Digital Next

Digital Next

Share

06/05/2020

ကဆုန်လပြည့်နေ့ အခါသမယတွင်စိတ်ချမ်းမြေ့ပျော်ရွှင်၍ လိုရာဆန္ဒများ ပြည့်၀ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင် .. 🙏




Zawgyi >>


21/04/2020

COVID-19 virus ကြောက်တဲ့အရာ ၇ မျိုး

၁၊ ခရမ်းလွန်ရောင်ခြည် UV ကိုကြောက်ရွံ့တယ်၊

၂၊ အပူချိန် ၅၆ ဒီဂရီစင်တီဂရိတ် / အပူချိန်မြင့်
တာကိုကြောက်ရွံ့တယ်၊

၃။ လေဝင်လေထွက် ရှိတဲ့‌နေရာ ကိုကြောက်တယ်၊

၄၊ ကလိုရင်းပိုးသတ်ဆေးကို ကြောက်ရွံ့တယ်၊

၅၊ အရက်၊ အယ်လကိုဟောလ် ၇၅% ကိုကြောက်
ရွံ့တယ်၊

၆၊ လက်များကို မကြာခဏ ဆေး‌ကြောခြင်းကိုကြောက်တယ်၊

၇။ ခံနိုင်ရည်ရှိခြင်း၊ ကိုယ်ခံအား ကောင်းခြင်းကိုကြောက်ရွံ့တယ်၊ ကိုယ်ခံအား ကောင်းခြင်းဟာ အကောင်းဆုံး ကြိုတင်ကာကွယ် ခြင်းပဲဖြစ်တယ်၊

virus ဗိုင်းရပ်စ်ပိုးမှ ကြိုတင် ခုခံ၊ ကာကွယ်ရန် လွယ်ကူတဲ့ နည်း ၈ ခု ရှိပါတယ်၊

၁၊ ဒီတစ်နှစ်အချိန် အတောအတွင်းမှာ အိပ်ရေးဝအောင် အိပ်ပါ၊
၂၊ နံနက်စာ ပုံမှန်စားပါ၊ ဒိန်ချဉ်စား‌ပေးပါ၊
၃၊ ကြက်သွန်ဖြူ များများစား‌‌ပေးပါ၊
၄၊ ပျားရည်နဲ့ ဂျင်းရေ၊ သံပုရာရည်ကိုသောက်ပါ၊
၅၊ နေ့လည် လက်ဖက်ရည် သောက်ပေးပါ၊
၆၊ လေ့ကျင့်ခန်းမှန်မှန်၊ အနည်းဆုံးတစ်ပတ်
တစ်ခါလုပ်ပေးပါ၊
၇၊ နေရောင်ခြည်ကို မကြာခဏ ထိတွေ့ပေးပါ၊
၈၊ တက်ကြွ၊ ရွှင်လန်းတဲ့စိတ်ကို ပိုင်ဆိုင်နိုင်ပါ‌စေ၊
အကောင်းမြင်တတ်ပါစေ၊

COVID-19 ဗိုင်းရပ်စ်ပိုးဟာ ၀ - ၂၄ ရက် အတွင်းပေါက်ဖွားရန် အရှိန်ယူလာပြီး၊ ရောဂါကူးစက်ပြီး တဲ့နောက်မှာရောဂါ၊ လက္ခဏာတွေကို မပြပေမယ့် အဆုတ်ဆဲလ်တွေက ပူပြင်းတဲ့ဒဏ်ကို မခံနိုင်တော့လို့ ကိုယ်ပူ၊ အပြင်းဖျား၊ ချောင်းဆိုးစ ပြုလာပါမယ်၊
ဆေးရုံမှာ လာစစ်ဆေးတဲ့အချိန်မှာ အဆုတ်
ရဲ့တစ်ဝက်‌ကျော်လောက် မှာ ရောဂါတွေ ကူးစက်
ပျံ့ပွားလို့နေခဲ့ပါပြီ၊ ကုသရန် အချိန်အလွန် နောက်ကျသွားပြီ၊ ကျွမ်းကျင်သူများက သင့်ရဲ့အဆုတ်ကို မထိခိုက်စေရန် တတ်နိုင်သမျှ နက်ရှိုင်းစွာ အသက်ရှူရန်၊ အသက်ပြင်းပြင်းရှူရန် အကြံပြုထားပါတယ်၊

