JOIN The World

JOIN The World

Share

29/06/2026

Trapped in a Family 🍀
(မိသားစုအတွင်းမှာ ပိတ်မိသွားကြသူများ)_အပိုင်း (၁)

မိသားစုဆိုတာ ကမ္ဘာပေါ်မှာ ရှိသမျှ ခွန်အားတွေထဲက စွမ်းအားအရှိဆုံး အရာတစ်ခု ဖြစ်ပါတယ်..
“မိသားစု” ဆိုတဲ့ အတွေးကို တွေးလိုက်ရုံနဲ့ စိတ်ညစ်နေသူတွေလည်း အားတက်သွားတယ်..

စိတ်ဓါတ်ကျနေသူတွေလည်း စိတ်ခွန်အားတွေ မြင့်လာတယ်.. မလုပ်နိုင်တဲ့အရာဆိုတာ မရှိဘူး
မိသားစုအတွက်ဆိုရင် ဘာမဆိုကို လုပ်နိုင်တယ်ဆိုတဲ့ အဲဒီလိုခွန်အားမျိုးက ဘယ်မှာရှိတော့မလဲနော်..

သို့သော်လည်း လွဲမှားနေတဲ့ အရာလေးတွေ မလုပ်သင့်တဲ့ အရာလေးတွေ ရှိပါတယ်.. “မိသားစု” မို့လို့ပဲ လုပ်ပေးရမယ်, ကြည့်ရှုစောင့်ရှောက်ရမယ်,
ပေးကမ်းရမယ်.. ငွေကြေးထောက်ပံ့ရမယ်.. “မိသားစု” ထဲမှာ သားမို့လို့ သမီးမို့လို့ပဲ တာဝန်ကျေရမယ် စတဲ့ မျှော်လင့်ချက်အမှားတွေကို မထားသင့်ပါဘူး.

အခုခေတ် လူငယ်ပိုင်း, လူလတ်ပိုင်းတွေအတွက် အရမ်းကိုမှ ကြီးလေးတဲ့ တာဝန်ဖြစ်ပါတယ်.. “မိသားစု” အတွင်းမှာ သမီးမို့လို့ ပိုသိတတ်ရမယ်, သားမို့လို့ ယောကျ်ားပဲ မပေးနိုင်လည်း ဘာမှမဖြစ်ဘူး စတဲ့ လျော့ပေါ့ပေးတဲ့ အမြင်တွေ ရှိပါတယ်..

အဲဒီလို မိသားစုကို ထောက်ပံ့ပေးကမ်းဖို့အတွက်တောင် သမီးမိန်းကလေးဆီမှာပဲ တာဝန်ရှိတယ်ဆိုတဲ့ မျှော်လင့်ချက်တွေက ပိုများတတ်ကြပါတယ်..

ဒါတွေထက် အဓိကကျတဲ့ အချက်ကို ပြောပါမယ်.. လူငယ်တွေ နိုင်ငံခြားကို ရောက်လာကြတယ်, ရရာ အလုပ်ကို ပေးတဲ့ အခကြေးငွေကို ယူပြီး ဝင်လုပ်ကြတယ်.. လကုန်ရင် မိသားစုကို ငွေပြန်ပို့ကြတယ်, ထောက်ပံ့ကြတယ်, အိမ်မှာ မိသားစုဝင်တွေများတဲ့သူတွေဆိုရင် ပိုပြီးတော့ ပင်ပင်ပန်းပန်းနဲ့ ငွေရှာရတာပေါ့..

အဲဒီလိုနဲ့ တစ်လပြီး တစ်လ, တစ်နှစ်ပြီး တစ်နှစ်,
ပတ်စ်ပို့ စာအုပ်တွေသာ လဲလာရတယ်, ဒီတစ်နှစ်ပြီးရင် အိမ်ပြန်ရနိုးနိုး, နောက်တစ်နှစ်ဆိုရင် အိမ်ပြန်နိုင်ပြီ အားတင်းရင်းနှင့် အချိန်တွေဟာ အဲဒီလူငယ်တွေရဲ့ အသက်တွေကို တိုက်စားလိုက်ပါပြီ..

