Authentic TGI
29/11/2023
ဘီးရှယ်လေးတွေ
29/11/2023
မင်္ဂလာပါရှင်💗
Romeo bicycle & accessories shopကနေကြိုဆိုလိုက်ပါတယ်ရှင်။ 🚵🚴🚴♀️🚲
Brand new / ဂျပန်use ခလေး/လူကြီးစီး
အစုံရပါမယ်ရှင့်
၅နှစ် မှ ၁၀နှစ်
၁၂နှစ် မှ လူလတ်/လူကြီးပိုင်း စီးထိ ဒီဇိုင်းစုံ ဘီးစုံရှိပါမယ် ✌️✌️
လက်ကား ဝယ်ယူလိုသူများ Pg cbမှာ လာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်။🤗
👨💼လူကြီးမင်းတို့သိလိုသည်များကို admin team မှ အမြန်ဆုံးပြန်လည်ဖြေကြားပေးပါမယ်ရှင်🎉
Contact us : chat box or phone
09972860860
ဆိုင်( ၁)စဝ်စံထွန်းလမ်း၊မြို့မစျေး နာရီစင်အနီး၊
ဆိုင်(၂) မြောက်ကျောင်းလမ်း/ မြို့မရပ်ကွက် ကာယလေထိုးဆိုင်ဘေး
တောင်ကြီးမြို့။ ကိုယ်တိုင်လာရောက် အားပေးလို့ရတယ်နော်၊ နယ်ဝေး လဲကားဂိတ်ကနေတဆင့် ပို့ပေးနေပါသည်။ Like & share လေးလဲလုပ်ပေးကြပါအုံး Thank You🥰!
30/03/2021
အခုလို နိုင်ငံရေး မငြိမ်သတ်ချိန်မှာ "Emergency Bag" အဆင်သင့်ပြင်ထားပါ။
၁) မှတ်ပုံတင်များ
၂) သန်းခေါင်စာရင်း
၃) အိမ်စာချုပ် (သို့) အရေးကြီးစာရွက်စာတမ်းများ
၄) အဖိုးတန်လက်ဝတ်လက်စားများ၊
၅) ငွေများ၊ ဘဏ်စာအုပ်များ၊
(၆) မိသားစု အားလုံးရဲ့ အဝတ် (၂စုံ)စီ
(၇)ဆေးစာအုပ်
(၈) မိသားစုအတွက် မပါမဖြစ်ပါရမယ့် ဆေးဝါးတွေပါ အပိုထည့်ထား၊ ဥပမာ - ပန်းနာရင်ကျပ်သမား၊ TB သမား၊ ကင်ဆာရောဂါသည် တို့ရဲ့ဆေးတွေကိုပြောတာပါ။ ဘိုင်အိုဂျက်ဆစ်တို့၊ ပါရာဆီတမောတို့ ရှူဆေး၊ပလာစတာ၊ဒဏ်ရာထည့်တဲ့ဆေး၊ပတ်တီး၊ကတ်ကြေး
(၉) လက်သန့်ဆေးဆေးရည် Mask
(၁၀) Daily pads ၊tissues ၊ wet tissues
(၁၁)တာရှည်ခံမုန့်ခြောက်၊ခေါက်ဆွဲခြောက်၊ရေ၊ရေသန့်ဆေးရည်
(၁၂)ဓာတ်မီး၊ဓာတ်ခဲ၊၊ဖယောင်းတိုင်၊မီးခြစ်
(၁၃)ဖုန်းအားသွင်းကြိုး၊power bank
(၁၄)ခြေအိတ် (ဖိနပ်မရှိတော့ရင်တောင်ခြေအိတ်နဲ့ဆို ဒဏ်ရာရနည်းန်ုင်သေးပါတယ်)
(၁၅)မောင်းချဓား၊ကတ်ကြေး(အနည်းဆုံးကိုယ့်ကိုကိုယ်ကာကွယ်နိုင်ဖို့ရယ်၊ပိတ်မိနေရင် တစ်ခုခုအသုံးဝင်နိုင်ပါတယ်
(၁၆)မိုးကာ(နေရာထိုင်ခင်းအတွက်)
(၁၇)ရဒေီယျို
(၁၈) whistle
အရမ်းအလေးကြီး မထည့်ပါနဲ့၊ မနိုင်ရင် လူကော ပစ္စည်းရော အန္တရယ်များပါတယ်
လွယ်အိတ်or cross body bag နဲ့ထည့်တာအကောင်းဆုံးပါ။
Crd
21/02/2021
အကယ်၍လှုပ်ရှားမှုတွေမှာ ပစ်ခတ်မှုဖြစ်လာပြီဆိုရင်_သေနတ်သံကြားတာနဲ့ဘေးအန္တရာယ်ကင်းစေရန်လုပ်ဆောင်ရမည့်အချက်များ
🙏 🙏 🙏 🙏 🙏 🙏 🙏 🙏 🙏 🙏 🙏 🙏 🙏 🙏
၁။ ဘယ်ကပစ်တာလဲဆိုတာမစူးစမ်းပါနဲ့ ....
