Hero-Radycoffee

Hero-Radycoffee

Share

16/11/2021

#ကော်ဖီ သောက်ခြင်းကြောင့် ရလာမယ့် အကျိုးကျေးဇူးလေးကို Coffee ချစ်သူလေးတွေ ဖတ်လို့ရအောင် share ပေးလိုက်တယ်နော်

ကော်ဖီသောက်ခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများ

၁။ နှလုံးရောဂါကို ကာကွယ်ပေးခြင်း
ကော်ဖီကို တစ်နေ့ ၃ ခွက်ထက် ပိုပြီး သောက်တဲ့သူတွေက ကော်ဖီလုံးဝ မသောက်သူတွေထက် သွေးလွှတ်ကြော ရောင်ရမ်းမှုနည်းပါးလာတာကို တွေ့ရပါတယ်။ ကော်ဖီက သွေးလည်ပတ်မှုကို ကောင်းစေလို့ နှလုံးရောဂါကို ကာကွယ်ပြီးသားပါ။

၂။ အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ချေကို လျှော့ချပေးခြင်း
ကော်ဖီက အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်ပေးကြောင်း လေ့လာချက်အများအပြားမှာ ဖော်ပြထားပါတယ်။ အယ်လ်ဇိုင်းမားရောဂါကို အဓိကဖြစ်စေတဲ့ beta-amyloid ကို ကော်ဖီက ကာကွယ်ပေးပါတယ်။ ဒါ့အပြင် တစ်နေ့ကို ကော်ဖီ ၃ ခွက် သောက်တဲ့အခါ ဦးနှောက်ထိခိုက်ဒဏ်ရာရမှုကိုလည်း ကာကွယ်ပေးပါတယ်။

၃။ ဆီးချိုရောဂါကို ကာကွယ်ပေးခြင်း
တစ်ပတ်ကို ကော်ဖီ ၆ ခွက်ထက် ပိုသောက်တဲ့ အမျိုးသမီးတွေက ဆီးချိုရောဂါဖြစ်နိုင်ချေ ၂၂ % အထိ လျော့ကျသွားကြောင်း Minnesota တက္ကသိုလ်က လေ့လာချက်မှာ ဖော်ပြထားပါတယ်။ ကော်ဖီမှာ သတ္ထုဓါတ်နဲ့ အင်တီအောက်ဆီးဒင့်တွေ ပါဝင်ပါတယ်။

၄။ အသည်းအရွတ်ရောဂါကို ကာကွယ်ပေးခြင်း
အရက်သောက်ပြီးတိုင်း ကော်ဖီသောက်ဖို့လည်း မမေ့သင့်ပါဘူးနော်။ လူပေါင်း ၄၃၀၀၀၀ ပါဝင်တဲ့ လေ့လာချက် ၉ ခုမှာ တစ်နေ့ကို ကော်ဖီ ၂ ခွက်ထပ် ပိုသောက်သူတွေက အသည်းရွတ်ရောဂါကို ၄၄ % ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။

၅။ စိတ်ဓါတ်ကျမှုကို ကာကွယ်ပေးခြင်း
တစ်ပတ်ကို ကော်ဖီ ၄ ခွက်ထပ် ပိုသောက်တဲ့ အမျိုးသမီးတွေက စိတ်ဓါတ်ကျမှု ၂၀ % လျော့နည်းသွားကြောင်း Harvard School of Public Health မှာ ဖော်ပြထားပါတယ်။

၆။ Parkinson ရောဂါကို ကာကွယ်ပေးခြင်း
မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင် အခြေအနေတွေကြောင့် Parkinson ရောဂါဖြစ်နိုင်ချေရှိရင်တောင် ကော်ဖီသောက်ခြင်းက Parkinson ရောဂါကို ကာကွယ်ပြီးသားဖြစ်စေတယ်လို့ ဆွီဒင်နိုင်ငံက Linköping တက္ကသိုလ်က သုတေသနပညာရှင်တွေက ဖော်ပြထားပါတယ်။

၇။ အသားမျှင်ခက်မာသွားခြင်းကို လျှော့ချပေးခြင်း
ကော်ဖီသောက်ခြင်းက အာရုံကြောနဲ့ပတ်သက်ပြီး ရောင်ရမ်းမှုတွေကို သက်သာသွားစေပါတယ်။ အာရုံကြောနဲ့ပတ်သက်ပြီး ရောင်ရမ်းမှုတွေက အသားမျှင်ခက်မာခြင်းကို ဖြစ်စေပါတယ်။ ဒါပေမယ့် စိတ်ပူစရာမလိုတော့ပါဘူး။ တစ်နေ့ကို ကော်ဖီ ၄ ခွက်ခန့် သောက်မယ်ဆိုရင် အဆင်ပြေသွားပါပြီ။
ကော်ဖီကြိုက်တတ်တဲ့ အမျိုးသားတွေအတွက် ကတော့ သတင်းကောင်းပါပဲ။ ကော်ဖီသောက်ခြင်းက အမျိူးသားတွေမှာ ဖြစ်တတ်တဲ့ အဆစ်အမျက်ရောင်ရောဂါကိုလည်း ကာကွယ်ပေးပါသေးတယ်။

၈။ အမျိုးသားများတွင် အဆစ်အမျက်ရောင်ရောဂါကို ကာကွယ်ပေးခြင်း
ကော်ဖီကြိုက်တတ်တဲ့ အမျိုးသားတွေအတွက် ကတော့ သတင်းကောင်းပါပဲ။ ကော်ဖီသောက်ခြင်းက အမျိူးသားတွေမှာ ဖြစ်တတ်တဲ့ အဆစ်အမျက်ရောင်ရောဂါကိုလည်း ကာကွယ်ပေးပါတယ်။

၉။ အသည်းကင်ဆာကို ကာကွယ်ပေးခြင်း
တစ်ပတ်ကို ကော်ဖီ တစ်ခွက်ကနေ သုံးခွက်အထိ
သောက်တဲ့သူတွေက အသည်းကင်ဆာဖြစ်ဖို့ အလားအလာတွေ နည်းသွားပါတယ်။ ကော်ဖီမှာ ကာဖိန်းဓါတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ အာနိသင်က အတူတူပါပဲ။

Want your business to be the top-listed Beauty Salon in Tachileik?
Click here to claim your Sponsored Listing.

Category

Website

Address


Tachileik