တကယ်တမ်းပြောရရင် မိဘတွေအနေနဲ့ သားသမီးအပေါ်မှာ တာဝန်ကျေတဲ့ မိဘတွေ ရှိသလို, တာဝန်မကျေတဲ့ မိဘတွေလည်း ရှိပါတယ်.. တာဝန်လို့ ပြောလိုက်ရင် ဘယ်အရာတွေကို လုပ်ပေးရင် တာဝန်ကျေတာလဲပေါ့.. သားသမီးတစ်ယောက် သူ့ခြေထောက်ပေါ် ရပ်တည်နိုင်ဖို့အတွက်, ဘဝအတွက် အသက်မွေးဝမ်းကြောင်း ပြုနိုင်ဖို့အတွက် တတ်သင့် တတ်ထိုက်တဲ့ အတတ်ပညာ, သိသင့်သိထိုက်တဲ့ အသိပညာတွေကို သင်ယူခွင့်ပေးရမယ်..(သားသမီးကိုယ်တိုင်က
မကြိုးစား အားထုတ်မှုနည်းလို့ ကျရှုံးတာကို မဆိုလိုပါဘူး) .

သားသမီးဆီက လွှဲပေးလိုက်တဲ့ငွေတွေကိုလည်း ဘယ်လို သုံးပြီး ဘယ်လို စုမယ် ဘယ်လို စီမံခန့်ခွဲပြီးတော့ သားသမီးတွေ ပြန်လာရင် သူတို့အတွက် အရင်းအနှီးလေးတစ်ခု ဖြစ်သွားအောင် ဖန်တီးပေးထားတယ်ဆိုတဲ့ မိဘတွေ ဘယ်နှစ်ယောက်လောက် ရှိနိုင်မလဲ​ ?

ဒီလိုနဲ့ နိုင်ငံခြား ဝေးရပ်မြေခြားမှာ တစ်ယောက် တည်း ရုန်းကန်ရင်း အလုပ်လုပ်ရင်း မိသားစုအတွက် ပိုက်ဆံထောက် ပံ့ရင်း မိသားစုဝင်တွေအားလုံးအတွက် ပံ့ပိုးနိုင်ဖို့ တစ်ယောက်တည်း လုပ်နေကြရတာပါ..

မိသားစုအတွက် ပိုက်ဆံထည့်ပေးလိုက်ရင်လည်း အကြောင်းအရင်း တစ်ခုနဲ့ ကုန်သွားတာမျိုး, အကြွေးပြန်တင်တာမျိုး, ပြန်ဆပ်ဖို့အတွက် ရုန်းကန်ရပြန်ပြီ.. ဒီသံသရာထဲက လွတ်မြောက်ဦးမှာလား ?

နင် တစ်ယောက်ပဲ အနစ်နာခံလိုက် မိသားစုအတွက် လုံလောက်ပြီ ဆိုတဲ့ တစ်ဖက်သတ် ဆုံးဖြတ်ပေးတဲ့ မိဘတွေ, သားသမီးက ပိုက်ဆံမထည့်ပေးနိုင်ရင်
မပံ့ပိုးပေးနိုင်ရင် မသိတတ်ဘူး, ငရဲအိုး ဂျိုးကပ်မဲ့သူ စတဲ့ ကျိန်စာမတိုက်ရုံတမယ် အပြောဆို ခံရမှုတွေကိုရော ဘယ်သူက သိနိုင်မှာလဲ ?

အမဲခံအိုးအနေနဲ့ တစ်မိသားစုလုံးအတွက် “သူတို့ရဲ့ဘဝတွေ” ကို ရင်းနှီးလိုက်ရတဲ့ အချိန်တွေ, နုပျိုငယ်ရွယ်မှုတွေ, လူငယ်ဘဝတွေကို ဘယ်သူက အစားထိုး ပြန်ရအောင် လုပ်ပေးမှာလဲ ?​

အဲဒါ ဘယ်တော့လဲ ဘယ်တော့လဲ​ ဘယ်တော့လဲ​?​ ငါတို့ ဘယ်အချိန်မှ အိမ်ပြန်ပြီးတော့ အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်နေထိုင်ဖို့အတွက် ပိုက်ဆံစုမိမလဲ​?

နိုင်ငံရပ်ခြားဆိုတာလည်း သင်ယူစရာတွေ ပြည့်နှက်နေသလိုပဲ တစ်ဖက်မှာ ကိုယ့်ရဲ့ အချိန်တွေကို တိတ်ဆိတ်စွာ ခိုးယူ စားသုံးနေတဲ့ နတ်ဆိုးတစ်ကောင်အလားသာ..

ဒေစီ 🌼

Women Life - Reality
TOUCH Illustration
Nomania I2I Content Creation

29/06/2026

Trapped in a Family _Relatives 🍀
(မိသားစုဆွေမျိုးအသိုင်းအဝိုင်းထဲမှာ
ပိတ်မိသွားကြသူများ) 🍀

လူ​တွေဟာ တစ်​ယောက်တည်း ရှင်သန်​ မ​နေနိုင်ကြပါဘူး.. အစပိုင်းမှာ​တော့ လူ နှစ်ဦး နဲ့ စတင်ခဲ့တဲ့ ဆက်ဆံ​ရေးပါပဲ.. ​တွေ့ဆုံကြတယ်.. ချစ်ကြိုက်ကြတယ်.. ​လက်ထပ်တယ်..ပြီး​တော့ က​လေး​တွေ​မွေးလာတယ်.. ကိုယ်ပိုင် မိသားစု အသိုက်အမြုံလေးတစ်ခု​ ဖြစ်လာပါတယ်။

■ ကိုယ်​တွေ မိသားစု တစ်ခုပဲလားဆို​တော့ မဟုတ်ပါဘူး.။ သားသမီး​တွေကတစ်ဆင့် ​သူတို့လည်း အိမ်​ထောင်​တွေပြုကြတယ်.. က​လေး​တွေ​မွေးလာကြတယ်.. မိသားစုမှာ Family household members ​တွေ တိုးလာကြတာ​ပေါ.။ ​ဒေစီတို့ရဲ့ တစ်ဦးချင်းစီမှာလည်း ကိုယ်နဲ့သက်ဆိုင်တဲ့ မိသားစု​တွေ ကိုယ်စီပိုင်ဆိုင်လာကြပါတယ်။

■ "မိသားစု" ဆိုတာ ဘာကို​ခေါ်တာလဲ ? ​သေချာပါတယ် လူနှစ်ဦးပေါင်းဆုံပြီး ဖြစ်​ပေါ်လာတဲ့အသိုက် အမြုံအိမ်လေးတစ်ခုပါ..။ ထိုမှတစ်ဆင့် ကိုယ်နဲ့ သက်ဆိုင်တဲ့ ညီအစ်ကို ​မောင်နှမတွေ ဘိုး​ဘေး​တွေနဲ့ ဆက်စပ်ပတ်သက်သူ​တွေ အားလုံးက ​ဆွေမျိုးဖြစ်လာကြတာပါပဲ။

■ မိသားစုလို့ ပြောလိုက်ရင် တစ်မျိုးတစ်​ဆွေလုံးထက် ကိုယ်ပိုင်မိသားစု အ​ရေးက ပိုအ​ရေးပါတာ​ပေါ့.. ဒါ​ပေမဲ့​ ဆွေမျိုး​တွေ၊ ညီအစ်ကို ​မောင်နှမ​တွေဆိုတာကလည်း အ​ရေးကြီးပါတယ်.။

