Life Insurance Shan State
01/02/2022
AIA မှ သင်နဲ့သင့်မိသားစု ကျန်းမာရေး စိတ်အေးစေဖို့တာဝန်ယူပေးမယ့်
1. မွေးစ ရက်၃၀ မှ အသက် ၈၀ထိ နှစ်ရှည်ကျန်းမာရေးအကာအကွယ်ပေးခြင်း။
2. ဆေးရုံတက်ရက်အနည်းဆုံးတရက်မှစ၍ ဆေးရုံ တွင်းကုန်ကျစရိတ် များအပြင် မတက်ခင် အထူးကုဆရာဝန်ဖြင့်ပြသခြင်း၊ ဆေးစစ်ခြင်း စသည်ဖြင့် ဆေးရုံတက်ခြင်းနှင့်ဆက်နွယ်သော ကုန်ကျစရိတ်များ ကို ကျခံပေးခြင်း။
3. နေ့တပိုင်းခွဲစိတ်မှူများ၊အရေးပေါ် မတော်တဆ ထိခိုက်မှူများ ၊ကျောက်ကပ်ဆေးခြင်း၊ ကင်ဆာဆေးသွင်းခြင်း များအတွက် ဆေးရုံ ဆေးခန်းစရိတ် ကျခံပေးခြင်း။
4. ပြည်တွင်းဆေးရုံ သာမက ပြည်ပဆေးရုံ များပါ စိတ်ကြိုက် ရွေးချယ်ပြီး ကျန်းမာရေးစောက်ရှောက်မှူ ခံနိုင်ခြင်း
5. မတော်တဆ သေဆုံးမှူအတွက် အသက်အာမခံ ပါရှိခြင်း
6. ကျန်းမာခြင်း ဆုလာဘ် အဖြစ် နှစ်စဥ် ပရီမီယံကြေး လျော့ပေါ့ ပေးသွင်းခွင့်ရှိခြင်း
7. ပြည်တွင်းပြည်ပ ဆေးရုံ စရိတ်များကို ဆေးရုံနှင့် AIA တိုက်ရိုက်ချိတ်ဆက်ပြီး ပေးချေနိုင်ခြင်း(Cashless Claim)
မိသားစုလုံခြုံဖို့က အရေးကြီးပါတယ်။
သင်နဲ့ သင်ချစ်ရသူတွေအတွက် ကျန်းမာရေးနဲ့ပတ်သက်ပြီး အလိုအပ်ဆုံးအချိန်မှာ ငွေကြေးအကာအကွယ်အကျိုးခံစားခွင့်ကို AIA One Health Solutions က ပေးအပ်သွားမှာပါ။
AIA One Health Solutions နဲ့ သင့်မိသားစု အနာဂတ် အတွက် ပူပင်သောကမရှိရအောင် စီမံပေးပါရစေ။
တန်ဖိုးထားချစ်ခင်ရတဲ့ သင့်မိသားစုနဲ့ သင့်ရဲ့ ကျန်းမာရေး အတွက် နောင်ရေး ပူပန်သောကမရောက်ရအောင်
အသက် ၈၀ ထိတာဝန်ယူပေးမယ့် AIA ရဲ့ ကိုယ်ပိုင်ကျန်းမာရေးအာမခံ One Health Solution ကို စတင်ရောင်းချပေးနေပါပြီ။
အသေးစိတ် သိလိုပါက အချိန်မရွေး မေးမြန်းစုံစမ်းနိုင်ပါတယ်။
ကျွန်တော် ကတော့ AIA Myanmar က လိုင်စင်ရ အေးဂျင့် တယောက်ဖြစ်ပါတယ်။
Sai Nay Aung Htun
IA(N)LI 01809
သိချင်တာလေး ရှိရင် ဖုန်း 09400625554 (သို့) Messenger မှတဆင့် မေးနိုင်ပါတယ်။
26/07/2021
လူတော်တော်များများအစွဲမှားနေတဲ့ အချက်ကလေးကိုအသိပညာပေး
ချင်လို့ပါ
Dexamethsone ဆိုတဲ့ဆေးအကြောင်းပါပဲ
COVID မှာ Dexamethasone ဆိုတဲ့ဆေးကဘယ်လိုလုပ် ဘုရားဆေး နတ်ဆေးဖြစ်လာမှန်းတော့ ကျွန်တော်လည်းအတိအကျ မသိ....
ဒီဆေးကိုသုံးရတဲ့ ရည်ရွယ်ချက်က RECOVERY Trial လို့ခေါ်တဲ့ COVID patient တွေ အများအပြားကိုစမ်းသပ်ပြီးမှ ပေါ်လာတဲ့ ထိရောက်တဲ့ အချက်အလက်တွေကို သိပ္ပံနည်းကျတွက်ချက်ပြီးမှ ရလာတဲ့ ရလဒ်ပေါ်အခြေခံပြီးမှ တတ်ကျွမ်းတဲ့ ဆရာဝန်တွေ ဆေးဝန်ထမ်းတွေသုံးကြတာပါ
အသေးစိတ်ကလေးနည်းနည်းပြောပြပါမယ်
🌟အလွန်းဆိုးရွားသောအရေးပေါ်လူနာဖြစ်ရပါမယ်
🌟အရေးပေါ်လူနာသည် အောက်ဆီဂျင် (သို့) အသက်ရှူစက်တပ်ထားရပါမယ်
🌟ပေးရမယ့်အချိန်ကလည်း ရောဂါ လက္ခဏာ စပြပြီး ၇ ရက်အတွင်းမှသာပေးလျှင်ပိုကောင်းပါတယ်
🌟ချွင်းချက်အနေနဲ့ ရောဂါ လက္ခဏာ ၇ ရက်အတွင်းမဟုတ်သော်လည်း အရေးပေါ်လူနာသည် အောက်ဆီဂျင် ရှူနေရပါက တတ်ကျွမ်းသော ဆရာဝန်ဆုံးဖြတ်ချက်နဲ့ အသုံးပြုလို့ရပါတယ်
ဘာလို့ ဒီဆေးကိုအဲ့လောက်တောင် သတိရှိရှိသုံးဖို့ပြောထားတာလည်းဆိုတာဒီနေရာမှာစဉ်းစားရမယ့်အချက်ပါ
ဒါကတော့ ဘေးထွက်ဆိုးကျိုးတွေပါပဲဗျာ......
☠️ ဆီးချိုအမှတ်တက်ခြင်း
☠️ထပ်မံ၍ရောဂါပိုးဝင်ရောက်နိုင်ခြင်း ( တပူပေါ် တပူဆင့်ပေါ့ဗျာ)
☠️သွေးပေါင်တက်ခြင်း
☠️ညဘက်အိပ်မပျော်ခြင်း
☠️ယာယီစိတ်ရောဂါဝေဒနာရခြင်း
☠️ကြွက်သားများအားအင်ချိနဲ့ခြင်း
ဒါတောင် ဘေးထွက်ဆိုးကျိုးတွေက မကုန်သေးပါဘူး အဖြစ်များတဲ့
လက္ခဏာ တွေကိုပြောတာပဲရှိပါသေးတယ်
ဒီထက်ထပ်ပြောရင် မိုးလင်း သွားနိုင်ပါတယ်
အဲ့တော့ ထပ်ပြောရပါဦးမယ်
Dexamethasone တစ်ခုပဲလား ဆိုတော့ မဟုတ်ပါဘူး
သူ့ရဲ့ မိသားစု ဝင်လေးတွေကိုလည်း ထည့်တွက်ရပါဦးမယ်
ဒီဆေးတွေကတော့......
Prednisolone
Methyprednisolone
Hydrocortisone ဒါတွေကလည်းအတူတူပါပဲဗျာ
ကျားမြှီးကိုမဆွဲခင် ကျားအကြောင်းသိအောင်လုပ်ရသလိုပဲ
ဆေးမသုံးခင် ဆေးအကြောင်းသိအောင်လုပ်သင့်ပါတယ်လို့ပြောရင်
အားလုံးအကျိုးအတွက် ဒီစာလေးရေးလိုက်ပါတယ်.....
အားလုံးပဲ ကျန်းမာကြပါစေ🙏🏻🙏🏻🙏🏻🙏🏻🙏🏻
Credit...Charity Clinic
29/12/2020
နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးတော့မယ်။ ဒီအချိန်မှာ နှစ်သစ်ကူးလက်တွေ အတွက် စဥ်းစားနေပါသလား။
Life insurance. ..Health insurance က ဦးစားပေး ရွေးချယ်သင့်ပါတယ်
သင်ချစ်တဲ့သူတွေအတွက် (သို့) သင်ကိုယ်တိုင် ဝယ်ယူလိုခြင်းအတွက် စိတ်ကူးထားတဲ့ ဆန္ဒတွေလည်း ရှိနေကောင်း ရှိနေပါလိမ့်မယ်။
ဟုတ်ပါတယ်။ နှစ်သစ်ဟာ မိမိကိုယ်ကို ပြန်လည်ပြင်ဆင်ရန် အားသစ်ယူရန် ကုသရန် အချိန်ကောင်းလည်း ဖြစ်ပါတယ်။
⠀
နှစ်ကူးလက်ဆောင်များအတွက် နောက်ဆုံးပေါ်ကိရိယာများ သို့မဟုတ် ဖက်ရှင်ပစ္စည်းများဟာ အဆင်သင့်သုံးနိုင် ပျော်ရွှင်မှုကို ပေးစွမ်းနိုင်သည်ဟု လူအများစုက ယူဆထားကြသော်လည်း ဒီအရာများဟာ နှစ်အနည်းငယ်အတွင်း စတိုင်ကျသွား ပျောက်ကွယ်သွားကြပါတယ်။
ဒီနှစ်မှာတော့ မတူကွဲပြားတဲ့ အရာတစ်ခုခုကို
စမ်းကြည့်ကြပါဦး။
ဘဝအာမခံ ကဲ့သို့သော (များသောအားဖြင့်) သင်မရဖူးခဲ့သော/ အခြားသူများလည်း မရဖူးခဲ့သော လက်ဆောင်ကို မိမိကိုယ်ကို (ဒါမှမဟုတ်) မိမိတို့ ချစ်တဲ့သူတွေကို ဘာကြောင့် မပေးဖြစ်ခဲ့ကြသလဲ။
⠀
ဒီလက်ဆောင်ဟာ နောက်ဆုံးပေါ် မိုဘိုင်းဖုန်းတွေလိုတော့ လူကြိုက်များသော ရွေးချယ်မှု မဖြစ်နိုင်ပါ။ သို့သော် နောက်ဆုံးပေါ်ကိရိယာများနှင့် မတူဘဲ အသက်အာမခံ အကာအကွယ် ဝယ်ယူခြင်းသည် သင့်အတွက်ရော သင့်မိသားစုအတွက်ရော သင်ချစ်ရသောသူတွေအတွက်ပါ ရေရှည်တွင် ပိုကောင်းစေပါတယ်။
ဒါဟာ သင်ချစ်တဲ့သူတွေအတွက်
တစ်သက်တာရဲ့ လက်ဆောင်တစ်ခု ဖြစ်ပါတယ်။
⠀
=== နှစ်သစ်ကူးလက်ဆောင်အဖြစ် သင့်ဘဝအာမခံကို ဘာကြောင့် ဝယ်ယူရတာလဲ။ === ⠀
⠀
ဒီအတွက် သင်တွေဝေနေပါက ရှေ့လာမယ့် နှစ်သစ်မှာ အသက်အာမခံ ၀ယ်ရန် အကြောင်းပြချက် အချို့ ရှိပါတယ်။
အသက်အာမခံဟာ ...
