Delivery sittwe

Delivery sittwe

Share

Photos from Delivery sittwe's post 30/11/2022

ကြက်ဥ တဆင့်ပြန်လည်ရောင်းချလိုသူများ ၊ မုန့်တိုက်များ ၊ ကြက်ဥ အသုံးများသူများ လိုအပ်ပါက Delivery Sittwe ကို ဆက်သွယ်နိုင်ပါတယ် ။

ကြက်ဥ လတ်ဆတ်မှု့ ၊
သန့်ရှင်းမှု့ ၊ အချိန်အတွယ် ဈေးနှုန်းမှန်ကန်ဖို့ကို အာမခံပါတယ်။

Regular Customer များအတွက် stock ပြတ်လပ်ခြင်း မရှိအောင် ဝန်ဆောင်မှု့ပေးသလို မုန့်တိုက်များ မုန့်ဖိုများအတွက်လည်း သက်သာသောဈေးနှုန်းနှင့် ပစ္စည်းပြတ်လပ်မှု့ မရှိအောင် စီမံထားရှိပေးထားပါတယ်။

ကြက်ဥ အပြင် ဘဲဥ များလည်း မှာယူ၍ ရနိုင်ပါတယ်။

ပို့ခပေးရန် မလိုပဲ ဆိုင်/အိမ် တိုင်ရာရောက်ပို့‌ဆောင်ပေးနေပါပြီ။

ကြက်ဥလတ်ဆတ်မှု့ကိုလည်း အထူးအာမခံ‌ပေးပါသည်။

ဆက်သွယ်ရန်
📞 09 454443328

🏡 ဆိုင်လိပ်စာ
🛖 ​အမှတ် ၁ ၊ကျောင်းကြီးလမ်း၊ ကျောင်းကြီးလမ်း ရပ်ကွက် စစ်တွေမြို့ သို့လည်း လာရောက်လေ့လာဝယ်ယူနိုင်ပါတယ်။

နေ့စဉ် ကြက်ဥဈေးနှုန်းများကို အလျင်းသင့်သလိုဖော်ပြပေးသွားမည်ဖြစ်ပါသဖြင့် ဝင်ရောက်ကြည့်ရှု့ပေးဖို့လည်း ဖိတ်ခေါ်ပါတယ်။

ဝယ်ယူအားပေးသူ တဦး တယောက်ဆီတိုင်းအား အထူးကျေးဇူးတင်ရှိပါတယ် ။

🏔️Delivery Sittwe မိသားစု
ကြက်ဥ လက်လီ /လက်ကား

Photos from Delivery sittwe's post 30/11/2022

"အိမ်ရှင်မတွေ မသိသေးတဲ့ ထမင်းချက်နည်း
လျှို့ဝှက်ချက် (၉) ချက်"

၁. ရှာလကာရည်

ရှာလကာရည်ကတော့ ထမင်းသိုးခြင်းကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။
ရာသီဥတုပူပြင်းတဲ့ အချိန်တွေမှာ ရှာလကာရည်လေးကို တစ်စက်လောက်ထည့်ပြီးချက်ပေးပါ။ ထမင်းရဲ့ အနံ့အရသာကို ပေါ်လွင်စေရုံသာမက ထမင်းသိုးခြင်းမှလည်း ကာကွယ်ပေးပါတယ်။

၂. ဘီယာ

ပေါ်ဆန်မွှေးဆန် ဝယ်စားလို့မရလို့ စိတ်မညစ်နဲ့နော်။ တကယ်လို့ သင့်အိမ်မှာရှိတဲ့ ဆန်ဟောင်းက အထားကြာသွားပြီး ချက်လိုက်တဲ့ အခါမှာ ဆန်သစ်လောက် မကောင်းတာတို့ အနံ့မကောင်းတို့ဆိုရင် ထမင်းချက်တဲ့ အခါမှာ ဘီယာကို အနည်းငယ်လောက် ထည့်ပြီး ချက်ပေးပါ။
ဒါဆိုရင် ပေါ်ဆန်မွှေးဆန်လို မွှေးပျံတဲ့ အနံ့နဲ့ ထမင်းကိုရရှိစေပါမယ်ရှင်။