■ လူကြီးသူမ​တွေက ဆိုဆုံးမကြတယ်ဆိုရင် မျိုးရိုးဂုဏ် ​ဆွေမျိုး​တွေ သိက္ခာကျ​အောင် မလုပ်နဲ့​။ ဒီစကား​တွေဟာ အရိုးထိ​အောင် စွဲ​စေပါတယ်.။ တစ်ခါတစ်​လေ ကိုယ်ဖြစ်ချင်တာ​တွေ ကိုယ်လုပ်ချင်တာ​တွေ ကိုယ်​ပြောချင်တဲ့စကား​တွေဟာ အလိုလို ထိန်းချုပ်ထားပြီးသား ဖြစ်သွားတတ်ပါတယ်..။ မိသားစုဆွေမျိုးတွေထဲမှာ မွေးဖွားလာကြတဲ့ သားသမီးတွေဟာလည်း ဒီရွေးချယ်ခွင့်မရှိတဲ့ ဆွေမျိုးဆိုတဲ့ ခေါင်းစဥ်အောက်ကို ဝင်သွားကြတော့တာပါပဲ။

■ အရင်ခေတ်တွေမှာတော့ သားယောကျ်ားကို မွေးနိုင်တဲ့ အမျိုးသမီးတွေဟာ မြင့်မြတ်တယ်လို့၊ ဂုဏ်သိက္ခာရှိတယ်လို့ ခံယူထားခဲ့ကြပါတယ်။ ဒါပေမဲ့ သားယောကျ်ားလေး မွေးလာဖို့ဆိုတာ လင်ယောကျ်ားရဲ့ သုတ်ပိုး (S***m) ခရိုမိုဆုန်း (XY) ကပဲ ဆုံးဖြတ်ပေးတယ်ဆိုတာ အခုထိ သိပ္ပံနည်းကျ ရှင်းပြထားပေမဲ့လည်း လက်ခံဖို့ ငြင်းဆန်နေကြဆဲပါပဲ.

■ ခရိုမိုဆုန်း(XY) ဆိုတာ ယောကျ်ားရဲ့ S***m (သုတ်ပိုး) ကြောင့်ပဲ ဖြစ်ပေါ်လာနိုင်ပြီး သားယောကျ်ားလေး ဖြစ်လာတယ်ဆိုတာကို လက်မခံကြတဲ့ Generation တွေ ရှိပါသေးတယ်။ ဒေစီတို့လို 90s borns တွေထဲမှာလည်း အဲဒီလို မိသားစုဆွေမျိုးတွေရဲ့ ထိန်းကျောင်းမှုအောက်မှာ မွေးဖွားလာကြတဲ့ မျိုးဆက်တွေမှာ ယောကျ်ား၊ မိန်းမ၊ သားယောကျ်ား၊ သမီးမိန်းကလေး ခွဲခြားဆက်ဆံခံရတဲ့ ဒဏ်တွေကို ကြုံတွေ့နေရတဲ့ ဖိအားပေးမှု (relative pressure) တွေပဲ ရှိနေကြဆဲ ဖြစ်ပါတယ်။

■ အမျိုးသမီးတွေကမှာ မျိုးဉ ခရိုမိုဆုန်း (X) ကိုပဲ ထုတ်ပေးပြီးတော့ အမျိုးသားတွေက (X or Y) ကို ထုတ်ပေးပါတယ်.. သမီးမိန်းကလေးဆိုရင် (XX) ဖြစ်ပြီးတော့ သားယောကျ်ားဆိုရင် (XY) ဖြစ်ပါတယ်.. သားယောကျ်ားလေးမွေးဖိ့ဆိုရင် အဖေဆီက (Y)ခရိုမိုဆုန်းပါမှ မွေးနိုင်မှာ ဖြစ်ပါတယ်..

■ ရိုးရာအစဉ်အလာတွေ ယုံကြည်ကိုးကွယ်မှုတွေအရ အမေတစ်ယောက်အနေနဲ့ ဘယ်လောက်ပဲ သားဆုပန်သည်ဖြစ်စေ၊ ငါးပါးသီလ မြဲမြံအောင် ကျင့်ကြံအားထုတ်ပေမဲ့လည်း အဖေဖက်က (Y)ခရိုမိုဆုန်း သုတ်ပိုးမလွှတ်ရင် သားယောကျ်ားလေး လုံးဝ မမွေးလာနိုင်ပါဘူး..။