✅ ချစ်ရတဲ့မိသားစုရဲ့ နောင်ရေးငွေကြေးအကာအကွယ် အတွက်တစ်သက်တာ လက်ဆောင်တစ်ခု ဖြစ်ပါတယ်။
✅ သင်ထင်ထားတာထက် စျေးနှုန်းသက်သာပါတယ်။
✅ သင့်ကို စိတ်အေးချမ်းသာမှုတွေ
ပေးစွမ်းပါတယ်။
✅ ငွေကြေးစီမံခန့်ခွဲမှုစီမံကိန်းရဲ့ အရေးကြီးတဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။
✅ ခိုင်မာတဲ့ ငွေကြေးအမွေအနှစ်တစ်ခုအား ချန်ထားနိုင်ရန်အတွက် နည်းလမ်းကောင်းတစ်ခုလည်း ဖြစ်ပါတယ်။
နောက်နေ့မှာ ဘာဖြစ်မလဲဆိုတာကို မသိနိုင်တဲ့ လူ့ဘဝအတွက် လူတိုင်းမှာ ကြိုတင်စီစဉ်ထားခြင်းဆိုတာရှိဖို့ လိုအပ်ပါတယ်။ ရေရှည်အတွက် အစီအစဉ်ချထားတာဟာ ဘယ်တော့မှ မမှားပါဘူး။ အနာဂတ်ငွေကြေးအတွက် စိတ်အေးရစေဖို့နှင့် မိသားစုအပေါ် ထားရှိထားတဲ့ သင်တို့ရဲ့ အိပ်မက်တွေ ပျောက်ပျက်မသွားဖို့ ကူညီရင်းနှီးမြုပ်နှံပေးမယ့် ငွေပင်ငွေရင်း အသက်အာမခံပေါ်လစီကို ရွေးချယ်လိုက်တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပါတယ်။
__________________________________________
နှစ်သစ်မှာ သင်ရွေးချယ်လိုက်တဲ့
နှစ်ကူးလက်ဆောင်ဟာ
သင့်မိသားစုအနာဂတ်ကို လုံခြုံစေပါလိမ့်မယ်
__________________________________________
Credit ကျော်ကျော် (တောင်ငူ)
#ကျန်းမာရေးအာမခံ
21/11/2020
Universal Life Insurance
*************************
မြန်မာနိုင်ငံရဲ့ ပထမဆုံးသော Whole Life အမျိုးအစား ဖြစ်ပါတယ်။
ထူးခြားချက်တွေကတော့ Universal ဆိုတဲ့အတိုင်း လူတိုင်းအတွက် လိုက်လျောညီထွေဖြစ်စေမယ့် အာမခံ အမျိုးအစားဖြစ်ပါတယ်။
1. Protection & Benefit (အကာအကွယ်နှင့် ခံစားခွင့်များ)
***********************
သေဆုံးခြင်း / ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း ဖြစ်ခဲ့လျင် အာမခံအဆိုပြုလွှာပမာဏ (Sum Assured) အပြင် + ကိုယ်ထည့်ထားတဲ့ Premium ရဲ့ Account Value ကိုပါ ရရှိမှာဖြစ်ပါတယ်။
Cancer Benefits > ကင်ဆာဖြစ်လာခဲ့ရင် အဆိုပြုထားတဲ့ပမာဏ (Sum Assured) ရဲ့ ၂၅% ကို ဆေးကုသမှူ စရိတ်အဖြစ် ကြိုတင် ထုတ်ပေးပါမယ်။
ဆေးလိပ်မသောက်တတ်သူဆိုလို့ရှိရင် သေဆုံးတဲ့အချိန်မှာ အဆိုပြုထားတဲ့ပမာဏ (Sum Assured) ရဲ့ ၁၀% ကို အပို Bonus အဖြစ် ပေးမှာဖြစ်ပါတယ်။
2. Saving (စုဆောင်းငွေ)