မတ်တပ်ရပ်ပြီး ပစ်နေပြီလား ???
တစ်ကယ်လား??? ဆိုပြီး စူးစမ်းချင်စိတ်နဲ့ လိုက်မကြည့်ပါနဲ့။
အသံကြားတာနဲ့ Platform, ဓာတ်တိုင်စသည့် တစ်ခုခုနှင့်နီးစပ်ရာမှာရှိသူသည် *အရင်ဆုံး* ထိုင်ချလိုက်ပါ။
(ရှေ့တန်းမှာစစ်ကြောင်းနဲ့သွားနေရင်း သေနတ်သံကြားတာနဲ့ ထောက်၊လှိမ့်၊မှောက်လို့သင်ကြရတာပါ။
၂။ အကာကွယ်မရှိဘဲ လမ်းမပေါ်မှာရောက်နေသူသည် သေနတ်သံကြားတာနဲ့ မှောက်ချပါ။
မှောက်တဲ့အခါ ကတ္တရာလမ်းနဲ့ မိမိရင်ဘက်နဲ့မထိစေဘဲ ချက်ချင်းပြန်ထလို့ရအောင် လက်နှစ်ကိုအောက်မှာထောက်ထားပြီးမှောက်ပါ။
၃။ ၁ နဲ့ ၂ မှာ ပြောခဲ့သလိုထိုင်ချ မှောက်ပြီး ငြိမ်မနေရပါဘူး, မှောက်ပြီးသူသည် ထိုနေရာမှ အမြန်ဆုံးထွက်ခွာပြေးရမှာကို စိတ်ထဲအမြဲမှတ်ထားပါ။
ထိုင်တဲ့သူသည်လည်း ထိုနေရာမှ အမြန်ဆုံးထွက်ခွာပြေးရပါမယ်။
#ဘယ်လိုပြေးမလဲ?
> ကိုယ်နှိမ့် ခါးချိုးပြေးရပါမယ်။
> ခန္ဓာကိုယ်ကို အတတ်နိုင်ဆုံးကျုံ့ပါ ။
(ထိုသို့ကျုံ့ခြင်းအားဖြင့် ပစ်ခတ်သူအဖို့ ပစ်မှတ်သေးသွားသည့်အတွက် ထိခိုက်စေရန်သိပ်မလွယ်ကူတော့ပါဘူး။)
> ခါးကိုအရှေ့ကိုချိုးထားပါ။
> ပြေးပါ။ (လုံခြုံတဲ့အကာကွယ်ရောက်သည်အထိ)
> လုံခြုံတဲ့အကွယ်တစ်ခုရမှသာ မှတ်တမ်းတင်တာလုပ်ပါ။
#နီးစပ်ရာအိမ်_တိုက်တွေထဲဝင်ပြေးပါ။
#အဓိကကအသက်ပါ။
(မိမိအသက်ရှင်သေးရင် နောက်ဘာမဆိုထပ်လုပ်လို့ရပါတယ်။)
ဒီ (၃) ချက်သည်သာ ထိခိုက်မှုနည်းစေမှာပါ
ကိုယ်နှိမ့်_ခါးချိုး_အသံကြားတာနဲ့ ကြောင်မသွားနဲ့ ရပ်မနေနဲ့..