■ သမီးမိန်းကလေးပဲ မွေးလာတယ်ဆိုရင် အဲဒီအမျိုးသမီးကို ရပ်ရွာအသိုင်းအဝိုင်း၊ ဆွေမျိုး အသိုင်းအဝိုင်းမှာ နှိမ်ချစွာ ဆက်ဆံကြတယ်။
သမီးမွေးတာက အမျိုးသမီးတစ်ယောက်ရဲ့အားနည်းချက် ဖြစ်ပြီး လင်ယောကျ်ားကလည်း
အဲဒီအပေါ်မှာ အရှက်ရပြီး သားမယားအပေါ်မှာ နှိပ်စက် အကြမ်းဖက်တာတွေတာတွေ၊​ အိမ်ထောင်ရေး ဖောက်ပြန်တာတွေကို လုပ်ဆောင်လာပါတယ်။ **(ဖောက်ပြန်တဲ့လူက သားယောကျ်ားမမွေးပေးနိုင်လည်း ဖောက်ပြန်မှာပါပဲ. ဒါပေမဲ့ အကြောင်းပြချက်ပေးဖို့ အခွင့်အရေးပိုရသွားတဲ့သဘောကို ပြောချင်တာပါ)**
သားယောကျ်ား မမွေးနိုင်တာက လင်ယောကျ်ားနဲ့ပဲ​ သက်ဆိုင်တယ်ဆိုတာကို သိနားလည်လာဖို့အတွက် အများကြီး လိုအပ်နေပါသေးတယ်။

■ အခုနောက်ပိုင်းမှာတော့ သမီးအရမ်းလိုချင်တဲ့ မိဘတွေလည်း ရှိလာကြတာကလည်း ကောင်းသော အပြောင်းအလဲတစ်ခုပါပဲ။ အမျိုးသမီး တစ်ယောက် ဖြစ်ရတာဟာ ဘယ်တုန်းကမှ မနိမ့်ကျခဲ့ပါဘူး။
ပြောချင်တာကတော့ သမီးဖြစ်ဖြစ်၊ သားဖြစ်ဖြစ် အမေ ဝမ်းထဲကနေ မွေးလာတယ်ဆိုရင် ကိုယ့်သွေးသားအရင်းအချာပါပဲ ။

■ သားယောကျ်ားမွေးနိုင်မှ အမွေဆက်ခံနိုင်မယ်.. မိသားစု ဂုဏ်သိက္ခာကို တက်စေနိုင်ဆိုတာက stereotypes (ပုံသေကားချပ်အယူအဆများ)တွေသက်သက်ပါပဲ။ . သားယောကျ်ား မွေးမယ်၊ သမီးမိန်းကလေး မွေးမယ်ဆိုတာကို ဘယ်သူမှ ဆုံးဖြတ်မပေးနိုင်ပါဘူး.။ (ဘုရားမှာ သားဆုပန်တယ်၊​ နတ်ပင့် ဗေဒင်မေးတယ်၊ ယတြာချေတယ်၊ ဆုတောင်းတယ် စတဲ့ ရိုးရာနည်းလမ်းတွေနဲ့ လုပ်ဆောင်နေကြတာတွေရှိပါတယ်..

■ ဒီရိုးရာနည်းလမ်းတွေမှာ အလုပ်ဖြစ်တယ်ဆိုတဲ့ အစွဲအလမ်း၊ ထင်ယောင် ထင်မှားဖြစ်စေတဲ့ အခြေအနေတွေလည်း ကြုံဖူးတဲ့သူတွေလည်း ရှိနိုင်ပါတယ်.. ဒါကတော့ တစ်ဦးချင်းစီရဲ့ ယုံကြည်ချက် (believes) နဲ့ သက်ဆိုင်သွားမှာပဲ ဖြစ်ပါတယ်.. ဒါပေမဲ့ ကလေးမွေးချင်တယ်, ကိုယ်ဝန်ဆောင်ချင်တယ်ဆိုရင် ကာယံကံရှင်တွေက ကိုယ်တိုင် ကြိုးစားအားထုတ်မှု လိုအပ်ပါတယ်..