တစ်ကယ်လို့ သင်က ချောင်းဆိုးခြင်း / ရင်ဘတ်မှာ နေထိုင်ရတာ အဆင်မပြေခြင်း / အသက်ရှူကြပ်ခြင်း လက္ခဏာများ မပြပါဘဲ၊ နေ့စဉ်ပုံမှန် နေရင်းထိုင်ရင်းနဲ့လည်း အဆုတ်မှာ ရောဂါကူးစက်၊ နိုင်သေးကြောင်းဖော်ပြထားပါတယ်၊ နံနက်‌စော‌စောတိုင်း ကြည်လင်တဲ့ ရာသီဥတု၊
နေရောင်ခြည်အောက်မှာ ကိုယ့်ကိုယ်ကိုစစ်ဆေးကြည့်ပါ၊ အသက်ရှူ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ၊

Source : Observation and surveillance of
Covid-19 from Songkhla Nakarin Hospital.
ဝင်းတား
credit
မှတ်ချက်..မည်သူမဆို လွတ်လပ်စွာ Copy ယူတင်ပေးကြပါနော်။

24/02/2020

page ပေါ်မှာ မိမိရဲ့ product နဲ့ service တွေကို customer တွေ စိတ်ဝင်စားလာအောင် 🔖 ဘယ်လို စွဲဆောင်ရမလဲ မသိလို့ စိတ်ညစ်နေပါသလား ❓

ယနေ့ခေတ် online Social media တွေကနေ လိုချင်တာတဲ့ အရာတွေ အားလုံးကို ရှာဖွေဝယ်ယူနိုင်နေပီ ဖြစ်တာကြောင့် 💯 မိတ်ဆွေတို့လဲ မိမိတို့ရဲ့ ကုန်ပစ္စည်း product နဲ့ service တွေကို ရောင်းအားတက်အောင် ✅ ကြော်ငြာဖို့အတွက် page ကောင်းကောင်းတစ်ခုကို ပိုင်ဆိုင်ထားဖို့ လိုအပ်ပါတယ် ❗

မိတ်ဆွေတို့ရဲ့ ကုန်ပစ္စည်း product နဲ့ service တွေကို 🔝 လူတွေပိုသိလာပီး ရောင်းအားတွေ ကောင်းလာအောင် စစ်မှန်တဲ့ customer တွေဆီကို ရောက်ရှိစေမဲ့ 📊 နည်းဗျူဟာကောင်းတွေကိုရော သိရှိပီး 📈 plan တွေ သေချာချထားဖို့လဲ လိုအပ်ပါသေးတယ် ❗

ဒါတွေအတွက်တော့ စိတ်ညစ်မနေနဲ့တော့နော် 👇👇
💢 မိမိရဲ့ page ကို ဘယ်လိုကိုင်တွယ်ရမှန်းမသိဖြစ်နေတဲ့ page admin တွေ
💢 online shopping ကို တနိုင်တပိုင် လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေ
💢 မိမိရဲ့ Brand ကို လူတွေသိပီး ရောင်းအားတွေတက်လာအောင် ထိုးဖောက်ချင်တဲ့ လုပ်ငန်းရှင်တွေ
💢 မိမိရဲ့ Product နဲ့ service တွေကို ကြော်ငြာတဲ့အခါ မှန်ကန်ထိရောက်တဲ့ customer တွေဆီကို Targeting မှန်မှန်နဲ့ ရောက်စေချင်တဲ့သူတွေ အတွက် သတင်းကောင်းလေးတစ်ခုကို ကျွန်မတို့ The Red ကနေ ပေးချင်ပါတယ်ရှင့် 💌

ဒီသတင်းကောင်းလေးကတော့ 👉 👉
💢 မိတ်ဆွေတို့ရဲ့ ကြုံတွေ့နေရတဲ့ အထက်ပါ အခက်အခဲတွေထဲက တစ်စုံတစ်ရာ ရှိခဲ့တာပဲ ဖြစ်ဖြစ်
💢 ဒါမှမဟုတ် page နဲ့ ပတ်သတ်ပီး Error တစ်ခုခု ဖြစ်နေတာပဲ ဖြစ်ဖြစ် ကျွန်မတို့ The red နဲ့ အခမဲ့ လာရောက်ဆွေးနွေးတိုင်ပင်လို့ ရနေပီပဲ ဖြစ်ပါတယ် ရှင့် ✌

အသေးစိတ်ကို သိရှိလိုတယ် ဆိုရင်တော့ 📩
ကျမတို့ The Red page ရဲ့ chatbox မှာ လူကြီးမင်းတို့ရဲ့ ဖုန်းနံပါတ် လေးကို ချန်ထားပေးခဲ့ နိုင်ပါတယ် ရှင့် ကျေးဇူးတင်ပါတယ် ရှင့် 💕

21/02/2020

သင် ငွေတွေ ကြိုးစားရှာပေမဲ့ ချမ်းသာမလာသေးဘူးလား? ဒါဆိုရင် သင် နည်းလမ်းတွေ မသိသေးလို့ပါ။
Robert Kiyosaki ရဲ့ Rich Dad, Poor Dad စာအုပ်ကနေ လေ့လာရမဲ့ ချမ်းသာဖို့ အချက် (၁၅) ချက်

