Zin Mar Aung's Daily Routine

Zin Mar Aung's Daily Routine

Share

24/08/2022

မနက်ခင်းကို ဒီအရာတွေ မစတင်ပါနဲ့

မနက်ခင်းအစပြုမှုက တစ်နေ့တာလုံးအတွက် အရေးကြီးဆုံးအချိန်ပါ။ ဒီလိုအရေးကြီးတဲ့အချိန်မှာ အကောင်းဆုံးစတင်ဖို့ မနက်ခင်းမှာ ဒီအရာတွေနဲ့ မစတင်ဖို့ပြောပါရစေ။

မနက်စာအဖြစ်မစားသင့်တဲ့အရာတွေ

လိမ္မော်ရည်

လိမ္မော်ရည်ဆိုတဲ့နေရာမှာ အသီးစစ်စစ်ကိုဖျော်ထားတာမဟုတ်ဘဲ လိမ္မော်အချိုရည်မျိုးကိုပြောတာပါ။ ဒီအချိုရည်တွေက သကြားပါဝင်မှုများပြီး သွေးတွင်းသကြားဓာတ်ကို တက်စေနိုင်တာကြောင့် မနက်ခင်းမှာ အချိုဓာတ်ပါဝင်မှုများတဲ့ လိမ္မော်ရည်ကို မသောက်ဖို့ပြောပါရစေ။

သကြားဓာတ်ပါဝင်မှုများတဲ့ ကွေကာအုတ်

မနက်ခင်းမှာ ကွေကာအုတ်စားတာက ကျန်းမာရေးနဲ့ညီညွတ်တဲ့ မနက်စာဆိုပေမယ့် သကြားပါဝင်မှုများရင်တော့ အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် သကြားပါဝင်မှုများတဲ့ ကွေကာအုတ်တွေကို မစားပါနဲ့။ ဒီလိုစားသုံးမှုကသွေးတွင်း ဂလူးကို့စ်ကိုမြင့်တက်စေနိုင်ပြီး ခဏတာတော့ အားပြည့်သလိုခံစားရနိုင်ပေမယ့် နောက်ပိုင်းမှာတော့ အားအင်ကုန်ခမ်းသွားသလို ခံစားရနိုင်ပါတယ်။

ကော်ဖီ

မနက်ခင်းကို ကော်ဖီလေးတစ်ခွက်နဲ့ စတင်လိုက်တာက အကောင်းဆုံးလိုပ ယူဆနေသူတွေရှိနေနိုင်ပါတယ်။ တကယ်တော့ မနက်စာအနေနဲ့ ကော်ဖီတစ်ခွက်သောက်တာက နေ့လည်စာအထိခွန်အားတွေရှိနေအောင် သင့်ကို အားမဖြည့်ပေးနိုင်ပါဘူး။ နောက်တစ်ချက်က အချိုဓာတ်တွေနဲ့ နို့၊နို့မှုန့်တို့ရောစပ်ထားတဲ့ ကော်ဖီတွေက အစာခြေစနစ်ကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပါတယ်။ အစားမစားခင် ကော်ဖီသောက်တာမျိုးမလုပ်ပါနဲ့။ ကော်ဖီကြိုက်တတ်ရင်လည်း ဗိုက်ပြည့်တာအရာတစ်ခုခုနဲ့တွဲစားပေးတာအကောင်းဆုံးဖြစ်မှာပါ။

ငှက်ပျောသီး

အချို့က မနက်စာကို ကျန်းမာရေးနဲ့ ညီညွတ်အောင် အသီးအနှံစားမယ်။ငှက်ပျောသီးလေးက အဆင်ပြေနိုင်တယ်ဆိုပြီး တွေးနေတဲ့ သူတွေရှိနေလား။ တကယ်တော့ ငှက်ပျောသီးက အစာခြေရည်ပိုထွက်စေတာကြောင့် မနက်စာအနေနဲ့ မစားသင့်ပါဘူး။ ဗိုက်ပြည့်ဖို့ထက် ဗိုက်ကို ပိုဆာစေနိုင်သလို သွေးတွင်းသကြားဓာတ်ကိုလည်း မြင့်တက်စေနိုင်ပါတယ်။

အချိုကဲတဲ့ ဒိန်ချဉ်

ဒိန်ချဉ်က ကာဗိုဟိုက်ဒရိတ်ပါဝင်မှုနည်းတယ်ဆိုပေမယ့် အချိုဓာတ်ပါဝင်မှုများနေရင်တော့ သွေးတွင်းသကြားဓာတ်မြင့်တက်စေပြီး ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ခြေတော်တေ်ာလေးများပါတယ်။ ဒိန်ချဉ်ထဲကို အချိုမထည့်ဘဲ သစ်သီးတွေထည့်စားတာက မနက်စာကောင်းတစ်ခုလို့ဆိုနိုင်ပေမယ့် အချိုဓာတ်ပါဝင်နေတဲ့ ဒိန်ချဉ်နဲ့တော့မနက်ခင်းကို မစတင်လိုက်ပါနဲ့။

ပြုပြင်ထားတဲ့အသားတွေ

ဒီအစားအစာတွေက ဆားပါဝင်မှုများသလို တာရှည်ခံဓာတုပစ္စည်းတွေလည်း ပါဝင်မှုများတာကြောင့် မနက်စာအနေနဲ့ စားသုံးတာမျိုးမလုပ်သင့်ပါဘူး။ ခန္ဓာကိုယ်ကို အားပြည့်စေတယ်ဆိုတာထက် ဆိုးကျိုးကပိုများပါတယ်။ ဒါကြောင့် မနက်ခင်းကို အသားစားချင်ရင်တောင် အသားစစ်စစ်လေးစားပေးပါ။

ပေါင်မုန့်အဖြူ

အာဟာရပါဝင်မှုတော်တေ်ာလေးနည်းပါတယ်။ မနက်စာကို ပေါင်မုန့်အဖြူအစား၊ ပေါင်မုန့်ကြမ်း ၊ အစေ့အဆန်တွေပါတဲ့ ပေါင်မုန့်ကို စားသုံးပေးပါ။ အစာခြေစနစ်ကျန်းမာဖို့အတွက်လည်း အထောက်အပံ့ဖြစ်စေနိုင်ပါတယ်။

ထောပတ်

နည်းနည်းပဲဆိုရင် ပြဿနာမရှိပေမယ့် အရမ်းများလွန်းရင်တော့ အစာခြေစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်မနက်ခင်းစာကို ထောပတ်အစား အဆီပါဝင်မှုနည်းတဲ့ ချိစ်တွေကို စားသုံးပေးပါ။

ထမင်းဖြူ

အာရှနိုင်ငံတော်ေ်တာ်များများက မနက်ခင်းကို ထမင်းဖြူ နဲ့ ဟင်းတွေတွဲပြီးစားလေ့ရှိကြပါတယ်။ တကယ်တော့မနက်ခင်းမှာ ထမင်းစားတာက အာဟာရ ရနိုင်ခြေနည်းပါတယ်။ ဒါကြောင့် မနက်ခင်းစာကို ထမင်းဖြူမစားပါနဲ့။

အရမ်းစပ်တဲ့အစားအစာတွေ

ဘာမှမရှိသေးတဲ့ အစာအိမ်မှာ အစပ်တွေစားတာက အစာအိမ်ကို ဒုက္ခပေးရာကျပါတယ်။ ဒါကြောင့် မနက်စာကို အစပ်တွေမစားခင်မှာ သေချာလေးစဉ်းစားပေးပါ။ တစ်နေ့တာလုံး ဗိုက်ထဲမှာ မအီမသာမဖြစ်စေဖို့ မနက်စာကို အစပ်တွေမစားပါနဲ့။

ဒါကြောင့်မနက်ခင်းကို အခုပြောခဲ့တာတွေနဲ့ မစတင်ဖို့ တိုက်တွန်းချင်ပါတယ်နော်။

ရေးသားသူ – Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. Thurein Hlaing Win

Want your business to be the top-listed Beauty Salon in Taungdwingyi?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Telephone

Website

Address


Pyay
Taungdwingyi
NO