■ ဒီလို သားယောကျ်ားမမွေးနိုင်တဲ့ အမျိုးသမီးတွေကို criticize (ဝေဖန်ကဲ့ရဲ့) ကြတဲ့ လူ့အသိုင်းအဝိုင်းကိုကြည့်လိုက်ရင် ကိုယ့်ရဲ့ ဆွေမျိုး အသိုင်းအဝိုင်းက လူတွေဟာ ပထမဆုံး ဖြစ်နေတတ်ကြပါတယ်..
ဘာကြောင့်လဲ ?​ သားယေကျ်ားလေး မမွေးနိုင်တဲ့ အမျိုးသမီးက သူတို့ရဲ့ ပတ်ဝန်းကျင်မှာ ဆွေမျိုးအသိုင်းအဝိုင်းကို အရှက်ရစေလို့ပါ.. ဒါတွေဟာ
တကယ့်ကို အန္တရာယ်များတဲ့ လူမှုပတ်ဝန်းကျင်က သတ်မှတ်ထားကြတဲ့ လူမှုစံနှုန်းသတ်မှတ်ချက် (harmful traditional norms) တွေပဲ ဖြစ်ပါတယ်။

■ ခေတ်ကာလ၊ အချိန်တွေသာ ပြောင်းလဲလာတယ်၊ လူတွေရဲ့အတွေး အခေါ်၊ အယူအဆတွေ၊ စိတ်နေ သဘောထားတွေ၊ အမြင်တွေဟာလည်း ခေတ်နဲ့အညီ ပြောင်းလဲဖို့ လိုအပ်ပါတယ်.. "စျေးသုံးလည်း မလွယ်နဲ့ ရှေးထုံးလည်း မပယ်နဲ့" စတဲ့ ရှေးထုံးအစဥ်အလာတွေထဲမှာလည်း ခေတ်ကာလာအရ အပြောင်း အလဲ လုပ်သင့်တာတွေ၊ မလျော်ညီတာတွေ အကျိုးမရှိတာတွေ များလာပြီရင်ဆိုရင် ပြောင်းလဲလာရမှာပဲ ဖြစ်ပါတယ်။

■ မိသားစု၊ ဆွေမျိုး၊ အသိုင်းအဝိုင်း၊ မိတ်ဆွေ၊ သူငယ်ချင်း တွေဆိုတာ အတွေးအခေါ် အမြင်တွေ အယူအဆတွေ မတူညီတဲ့သူတွေ ပေါင်းစည်းထားတာ ဖြစ်တဲ့အတွက် ကိုယ် လက်မခံနိုင်တဲ့ အရာတွေဆိုတိုင်းလည်း အမှားချည်းပဲမဟုတ်ပါဘူး.။

■□ လူအများ လက်ခံကြတဲ့ အရာတွေကလည်း အမှန်တရား ဖြစ်ချင်မှဖြစ်မှာပါ..။ ကိုယ်ပိုင် အသိတရား ဆင်ခြင်ဉာဏ်နဲ့ သုံးသပ်ပြီး အမှား၊ အမှန်၊ ကျိုးကြောင်းတရား ဖြစ်မဖြစ်ကို ဆင်ခြင်သုံးသပ်မှ တော်ကာကြမှာ အမှန်ပါပဲ။

ဒေစီ 🌼
Women Life - Reality
Nomania I2I Content Creation
TOUCH Illustration

09/06/2026

အကောင်းဆုံးတွေကိုပဲ မျှော်လင့်ထားပါ 🍀

အဆိုးဆုံးတွေ ကြုံလာရင်တောင်

မယိုင်မလဲတဲ့ စိတ်ထားတွေနဲ့

ဘယ်လို ရှေ့ဆက်နေထိုင်မလဲ

ဘဝကို ဘယ်လို ဖြတ်သန်းမလဲဆိုတာကိုပဲ

အာရုံစိုက်ထားလိုက်ပါနော်

အဆိုးဆုံးအရာတွေ ပြီးသွားရင်

အကောင်းဆုံးဆိုတာတွေ ရောက်လာမှာပါ..

ဒေစီ 🌼

Want your business to be the top-listed Business in Sittwe?
Click here to claim your Sponsored Listing.

Website

Address


Sittwe

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00