လူတွေ တော်တော်များများဟာ သူတို့ဘဝမှာ အလုပ်တွေ အတော်ကြိုးကြိုးစားစားလုပ်ကြတယ်။ သူတို့ တစ်ရက်ကို ၁၀ နာရီထက်ပိုပြီး အလုပ်လုပ်ကြတယ်။ ဒါပေမဲ့ များများ မစုဆောင်းနိုင်ကြဘဲ ဘယ်တော့မှလဲ ချမ်းသာမလာဘူး။ ဒီလို ဘဝကနေ ရုံးထွက်ဖို့ နည်းလမ်းတွေကို Robert Kiyosaki က သူ့ရဲ့ Rich Dad Poor Dad စာအုပ်မှာ ဖော်ပြထားပါတယ်။

လူတွေတော်တော်များများ assets နဲ့ liabilities ကို ကွဲကွဲပြားပြားမသိကြပါဘူး။ assets ဆိုတာကတော့ ကိုယ့်ရဲ့ အိတ်ထဲကို ငွေတွေ ဝင်စေတဲ့အရာမှန်သမျှကို ခေါ်ပြီး ကိုယ့်အိတ်ထဲက ငွေထွက်စေတဲ့အရာမှန်သမျှကိုတော့ liabilities လို့ ခေါ်ပါတယ်။ ဒီစာအုပ်မှာ Kiyosaki အဓိက ပြောချင်တဲ့အရာကတော့ ငွေကြေးလွတ်မြောက်မှု financially independent ဖြစ်ဖို့အတွက် တစ်ခုထဲသောအကြောင်းကတော့ ကိုယ့်ရဲ့သုံးငွေတွေကို ပေးနိုင်မဲ့ ဝင်ငွေရစေတဲ့ assets တွေ စုဆောင်းဖို့ပါ။ ကိုယ့်အတွက် အသုံးမလိုတဲ့အရာတွေကို မဝယ်ဘဲ ကိုယ်ရတဲ့ ဝင်ငွေတွေကို နောက်ထပ် ဝင်ငွေတွေ တိုးပွားဖို့ ရင်းနှီးမြှုပ်နှံရပါမယ်။

ဒီ Rich Dad Poor Dad စာအုပ်ထဲကနေပြီးတော့ အရေးကြီးဆုံး ရယူရမဲ့ သင်ခန်းစာတွေကတော့

၁။ လူအများစုအတွက် သူတို့ အလုပ်အကိုင်တွေက သူတို့ရဲ့ ဝင်ငွေဖြစ်ပြီး သူတို့ အသက်ရှင်နေထိုင်ဖို့ အဲ့ဒီ အလုပ်ကိုပဲ အားကိုးပြီး နေထိုင်ကြတယ်။
ချမ်းသာတဲ့သူတွေကတော့ သူတို့ဆီမှာ ရှိတဲ့ assets တွေ သူတို့ ရင်းနှီးမြှုပ်နှံမှုတွေက သူတို့ရဲ့ ဝင်ငွေတွေဖြစ်ပါတယ်။

၂။ တကယ်လို့ တစ်ခုခုကို ဝယ်ချင်ပြီဆိုရင်တော့ အဲ့ဒီအသုံးစရိတ်ကို ကာမိဖို့ အရင်ဆုံး ဝင်ငွေအရင်ရှာပါ။ ကိုယ့်ငွေကို ဇိမ်ခံပစ္စည်းတွေအတွက် အရင်မသုံးပါနဲ့။

၃။ ကိုယ့်မှာ ရှိနေတဲ့ asset တွေကနေ ရရှိလာတဲ့ အပိုဝင်ငွေတွေဟာ နောက်ထပ် တခြား asset တွေထဲမှာ ပြန်ပြီး ရင်းနှီးမြှုပ်နှံရမယ်။

၄။ ဝင်ငွေတွေ ပိုရဖို့တင် မမျှော်မှန်းပါနဲ့။ ပိုပြီးတန်ဖိုးရှိတဲ့ asset တွေ ရဖို့ ကြိုးစားပါ။ အဲ့ဒီ asset တွေကနေ နောက်ထပ်ဝင်ငွေတွေ ရဖို့ လုပ်ပါ။ ဒီလိုနဲ့ စက်ဝိုင်းလို လည်ပတ်နေပါ။