၃. မြေပဲဆီ

ဆန်ဖွာဖွာကြီး မစားချင်ဘူးဆိုရင် ထမင်းချက်တဲ့ အခါမှာ ဆားအနည်းငယ်နဲ့ ဆီအနည်းငယ်ကို ထည့်ပြီး ရောမွှေပြီး ချက်ပေးပါက ဆန်ဖွာခြင်းမရှိတဲ့ ခံတွင်းတွေ့စေမှာပါနော်။

၄. ဆား

လက်ကျန်ထမင်းကြမ်းကို ပြန်နွှေးတဲ့ အခါမှာ
ဆား အနည်းငယ် ထည့်ပြီး နွှေးပေးခြင်းဖြင့်
အနံ့ဆိုးများကို ပျောက်ကင်းစေသည့်အပြင် ထမင်းကြမ်းကလည်း နူးနူးညံ့ညံ့လေးနဲ့မို့
တဖန်ပြန်ပြီး စားလို့ကောင်းပါတယ်။

၅. အရက်ဖြူ (သို့မဟုတ် ) ဆန်အရက်

ထမင်းအိုးတည်နေရင်း မီးပျက်တဲ့ အချိန်တွေမှာဆိုရင် ထမင်းက ကျက်တဝက် မကျက်တဝက် ဖြစ်နေတက်ပါတယ်။
အဲ့လို အချိန်မျိုးနဲ့ ကြုံတဲ့ အခါမှာ အရက်ဖြူကို ထမင်းစားဇွန်း ၂ ဇွန်းလောက်ထည့်ပြီး နွှေးခြင်းဖြင့် ထမင်းကို လုံး၀ ကျက်စေပါတယ်။
ပြောရရင်တော့ ဆန်ကို တပြေးတည်း ပြန်ကျက်စေပါတယ်။

၇. ကြက်သွန်မြိတ်

ထမင်း အိုးနှပ်နေတဲ့ အချိန်မှာ ထမင်းတူးသွားပါက ထမင်းကြားမှာ ကြက်သွန်မြိတ် တစ်ပင် ကို
ထည့်ပြီး ခဏအုပ်ထားပေးပါက တူးနံ့များကို
ယူပစ်သလို သက်သာပျောက်ကင်းစေပါတယ်။

၈. လက်ဖက်

ရေနွှေးကြမ်းကို ထမင်းချက်တဲ့နေရာမှာ
ထည့်ပြီး သာမန်အတိုင်း ထမင်းချက်ပါက
ထမင်းရဲ့ အနံ့အရသာကို ပြည့်စုံရုံသာမက အာဟာရလည်း ဖြစ်ပါတယ်။
လက်ဖက်ခြောက်တွေကိုတော့ ဆယ်ထားပြီး
ရေနွှေးကြမ်းရည်ကိုသာအသုံးပြုပါနော်။

၉. သံလွင်ဆီ

ထမင်းချက်တဲ့ အခါမှာ သံလွင်ဆီ အနည်းငယ် ထည့်ပြီး ချက်ပေးပါက ဆန်ထဲရှိ သကြားဓာတ်
တိုးမြင့်မှုကို ထိန်းချုပ်နိုင်တဲ့ အပြင် အစာအိမ်ကိုလည်း ဥပဓ်မဖြစ်စေနိုင်ပါဘူး။
ဆီးချိုရှိတဲ့ ရောဂါသည်တွေ အတွက်လည်း သင့်လျှော်ပါတယ်။

crd😋

Want your business to be the top-listed Food & Beverage Service in Sittwe?
Click here to claim your Sponsored Listing.

Category

Telephone

Address


Myo Ma Market
Sittwe
17013