MOW
26/10/2021
#အိမ်မြှောင်ရဲ့ချီးကအန္တရာယ်ရှိလား ???
🔴🔴🔴
အိမ်မြှောင် ချေးတစ်ခုမှာဆိုရင်ထိပ်မှာကပ်လျက်ရှိနေတဲ့အဖြူရောင်အစေ့လေးကိုသိသိသာသာမြင်ကြရမှာပါ။
အိမ်မြှောင်ချေးတုံးလေးကိုနှစ်ပိုင်းခွဲရင်
အောက်ဘက်မည်းနေတဲ့အပိုင်းကမစင်ဖြစ်ပြီးတော့
အပေါ်ကအဖြူရောင်အစေ့လေးကဆီးဖြစ်ပါတယ်။
လူအပါအဝင် တော်တော်များများသတ္တဝါတွေမှာဆီးကိုအရည်အဖြစ်နဲ့သွားပေမယ့်အိမ်မြောင်တွေကတော့အခဲပုံစံနဲ့သွားကြပါတယ်။
အဲ့သည်အဖြူရောင်လေးဟာ
သူတို့ရဲ့ဆီးကထွက်တဲ့ယူရစ်အက်ဆစ်
တွေနဲ့ဖွဲ့စည်းထားတဲ့ crystalလေးတစ်ခုပဲဖြစ်ပါတယ်။
မြွေတွေရဲ့ချေးဖွဲ့စည်းပုံစနစ်ကလည်း
အိမ်မြှောင်တွေနဲ့ဆင်တူပါတယ်။
အိမ်မြှောင်ရဲ့ချီးကအန္တရာယ်ရှိလားဆိုရင်
အင်မတန်အန္တရာယ်ရှိပါတယ်။
ဆဲလ်မွန်းနဲလားလို့ခေါ်တဲ့ ဘက်တီးရီးယားတွေအလွန်များပြားစွာပါဝင်နေလေ့ရှိပါတယ်။
အင်းဆက်တွေမှာရှိတတ်ကြတဲ့အခြားဘက်တီးရီးယားတွေလည်းပါဝင်နေပါသေးတယ်။
ဒါကြောင့်မလို့အိမ်မြှောင်ချီးကိုင်မိပြီးသွားရင်ဆပ်ပြာနဲ့လက်ကိုသေချာစွာဆေးကြောဖို့လိုအပ်ပါတယ်။
အစားစားမိရင်မပါသွားအောင်ဂရုစိုက်ဖို့အရေးကြီးပါတယ်။
ကလေးရှိတဲ့အိမ်တွေ အထူးသတိထားသင့်ပါတယ်နော်။
ရွံစရာပေမယ့် သတိထားနိုင်ဖို့ပါ။⛔
Credit to original uploader
27/08/2021
#ကြေးနီခွက်နဲ့ရေသောက်ခြင်းကြောင့်_ရလာနိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူးများ
အိမ်တွင်းကုထုံး နည်းလမ်းတွေဆိုတာ ဘိုးဘေးဘီဘင် အဆက်ဆက် လက်ဆင့်ကမ်းလာကြတာပါ။ မီးဖိုချောင်မှာ အလွယ်တကူရနိုင်တဲ့ ပစ္စည်းတွေသုံးပြီး ကုသနိုင်တဲ့ နည်းလမ်းတွေကို ခေတ်မမီဘူးဆိုပြီး ဒီနေ့ခေတ်မှာ ပစ်ပယ်ထားလို့ မရပါဘူး။
အိမ်တွေမှာ အဘိုးအဘွားတွေ ကြေးနီခွက်ထဲ ရေထည့်သောက်တာ တွေ့ဖူးကြမှာပါ။ ဒါဟာ ကျန်းမာရေးကို အကျိုးဖြစ်စေတဲ့ အကျင့်တခုပါ။ ကြေးနီခွက်ထဲ ထည့်သောက်တဲ့ ရေကိုသောက်ပေးရင် ကိုယ်တွင်းဓာတ်ကို ညီညွှတ် မျှတအောင် ထိန်းညှိပေးနိုင်လို့ ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီး ရပါတယ်။
ပထမဆုံးအချက်ကတော့ အက်စစ်ဓာတ်နဲ့ ဂတ်စ်တွေက အစာအိမ်ကို ထိခိုက်စေပါတယ်။ ဒီဓာတ်တွေပါတဲ့ အစားအသောက်၊ ဖျော်ရည်တွေ သောက်မိတဲ့အခါ အစာမကြေ မဖြစ်အောင် ကြေးနီက ဖြေလျော့ပေးပါတယ်။ အစာခြေစနစ်ကို ပိုကောင်းစေပြီး မကောင်းတဲ့ပိုးတွေကို သေစေနိုင်စွမ်းရှိသလို ဗိုက်အောင့် ဗိုက်နာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
အသည်း၊ ကျောက်ကပ်နဲ့ အစာအိမ်တွေထဲက မကောင်းတဲ့ အညစ်အကြေးတွေကိုလည်း သန့်စင်ဖယ်ရှား ပေးနိုင်ပါတယ်။ ကိုယ်အလေးချိန်ကျအောင် နည်းလမ်းမျိုးစုံ သုံးပေမယ့် သိသိသာသာ မကျဖြစ်နေရင် ကြေးနီခွက်နဲ့ ရေထည့် သောက်ကြည့်ပါ။ ကြေးနီရဲ့ဓာတ်သဘောကိုက ကိုယ်တွင်းအဆီတွေကို ချေဖျက်ပေးနိုင်ပါတယ်။
နောက်တချက်က ပြင်ပရောင်ရမ်းမှု ဒဏ်တွေအတွက် မထိရောက်ပေမယ့် ကိုယ်တွင်း အစိတ်အပိုင်းတွေ အတွက်တော့ အကောင်းဆုံး ကုစားပေးနိုင်ပါတယ်။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ကိုယ်တွင်းဝင်ရောက်လာတဲ့ ပိုးမွှားတွေကို သေစေနိုင်ပါတယ်။
ကြေးနီဟာ အကောင်းဆုံး Anti-oxidant တမျိုးဖြစ်သလို ဆဲလ်အသစ်တွေ ဖြစ်ပေါ်လာအောင် ကူညီပေးပါတယ်။ အသက်အရွယ်ကြီးရင့်လို့ ဖြစ်ပေါ်လာတဲ့ အရေးအကြောင်းဖြစ်ခြင်းကို ဟန့်တားပေးနိုင်သလို ကိုယ်ခံ စနစ်ကောင်းစေပြီး Free radical တိုက်ဖျက်ပေးလို့ ကင်ဆာဖြစ်စေနိုင်တဲ့ဆိုးကျိုးတွေကို ဟန့်တားပေးပါတယ်။
ကြေးနီမှာပါတဲ့ သဘာဝပိုးသတ်ဆေး Oligodynamic က Ecoli လိုကူးဆက်ရောဂါပိုးမွှားတွေအပြင် ရေကတဆင့် ဖြစ်နိုင်တဲ့ ဝမ်းကိုက်၊ ဝမ်းလျောရောဂါတွေကိုပါ သေစေနိုင်စွမ်းရှိပါတယ်။ အသက်ကြီးတဲ့အခါ ဖြစ်လာနိုင်တဲ့ အာရုံကြောစနစ် နှေးကွေးသွားတာကို ဟန့်တားပေးပြီး ဦးနှောက်လုပ်ငန်းဆောင်တာတွေ သွက်လက်မြန်ဆန်စေပါတယ်။
နေရောင်ခြည်ကြောင့် ပျက်စီးသွားတဲ့အသားရေနဲ့ ထိခိုက်ဒဏ်ရာ အမာရွတ်တွေကို မှေးမှိန်အောင် လုပ်ပေးနိုင်ပါသေးတယ်။ ကြေးနီခွက်ထဲ နေ့စဉ် ရေထည့်သောက်ခြင်းကြောင့် သင့်အသားရေ ထူးခြားပြောင်းလဲလာတာကို လက်တွေ့သိမြင်လာမှာပါ။ ခန္ဓာကိုယ်က လိုအပ်တဲ့ သံဓာတ်နဲ့တခြားသတ္တုဓာတ်တွေ စုပ်ယူမှု အားကောင်းစေလို့ သွေးအားနည်းရောဂါကို ကာကွယ်ပေးပါတယ်။
ကြေးနီနဲ့ ပတ်သက်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိနေသေးပေမယ့် မိရိုးဖလာနည်းလမ်းတွေမို့ သိပ္ပံနည်းအရ အတည်မပြုနိုင်တာတွေလည်း ရှိပါတယ်။ ဒါပေမဲ့လည်း ကြေးနီဓာတ်သဘာဝဟာ ကျန်းမာရေးကို အထောက်အကူ ပြုနိုင်တယ်ဆိုတဲ့အချက်ကိုတော့ လက်ခံလာကြပါပြီ။
ကြေးနီခွက် ဝယ်မယ်ဆိုရင် အရင်ဆုံးသိထားရမှာက ကြေးနီစစ်စစ်နဲ့ လုပ်ထားတဲ့ သတ္တုခွက်တွေ ဖြစ်ရပါမယ်။ ကြေးနီခွက်တွေကို သန့်စင်ဆေးကြောတဲ့အခါ ဘရှက် အကြမ်းဖတ်တွေ မသုံးဘဲ သံပုရာသီးတခြမ်းကို ခွက်အနှံ့ တိုက်ပြီးရင် ရေသန့်သန့်နဲ့ ပြန်ဆေးပေးပါ။ နောက်တနည်းကတော့ မုန့်ဖုတ်ဆော်ဒါနဲ့ ရေ ရောပြီး ပွတ်တိုက်ပါ။ မိနစ် အနည်းငယ်လောက်ထားပြီး ရေပြန်ဆေးလိုက်ရင် သန့်စင်သွားပါပြီ။
🔴🔴“တန်ဆေးလွန်ဘေး”ဆိုတဲ့ စကားအတိုင်း ကြေးနီခွက်ထဲထည့်သောက်တဲ့ ရေက ကျန်းမာရေးကောင်းတယ်ဆိုပြီး အများကြီး မသောက်သုံးသင့်ပါဘူး။ FDA က ထုတ်ပြန်ချက်အရ လူတယောက်ဟာ တနေ့ကို ကော့ပါးဓာတ် ၁၂ မီလီဂရမ်လောက်ပဲ လိုအပ်ပါတယ်။ ဒါကြောင့် တနေ့ကို ကြေးနီခွက်နဲ့ အများဆုံး ရေ ၂ ခွက်ကနေ ၃ ခွက်လောက်ပဲ သောက်ပါ။🔴🔴
Credit original uploader
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Tatkon