ရာခိုင်နှုန်း) ကို ဖယ်ထုတ်စုဆောင်းပြီးမှ ကျန်သည့်ငွေကို သုံးစွဲသည့် အလေ့အကျင့်ကို စတင်ကြည့်ပါ။ ဒီလိုစတင်ခြင်းဖြင့် သင့်ရဲ့ငွေကြေးအခြေနေကောင်းမွန်လာနိုင်စေပါတယ်။

အသေးစိတ်ဆွေးနွေးလိုသော အကြောင်းအရာများရှိပါက comment သို့မဟုတ် chat box တွင်စာချန်ထားနိုင်ပါတယ်။

11/02/2026

လာမဲ့ valentine day မှာ Financial Training for couples တွေအတွက် သင်တန်းထဲမှာဘာလေးတွေ သိရမလဲဆိုတော့

✨အခုလို တိုးတက်နေတဲ့ခေတ်ကြီးမှာ နှစ်ဦးသားအနာဂတ်မိသားစုတည်ဆောက်ဖို့အတွက် စိတ်ကူးယဉ်ကနေ လက်တွေ့အဖြစ် ပြောင်းလဲပေးနိုင်တဲ့အချက်တွေ

✨ကူးပြောင်းကာလအခိုက်အတန့်ကနေစပြီး နှစ်ယောက်အတူဘယ်လို စုဆောင်းပြီး ရင်းနှီးမြှပ်နှံရမလဲဆိုတဲ့အကြောင်းတွေ

✨ပိုက်ဆံကြောင့် စကားများတတ်သည့်အခက်အခဲကနေ အတူတူဖြေရှင်းနိုင်တဲ့နည်းလမ်းတွေ

✨နောက်ဆုံး နှစ်ဖက်မိဘနဲ့ ရေရှည် ငွေကြေးအသုံးစရိတ်နဲ့ ပတ်သက်ပြီး လက်တွေ့ကျကျအဆင်ပြေနိုင်တဲ့နည်းလမ်းတွေကို

အပြန်အလှန်ဆွေးနွေးသွားမှာဖြစ်တဲ့အတွက် စိတ်ဝင်စားရင် messenger မှတဆင့် စာရင်းပေးသွင်းနိုင်ပါတယ်ရှင့်

ဒီသင်တန်းက ဒီမှာတင်ရပ်သွားတာမဟုတ်ပဲ နောက်ပိုင်း လက်တွေ့ကျကျ ဖြစ်လာအောင် financial coaching session လေးတွေပါ ပါဝင်ပါတယ်ရှင့်

10/02/2026

ဒီည Self-Awerness Workshop ကိုလာတက်ရောက်တဲ့ တစ်ဦးတစ်ယောက်ချင်းစီကို ‌ကျေးဇူးအများကြီးတင်ပါတယ်ရှင့် ✨🥰

မနက်ဖြန်ည 6 နာရီမှာ ပြန်ဆုံပါမယ်။

09/02/2026

အချစ်နဲ့ ငွေကြေးနဲ့ နှိုင်းယှဉ်လာရင်နှစ်ခုစလုံးက အရေးကြီးနေတဲ့ခေတ်မှာ .....
ပန်းစည်းတွေ၊ ချောကလက်တွေထက် ပိုမိုခိုင်မာတဲ့ အနာဂတ်ကို တူတူတည်ဆောက်ဖို့ စိတ်‌ကူးနဲ့ လက်တွေ့အကောင်အထည်ဖော်နိုင်ရန် ချစ်ခြင်းမေတ္တာက အရေးကြီးသလိုပဲ ငွေကြေးဆိုင်ရာ နားလည်မှုရှိခြင်းကလည်း သာယာပျော်ရွှင်တဲ့ မိသားစုဘဝအတွက် အခြေခံအုတ်မြစ်ဖြစ်တယ်။

ဒီ Financial Training for Couples အစီအစဉ်လေးမှာ...
ဘာတွေလေ့လာခွင့်ရမလဲ?
✨ နှစ်ဦးကြား ငွေကြေးပန်းတိုင်တွေကို ဘယ်လိုညှိနှိုင်းသတ်မှတ်မလဲ။
✨ နှစ်ယောက်တူတူ စုဆောင်းမှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဘယ်လိုစတင်မလဲ။
✨ ငွေကြေးကြောင့်ဖြစ်တတ်တဲ့ အငြင်းပွားမှုတွေကို ဘယ်လိုကာကွယ် ဖြေရှင်းမလဲ။
✨ မိသားစုဝင်ငွေနဲ့ အသုံးစရိတ်ကို ပိုမိုစနစ်တကျ စီမံခန့်ခွဲတတ်လာစေဖို့။

ဘယ်သူတွေတက်ရောက်သင့်သလဲ?
✔️ မကြာခင် လက်ထပ်ဖို့ ပြင်ဆင်နေတဲ့ စုံတွဲများ။
✔️ အနာဂတ်အတွက် ငွေကြေးစုဆောင်းမှု စတင်ချင်တဲ့ အိမ်ထောင်သည် (သို့) စုံတွဲများ။
✔️ ငွေကြေးစီမံခန့်ခွဲမှုကို အခြေခံကစပြီး အတူတူလေ့လာချင်တဲ့ မည်သူမဆို။

🎓 သင်တန်းလမ်းညွှန်ပေးမည့်သူ
သင်တန်းကို သင်ကြားပြသပေးမည့်သူဟာ သင်ကြာရေးပိုင်းမှာ အတွေ့အကြုံ ၃နှစ် နှင့်အထက်ရှိပြီး စီးပွားရေးနှင့် ဘဏ္ဍာရေးနယ်ပယ်တွင် လုပ်သက် ၈နှစ် နှင့်အထက် အရည်ချင်းရှိသည့်အပြင် ကိုယ့်ကိုကိုယ်သိရှိခြင်းနှင့် မိမိ၏ကိုယ်ရည်ကိုယ်သွေးတိုးတက်အောင် လမ်းညွှန်ပေးနိုင်သည့်အတွက် စိတ်ချလက်ချ တက်ရောက်နိုင်ပါတယ်။
Tr. Paung
- B.A (History) (Pang Long University)
- EDBM Foundation Diploma (MESI University College)
- Diploma in Auditing and Taxation (Institute of commercial management - ICM)
- Candidate of MBA (Lincoln University)
- Certificate in John C. Maxwell book "The 15 invaluable law of growth" (Crescendo)
- Certificate in Leadership Development Bootcamp (Crescendo)
- Certificate in Self Awareness (TOT) Training (Pyin Nyar Foundation)

ဒီသင်တန်းပြီးတဲ့အခါမှာတော့ သင့်လက်တွဲ‌ဖော် နဲ့အတူ ငွေကြေးကိစ္စတွေကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးနိုင်လာပြီး၊ ပိုမိုခိုင်မာတဲ့ စိတ်ချရတဲ့ အနာဂတ်တစ်ခုကို ပုံဖော်နိုင်သွားမှာပါ။

📅 နေ့ရက်: 14-15 Feb 2026
⏰ အချိန်: ည (၇:၀၀) နာရီ မှ (၉:၀၀) နာရီအထိ
📍 နေရာ: Google Meet (Online)
📩 တက်ရောက်လိုသူများအနေဖြင့် Messenger ကနေတစ်ဆင့် အသေးစိတ် မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်။

Want your business to be the top-listed Beauty Salon in Taunggyi?
Click here to claim your Sponsored Listing.

Category

Website

Address


Taunggyi