**********
ကိုယ့်ရဲ့ Account Value အပေါ်မှာ လစဉ် အတိုးတွေကို တိုးရင်းပေါင်း ထည့်ပေါင်းပေးပါတယ်။ ဒါကြောင့် နှစ်ကြာလေ ကိုယ့်ရဲ့ Account Value က ကြီးပွါးလာလေ ပါ။
Loyalty Bonus လည်းခံစားရပါမယ်။ Premium ကို ပုံမှန် မပျက်မကွက် ပေးသွင်းရင် ၁၀ နှစ်မှာ တစ်ကြိမ်၊ နှစ် ၂၀ မှာ တစ်ကြိမ်၊ စုစုပေါင်း ၂ ကြိမ် Bonus ပေးပါမယ်။
အသက် ၁၀၀ ပြည့်ခဲ့ရင် Account Value အကုန်လုံး ပြန်ထုတ်ပေးပါမယ်။
3. Flexibility (လိုအပ်သလို အပြောင်းအလဲ လုပ်နိုင်ခြင်း)
************
ကိုယ်အဆိုပြုထားတဲ့ပမာဏ (Sum Assured) ကို တိုးခြင်း လျှော့ခြင်း လုပ်လို့ရပါတယ်။ ဘဝမှာ စီပွါးရေးကောင်းတဲ့အချိန်ရှိမယ်၊မကောင်းတဲ့အချိန်ရှိမယ်၊Protection များများ လိုတဲ့အချိန်ရှိမယ်၊ နည်းနည်းပဲ လိုတဲ့အချိန်ရှိမယ် စတာတွေပေါ်မူတည်ပြီး မိမိအဆင်ပြေသလို အတိုးအလျှော့ လုပ်လို့ရပါမယ်။
ကိုယ်အဆိုပြုထားချင်တဲ့ပမာဏ (Sum Assured) အပေါ်မှာလဲ Premium အနည်းဆုံး အများဆုံး သတ်မှတ်ထားတော့ ကိုယ်အဆင်ပြေတဲ့ Premium ပမာဏကို ရွေးချယ်ခွင့်ရှိနေပါသေးတယ်။
ကိုယ့် Account Value ထဲက ငွေတွေကို မိမိလိုအပ်တဲ့အချိန် ၈၀% အထိ အကန့်သတ်မရှိ Partially Withdrawals (အများဆုံး 80%ထိ) ထုတ်ယူနိုင်ပါတယ်။ အတိုး / Fees ဘာမှ ပေးစရာ မလိုပါဘူးခင်ဗျာ။ ပြန်လဲဆပ်စရာလဲမလိုဘူးပါဘူး၊မိမိရဲ့ Account value ထဲကဘဲ လျော့သွားမှာဖြစ်ပါတယ်။ ကိုယ့်ငွေ ကိုယ်ယူသုံးသလိုပါပဲ။ အာမခံအကာအကွယ်ယူထားရင်း လိုအပ်တဲ့အချိန်မှာ ပြန်လည်ထုတ်သုံးခွင့်လည်း ရှိပါတယ်။
ထီပေါက်လို့ဘဲဖြစ်ဖြစ် အမွေရလို့ဘဲဖြစ်ဖြစ် ငွေအပိုရှိနေရင် ကိုယ့်ရဲ့ Account Value ထဲကို ငွေထပ်ထည့်ပြီး လစဉ် တိုးရင်းပေါင်းနဲ့ အတိုးရနိုင်တဲ့ အခွင့်အရေးလဲ ရှိပြန်ပါသေးတယ်။
စီးပွားရေးမကောင်းလို့ Premium ပေးဖို့ အဆင်မပြေတဲ့ အချိန်တွေမှာ ဆိုရင်လည်း Premium မသွင်းဘဲ နားထားလို့ရပါတယ်။ Premium Holiday ယူလို့ရပါတယ် ။ ပေါ်လစီလဲ ပျက်မသွားဘဲ မိမိ အဆင်ပြေတဲ့အချိန် မှ ဆက်သွင်းလို့လည်းရပါတယ်။
4. Premium Amount (ပရီမီယံကြေး)
******************
Minimum Annual Premium > 400,000/MMK ကနေ Maximum Premium 20,000,000/MMK အထိ ပေးသွင်းပြီး ဝယ်ယူလို့ရပါတယ်။
ကိုယ် အဆိုပြုထားချင်တဲ့ပမာဏ (Sum Assured) က သိန်း ၁၀၀၀ လား၊ သိန်း ၃၀၀၀ လား၊ သိန်း ၅၀၀၀ လား၊ သိန်း ၁ သောင်းလား လိုအပ်သလို ထားလို့ရပါတယ်။
အချုပ် အနေနဲ့ ပြန်ပြောရရင် Universal Life Insurance ကဘယ်လိုလဲဆိုတော့ အနှစ် 20, 30 လောက်အထိ ကိုယ့်ရဲ့ အသက်ကို အာမခံ ထားလို့သင့်လျှော်ပြီး အဲ့ဒီအချိန်မှာ ပြန်ထုတ်ရင်လဲ ကိုယ်သွင်းခဲ့တဲ့ ပိုက်ဆံတွေ အကုန်နီးပါး ပြန်ရနိုင်တဲ့ အာမခံမျိူးပါ။
အဲ့ဒီအတွင်းမှာ ကိုယ် သေဆုံးခဲ့ရင်၊ Total Permanent Disabled(ထာဝစဥ် မသန်စွမ်း) ဖြစ်ခဲ့ရင် ပမာဏများတဲ့ လျော်ကြေးငွေကို မိသားစုက ရမှာဖြစ်ပါတယ်။
တကယ်လို့ ဒီကြားထဲ ကင်ဆာဖြစ်ခဲ့ရင်လဲ လျော်ကြေးငွေအဖြစ် စုစုပေါင်း အာမခံထားငွေရဲ့ 25% ရပါဦးမယ်။
သွင်းရတဲ့ Premium ကြေးကို အကြမ်းအနေနဲ့ ပြောပြရမယ်ဆိုရင် အသက် 35 နှစ် အမျိုးသားတစ်ယောက်ဆိုရင် အာမခံထားငွေ သိန်း 1000 ထားမယ်ဆိုရင် တစ်နှစ်ကို Premium 25 သိန်းလောက်သွင်းရပါလိမ့်မယ်။
သွင်းလိုက်တဲ့ Premium ကြေးကို အသက်အာမခံ အတွက် ကုန်ကျစရိတ်အနေနဲ့သပ်သပ်၊ စုငွေအနေနဲ့ သပ်သပ် ခွဲပေးထားပါတယ်။ သွင်းထားတဲ့အထဲက စရိတ်နှုတ်ပြီး ကျန်ငွေတွေအပေါ်လဲ အတိုးပေးပါသေးတယ်။
ဥပမာ အာမခံထားနေရင် 10 နှစ်မြောက်မှာ ကိုယ်က တစ်ခုခုဖြစ်သွားခဲ့ရင် သိန်း 1000 အပြင် စုငွေဘက်မှာရှိတဲ့အပိုင်း စုစုပေါင်းကိုလဲ ပြန်ရမှာဖြစ်ပါတယ်။
တကယ်လို့ ကိုယ်က ဆေးလိပ်မသောက်သူဆိုရင် တခုခုဖြစ်သွားခဲ့သော် အာမခံထားငွေရဲ့ 10% (သိန်း ၁၀၀) ထပ်ဆောင်း ရဦးမှာပါ။
အာမခံ ဆက်မထားချင်တော့လို့ အနှစ် ၂၀ အကြာမှာ ပြန်ထုတ်ရင်လဲ (ကားအာမခံလိုမျိုး မဟုတ်ဘဲ) ကိုယ်သွင်းထားတဲ့ ပမာဏ အားလုံးနီးပါး ပြန်ရပါသေးတယ်။
နောက်ထပ် ဒီအာမခံရဲ့ ထူးခြားချက်က Flexible ဖြစ်တာပါ။ ကိုယ့်ရဲ့ အခြေအနေအပေါ်လိုက်ပြီး စုစုပေါင်း အာမခံထားငွေ ပမာဏ တိုးတာ၊ လျှော့တာ၊ ပရီမီယံတိုးသွင်းတာ၊ မသွင်းဘဲ ရပ်ထားတာ၊လိုအပ်ရင် ပြန်ထုတ်သုံးတာမျိူးလည်း လုပ်လို့ရပါတယ်။
စာဆုံးအောင်ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ် ခင်ဗျာ..
မိတ်ဆွေတို့အတွက် အသေးစိတ် တွက်ပြနိုင်ဖို့အတွက် messenger သို့ ဖုန်းလေးသာ ဆက်လိုက်ပါခင်ဗျာ..
Sai Nay Aung Htun
09 754127767
[email protected]
Click here to claim your Sponsored Listing.
Category
Website
Address
Taunggyi