Crd;
#သေနတ်ဒဏ်ရာအရေးပေါ်ပြုစုနည်း
🙏 🙏 🙏 🙏 🙏 🙏 🙏 🙏 🙏 🙏
၁။ အဝတ်စအရှည် ဆောင်ထားပါ။
အဝတ်ကို ကျပ်နေအောင်စည်းပေးပါ။
ပေါင်ရင်း / ဒူးပေါ် လက်ရင်း / လက်မောင်း မှာကျပ်နေအောင်စည်းပေးပါ။
(သွေးထွက်မလွန်စေရန်နဲ့
ကျည်ခဲများခန္ဓာကိုယ်တွင်းမပြန့်စေရန်ဖြစ်ပါသည်)
၂။ ထိုလူနာကို ၂နာရီ အတွင်းနီးစပ်ရာ ဆေးခန်းပို့ပေးပါ။
(၂နာရီ အထက္မထားရပါ)
၃။ #ပွင့်ထွက်အနာများအတွက်
အနာကို အကျီစများ ဂွင်းစ အဝတ်များဖြင့် (မသန့်လဲရပါတယ်. အဓိကက ကျည်ဆံ ယမ်းအဆိပ်များ ခန္ဓာကိုယ်တလျှောက် မပြန့်ရန်ဖြစ်သည်)
ကျည်မှန်ရာ အဝကို ဖိပေးပါ။
လေမဝင်ပါစေနဲ့။
အပေါက်ဖြစ်တဲ့နေရာကို ၃ မိနစ် - ဖိအားများများနဲ့ဖိပေးပါ။
တတ်နိုင်သလောက် ဖိထားပေးပါ။
သွေးတိတ်တဲ့အထိ ဖိထားပေးပါ။
ထိုနောက် အထက်အောက် ကြိုးဖြင့်စည်းပေးပါ။
၄။ ်ဘတ်ပွင့်လူနာအတွက်
ပလပ်စတစ်အိတ် သို့မဟုတ် တိတ်ဖြင့် ပိတ်လိုက်ပါ။
ခန္ဓာကိုယ်ထဲ အပြင်လေမဝင်ပါစေနဲ့။
(အပြင်လေဝင်ရင် အသက်အန္တရယ် စိုးရိမ်ရပါတယ်)
ထိုနောက် သွေးခုန်နှုန်းတိုင်းပေးပြီး လူနာကိုဘေးကင်းရာရွေ့ပေးပါ။
#လူနာရဲ့ခန္ဓာကိုယ်အပူအချိန် မမျှဖြစ်လာရင် စောင်နဲ့ ခန္ဓာတစ်ခုလုံးပတ်ပေးပါ။
(ဖြစ်နိုင်ရင်အကျီတွေ အကုန်ချွတ်ပြီး စောင်နဲ့သာ ထုပ်ထားပေးပါ)
၃။ ျားအတွက် (ဦးနှောဏ်ပွင့်)
ပွင့်ထွက်နေရာကို အဝတ်စနဲ့ အပြည့်သိပ်ပေးပါ။
လေမဝင်ပါစေနဲ့။
မကြောက်ပါနဲ့။
အသက်ကို ကယ်နိုင်သလောက်ကယ်ပေးပါ။
ထို့နောက် ဦးခေါင်းပွင့်သူရဲ့ပါးစပ်ကို တတ်နိုင်သလောက် အောက်စီဂျင်ရအောင် ကူညီပေးပါ။
(gender မခွဲပါနဲ့ အသက်က အဓိကပါ)
သွေးများကို မစို့တပို့ မသုပ်ပါနဲ့။
အဝတ်စနဲ့ အပြည့်ထည့်ပေးပါ။
ဦးနှောက်ပွင့် or ဦးခေါင်းပွင့် ကောင်လေးကို အကျီစများနဲ့ ပြည့်သိပ်အောင်ထည့်နိုင်ရင် နှလုံးခုန်နေသေးရင် အသက်ကယ်နိုင်ပါတယ်။
head injury ကို မေးသိုင်းကြိုးချည်ပုံစံ ပတ်တီးမစီးပါနဲ့
ခေါင်းပေါင်းပုံပဲ စည်းပေးပါ။
#လက်_ပေါင်_ကျည်ထိလူနာအား
အဖြတ်ခံမထိအောင် အနာ အပေါ်နဲ့အောက် ၃ လက်မ ကွာကျပ်ထုပ်စည်းပေးပါ။
ယမ်းက သွေးထဲပြန့်ရင် သေနိုင်ပါတယ်။
(အမ SoeMyat Tin ထံမှ ကူးယူဖော်ပြပါသည်)
*** #စစ်တပ်နဲ့_ရဲ_ပူးပေါင်းလိုက်တဲ့နေရာမျိုးဆိုစရှောင်ထွက်ပါ **** (credit)
တစ်နေရာရာရောက်တာနဲ့ ပတ်ဝန်းကျင် အရိပ်အခြေတွေ Vantage Point တွေ Escape Route တွေ ကြည့်ထားကြပါ
အန္တရာယ်ကင်းကြပါစေ
(ကျောပိုးအိတ်ထဲ အဝတ်ပို, ပလတ်စတစ်အလိပ်တွေ, တိတ်အလိပ်တွေ ထည့်သွားကြပါ - ဝိတ်သိပ်မရှိပါ)
နောက်ထပ်အပြစ်မဲ့သူ မည်သူမှအသက်မဆုံးရှုံးစေချင်
တော့ပါ
— at Kyaw Swar-Peter FX Daily Blog.
Click here to claim your Sponsored Listing.
Category
Website
Address
Taunggyi