Pyae

Pyae

Share

21/09/2022

AA နှင့်ပတ်သက်၍ နပခတိုင်းမှူး ထင်လတ်ဦးက လိုက်နာရမည့် ညွှန်ကြားချက် ၁၀ ချက် လျှို့ဝှက် ထုတ်ပြန်

Western News- စက်တင်ဘာ၊ ၂၁ ရက်

ရခိုင်ပြည်တွင်၊ တိုက်ပွဲများ ပြင်းထန်လာချိန် ရက္ခိုင့်တပ်တော် AA နှင့် ပတ်သက်၍ နပခတိုင်းမှူး ထင်လတ်ဦးက လိုက်နာရမည့် ညွှန်ကြားချက် ၁၀ ချက်ကို လျှို့ဝှက် ထုတ်ပြန်လိုက်သည်။

လူမှုကွန်ရက်တွင် ရဲကြေးနန်းစာ ပြန့်နှံ့နေ၍ Western News က ယင်းထုတ်ပြန်စာသည် အစစ်ဟုတ်၊ မဟုတ် စစ်တပ် သတင်းရင်းမြစ်များသို့ ဆက်သွယ်မေးမြန်းရာ စာအစစ်ဖြစ်ကြောင်း ပြန်လည်ဖြေဆိုသည်။

ယင်းအပြင် ညွှန်ကြားချက်မှာလည်း အမှန်တကယ်ပင်ဖြစ် ကြောင်း၊ စစ်ကောင်စီအနေဖြင့် ရခိုင်ပြည်နယ်ကို နံပါတ်တစ် ဦးစားပေး လုံခြုံ ရေးနှင့် စစ်ဆင်ရေး အဆင့် သတ်မှတ်ထားကြောင်း၊ တိုင်းမှူးညွှန် ကြားသည်ဆိုသော အချက်များမှာ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်ပိုင်းကလာသော ညွှန်ကြား ချက်များဖြစ်ကြောင်း အတည်ပြုပြောဆိုသည်။

အနောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး ညွှန်ကြားသော အမိန့် ၁၀ ချက်မှာ (က) စစ်ဆေးရေးဂိတ်များအားလုံး မည်သည့်ယာဉ်မှ ဖြတ်သန်းသွားလခြင်းမပြုလုပ်ရန်၊ (ခ) ကုန်းလမ်း၊ ရေလမ်းကြောင်းများရှိ စစ်ဆေးရေးဂိတ်များကို စနစ်တကျ စစ်ဆေးသွားရန်၊ (ဂ) ကုန်သည်၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဝန်ထမ်းများကို ခေါ်ယူ၍ အစည်းအဝေးပြုလုပ်ပြီး AA နှင့် ဆက်သွယ်မှုပြုလုပ်ပါက ထိရောက်စွာ အရေးယူသွားမည်ဟု ချပြ ပြောကြားရန်ဖြစ်သည်။

ယင်းအပြင် (ဃ) တပ်ဖွဲ့ဝင်၊ မိသားစုများ၊ စားရေးသောက်ရေး အတွက် ရိက္ခာအမယ်စုံများ စုဆောင်းထားရှိရန်၊ (င) တပ်လှုပ်ရှားမှုများ ဆောင်ရွက်ရာတွင် စနတစ်ကျ စုဖွဲ့သွားလာရန် (စ) လိုအပ်သော ရိက္ခာများ ပို့ဆောင်နိုင်ရေး စစ်ရေးအမြင်ဖြင့် ကြိုတင်ပြီး စီမံဆောင်ရွက်ထားရှိရန်၊ (ဆ) AA အားထောက်ပံ့မှုပေးသည့် အမာခံများကို စုံစမ်းဖော်ထုတ်အရေးယူသွားရန်၊(ဇ) တပ်လှုပ်များ၊ လမ်းကြောင်းလခရများ၊ ချီတက် ထွက်ခွာစဉ် စနစ်တကျ မိုင်းရှင်းလင်းပြီး စစ်နည်းဗျူဟာမြောက် ချီတက်သွားလာရန်ဖြစ်ကြသည်။

အလားတူ(ဈ) တပ်ဖွဲ့ဝင် မိသားစုများအား တပ်ရန်ပုံငွေများဖြင့် သက်သာချောင်ချိရေး ဆောင်ရွက်ပေးသွားရန်၊(ည) ရန်သူ့သတင်းများရရှိရေး တပ်ဖွဲ့ဝင်မိသားစုများမှ တစ်ဆင့် ရယူနိုင်ရေး စည်းရုံးဆောင်ရွက်ရန် ညွှန်ကြားချက် ထုတ်ပြန်ထားခြင်းဖြစ်သည်။

လက်ရှိတွင် AA နှင့် စစ်ကောင်စီတပ်များ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ် စပ်တစ်လျှောက်နှင့် ချင်းပြည်နယ်၊ ပလက်၀ဘက်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်၏ နယ်ခြားစောင့် စခန်းများကို AA က ဆက်တိုက် သိမ်းပိုက်လျက်ရှိသည်။

Western News-WN

Want your business to be the top-listed Gym/sports Facility in Sittwe?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Sittwe