၅။ သုံးငွေတွေ လျော့ပါ။ အကြွေးတွေ ပေးစရာရှိတာတွေ လျော့ချပါ။

၆။ အရာတိုင်းလိုလိုကို နည်းနည်းစီ သိအောင်လုပ်ထားပါ။ စာရင်းအင်းပိုင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုပိုင်းဆိုင်ရာအကြောင်းတွေ
စျေးကွက်နဲ့ ပတ်သတ်တဲ့ အကြောင်းတွေ ဥပဒေအကြောင်း စျေးရောင်းခြင်း စျေးကွက်ဖြန့်ဖြူးခြင်း Marketing အကြောင်း ခေါင်းဆောင်မှုအကြောင်း စာရေးတာ စကားပြောတာကအစ လူမှုဆက်ဆံရေးအဆုံး စတာတွေကို သိအောင်လုပ်ထားပါ။ ငွေရှာတဲ့နေရာမှာ အသုံးချပါ။

၇။ လေ့လာဖို့ အလုပ်လုပ်ပါ။ ငွေရှာဖို့ အလုပ်မလုပ်ပါနဲ့။ ကိုယ်က လေ့လာလို့ရမဲ့ ကိုယ့်အတွက် အကျိုးရှိမဲ့ အတွေ့အကြုံရမဲ့ အလုပ်ကို ရှာဖွေလုပ်ကိုင်ပါ။

၈။ သင်လေ့လာတဲ့အရာတွေက သင်ဘယ်သူလဲဆိုတာကို တည်ဆောက်ပေးမှာပါ။ ဒါကြောင့် ဘာလေ့လာမလဲဆိုတာ သေချာရွေးချယ်ရပါမယ်။ စာများများဖတ်ရမယ်။

၉။ ချမ်းသာတဲ့သူတိုင်းလိုလို တစ်ကြိမ်တစ်ခါပဲဖြစ်ဖြစ် ဘဝမှာ ငွေတွေ ဆုံးရှုံးဖူးကြပါတယ်။ ဒါပေမဲ့ ဆင်းရဲတဲ့သူတွေ ငွေတွေ မဆုံးရှုံးဖူးကြဘူး။ ဒီငွေကစားပွဲမှာ ငွေမဆုံးရှုံးအောင်ပဲ ကြိုးစားကစားနေတဲ့သူက ဘယ်တော့မှ ငွေတွေ အများကြီး မရနိုင်ပါဘူး။

၁၀။ ရှုံးနိမ့်မှာ မကြောက်ပါနဲ့။ ဘယ်သူမှ perfect ဖြစ်တယ်ဆိုတာ မရှိပါဘူး။ လူတိုင်း မှားတတ်ကြပါတယ်။ ရှုံးနိမ့်မှုတွေ ကြုံရတတ်တယ်။အမှားတွေ အရှုံးတွေကနေ သင်ခန်းစာယူပါ။

၁၁။ စိတ်ခံစားမှုတွေကို ထိန်းချုပ်နိုင်စွမ်းရှိပါစေ။ အကြောက်တရားတွေက ခြိမ်းခြောက်တာမခံပါနဲ့။ တစ်ခြားသူတွေရဲ့ စကားတွေနဲ့ လမ်းဆုံးမနေပါနဲ့။

၁၂။ ကိုယ့်ထက် တော်တဲ့သူတွေ အရည်အချင်းရှိတဲ့သူတွေနဲ့ ပေါင်းသင်းပါ။ သူတို့ဆီက လေ့လာသင်ယူပါ။

၁၃။ ငါ ဒါကို မတတ်နိုင်ဘူး။ မဝယ်နိုင်ဘူး။ မသုံးနိုင်ဘူး။ စသဖြင့် ပြောနေတာတွေဟာ သင့်ဦးနှောက်ကို ရပ်တန့်လိုက်တာပါ။ အဲ့ဒီအစား ငါ ဘယ်လိုလုပ်ရင် ဒါကို တတ်နိုင်မလဲ။ ဒါမျိုး စဉ်းစားပြီး ဦးနှောက် ဖွင့်ပေးပါ။

၁၄။ နားထောင်တတ်တဲ့ အလေ့အကျင့် ပြုစုပျိုးထောင်ပါ။ နားထောင်တယ်ဆိုတာ ပြောတာထက် ပိုအရေးကြီးပါတယ်။ မေးခွန်းမေးပါ။ သူများတွေဆီက အသိပညာ ဗဟုသုတတွေ
ရနိုင်သမျှ ရယူပါ။

၁၅။ စျေးကွက်ထဲမှာ အလုပ်လုပ်တဲ့အခါ သူများတွေနောက် လိုက်မလုပ်ပါနဲ့။

Dream Lab
Online Education for Entrepreneurs
Online Business Group of Myanmar

Want your business to be the top-listed Business in Tamwe?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. 73(2/A), Byine Yae Oe Sin Street, Tamwe Township, Yangon
Tamwe
11211