Fake Page
The Arakan Territorial News
ULA/AA ခဲဝါအဖွဲ့မှ တရားမဝင်လုပ်ငန်းလုပ်ကိုင်သူများထံက ဆက်ကြေးများတောင်းခံပြီးချမ်းသာ နေတာ အားမရလို့ ဒေသခံများဆီကလည်း ဆက်ကြေးများ အတင်းအဓ္ဓမကောက်ခံနေ
============================
ဖေဖော်ဝါရီ ၂၁
ULA/AA ခဲဝါအဖွဲ့ဝင် တိုက်နယ်မှူး စံလှိုင်(ခ)ပျံလွှားဆိုသူမှ တောင်ကုတ်မြို့နယ်၊ ကင်းတောင်ကျေးရွာနေ ဒေသခံပြည်သူများဆီက တစ်အိမ်ထောင်ကို တစ်လလျှင် ငွေ ၁၀၀၀၀ကျပ်နှင့် ဆန်၁အိတ်မဖြစ်မနေထည့်ခိုင်းထားပြီး မထည့်တဲ့သူတွေကို အမျိုးသားသစ္စာဖောက်အဖြစ် သုတ်သင်ရှင်းလင်းမယ်လို့ ခြိမ်းခြောက်ခံနေရတာနဲ့ ပတ်သက်ပြီး ကင်းတောင်ကျေးရွာနေ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက အခုလို ဆက်သွယ်သတင်းပေးပို့လာပါတယ်။
"ကျွန်တော်တို့ ရွာသားတွေကို တစ်အိမ်ထောင် ငွေ ၁၀၀၀၀နဲ့ ဆန်၁အိတ်မဖြစ်မနေထည့်ရမယ်၊ မထည့်ရင်လည်း အမျိုးသား သစ္စာဖောက်ဆိုပြီး မိသားစုလိုက်ရှင်းပစ်မယ်လို့ ခြိမ်းခြောက်နေတယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ရွာသားတွေက မကျေနပ်ကျဘူး၊ သူတို့က ကင်းတောင်ရွားနားမှာ မှောင်ခိုလုပ်တဲ့သူတွေဆီကလည်း ငွေတွေရနေတယ်ဗျာ၊ နွား ၁ကောင်ကို ၂သောင်း၊ သစ် ၁တန်ကို ၁သိန်းနဲ့ ကောက်နေတာ၊ ဒါတောင် အားမရသေးဘဲ လက်လုပ်လက်စားရွာသားတွေဆီကပါ ဂုတ်သွေးထပ်စုပ်နေတယ်၊ တကယ်ကို မလုပ်သင့်တဲ့အရာပါ၊ သူတို့လုပ်ရပ်က ရခိုင်ပြည်နယ် လွတ်လပ်ရေးရမရတော့မသိဘူး၊ ဒေသခံတွေကတော့ ဘဝပျက်ဖို့များနေပြီ၊ ကြောက်လို့သာ ငြိမ်ခံနေရတာ၊ ကြာလေ အကြောင်းသိလေ မေတ္တာမရှိလေပဲ"
ULA/AAခဲဝါအဖွဲ့ခေါင်းဆောင်ပိုင်းတွေ အနေနဲ့ စစ်ပွဲဒဏ်နဲ့ မြေပြင်အခြေအနေမှန်ကို ပြည်သူတွေ သိရှိလာလို့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ထောက်ခံမှုကျဆင်းလာတာကြောင့် လက်ရှိစစ်တပ်နဲ့ အပစ်အခတ်ရပ်စဲထားတဲ့ ကာလအတွင်းမှာ ရခိုင်ပြည်နယ်တောင်ပိုင်းမှာ ငွေကြေး၊ ရိက္ခာနဲ့ လူသစ်စုဆောင်းတာတွေကို ဖိအားပေးစေခိုင်းတာတွေ ရှိနေပြီး ဖိအားဒဏ်ကို မခံနိုင်တော့တာကြောင့် လွန်ခဲ့တဲ့ရက်ပိုင်းက တောင်ကုတ်မြို့မတိုက်နယ်မှူး ရွှေဝဆိုသူကိုယ်တိုင် ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်သွားတယ်လို့လည်း သိရှိရပါတယ်။
The Arakan Territorial News
The Arakan Territorial News
Arakan Rohingya Daily News Today Arakan Tv.
Date/21/02/2023/ Wednesday February.
Click here to claim your Sponsored Listing.
Website
Address
Sittwe
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |