Aung Soe

Aung Soe

Share

28/05/2025

PDF ဒုတပ်ရင်းမှူးဇနီးဖြစ်သူ CDM ရဲတပ်ဖွဲ့ဝင်ကို စစ်ကောင်စီတပ်ကပစ်သတ်

ဆော၊ မေ ၂၈၊ ၂၀၂၅။

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်PDF အမှတ် ၁၆ တပ်ရင်း ဒုတပ်ရင်းမှူးရဲ့ဇနီးလည်းဖြစ်တဲ့ CDM ရဲတပ်ဖွဲ့ဝင်အမျိုးသမီး စစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုခံရပြီး သေဆုံးခဲ့တယ်လို့ မိသားစုဝင်တွေထံက သိရပါတယ်။

သေဆုံးသူမှာ ဒုတပ်ရင်းမှူး ကျော်မင်းသူ(ခ)ကျော်လေးရဲ့ဇနီး မမေသက်ဝေ ဖြစ်ပြီး ၎င်းတို့ ၂ ဦးဟာ ဆောမြို့နယ်၊ ကံကြီးကုန်းကျေးရွာမှာရှိနေချိန် မေ ၁၉ ရက် နေ့လယ် ၁၂ နာရီကျော်မှာ အင်အား ၈၀ ခန့်ပါ ကျောက်ထုအခြေစိုက် အမတ ၃၆၈ စစ်ကောင်စီတပ်က အဆိုပါကျေးရွာအတွင်း စစ်ကြောင်းထိုးလာစဥ် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။

" ကျနော်တို့လင်မယားအတူရှိနေချိန်မှာ စကစကမထင်မှတ်ဘဲ ဝင်ရောက်လာခဲ့တယ်။ ဝင်ရောက်လာတော့ ကျနော်တို့အတူ ထွက်ပြေးကြတာပေါ့။ အတူထွက် ပြေးတဲ့အချိန်မှာ ကျနော်ကရှေ့ကကျတယ်။ မိန်းမကတော့ နောက်ကနေကျန်ခဲ့တယ်။ စကစပစ်လိုက်တဲ့ကျည်က ပေါင်မှာမှန်တယ်။ ခေါင်းပိုင်းတွေမှာလည်းမှန်တယ်။ အလောင်းတွေ့တဲ့အချိန်မှာပဲ ပြေးတဲ့နေရာကနေ ထိမှန်သွားတာလို့ပဲ ယူဆပါတယ် ။ စကစက ဖမ်းမိလို့ပစ်သတ်တာမျိုးတော့ မဟုတ်ပါဘူး" လို့ ဒုတပ်ရင်းမှူး ကိုကျော်မင်းသူက မြေလတ်အသံကို ပြောပါတယ်။

သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ မမေသက်ဝေရဲ့ရုပ်အလောင်းကို မေ ၂၃ ရက် မနက်ပိုင်းမှာ ဂန့် ဂေါခရိုင်အမှတ် ၁၅ တပ်ရင်းမှ တပ်မှူးနဲ့အဖွဲ့က ကံကြီးကုန်းကျေးရွာအနီး ရင့်ရဲကျေးရွာအပြင်ဘက် ရေမြောင်းအတွင်းတွေ့ရှိခဲ့တာဖြစ်ပြီး အဲ့ဒီနေ့ နေ့လယ်ပိုင်းမှာပဲ ရုပ်အလောင်းကို ထီးလင်းမြို့နယ်၊ ကျေးရွာတရွာမှာ သင်္ဂြိုဟ်ပေးခဲ့တယ်လို့သိရပါတယ်။

မမေသက်ဝေမှာ CDM အမျိုးသမီးရဲတပ်ဖွဲ့ဝင်ဖြစ်သလို ဂန့်ဂေါခရိုင်အမှတ် ၁၆ တပ်ရင်းရဲ့ စစ်ဦးစီး/စစ်ရေး/စစ်ထောက်တာဝန်ခံအဖြစ် ထမ်းဆောင်နေတာဖြစ်ပြီး သေဆုံးချိန်မှာ အသက် ၂ နှစ်အရွယ်သား ၁ ဦး ကျန်ရှိခဲ့တယ်လို့ သိရပါတယ်။

ထီးလင်းမြို့နယ်အခြေစိုက် ဂန့်ဂေါခရိုင်အမှတ် ၁၆ တပ်ရင်းမှ ဒုတပ်ရင်းမှူးရဲ့ဇနီး ဦးရေးထောက်တာဝန်ခံ မမေသက်ဝေတို့ ရှိနေခဲ့တဲ့ ဆောမြို့နယ်၊ ကံကြီးကုန်းကျေးရွာမှာ ကျောက်ထုအခြေစိုက် အမတ ၃၆၈ အမြောက်တပ်ရင်းနဲ့ ၆ မိုင်ခန့်သာ ကွာဝေးတယ်လို့ သိရပါတယ်။

သတင်း - အောင်စိုး၊ စာတည်း - ဟိန်းစံ

#မြေလတ်အသံ
#ဆော #ဒုတပ်ရင်းမှူးဇနီး ျိုးသမီးရဲတပ်ဖွဲ့ဝင် #သေဆုံး

မြေလတ်အသံ page ကို Like ပေးခြင်း၊ YouTube Channel ကို Subscribed ခြင်းဖြင့် မြေလတ်အသံ ရေရှည်ရပ်တည်နိုင်ရေး ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
*****************************************
အောက်ပါလင့်တွေမှာလည်း မြေလတ်အသံရဲ့ သတင်းများကို ဖတ်ရှုနိုင်ပါတယ်။
Website - https://myaelattathan.com/
Youtube - https://www.youtube.com/channel/UCJpykv7SLazaVzdurxhURIg
Telegram - https://t.me/myaelattathan
Twitter - https://twitter.com/Myaelatt_Athan
Instagram - https://www.instagram.com/myaelatt_athan/
Tiktok - https://www.tiktok.com/.athan

24/08/2022

ကယ်ဆယ်ရေးပေးနေသော အဖွဲ့အစည်းများအနေဖြင့် အခက်အခဲကြုံတွေ့ပါက အကူအညီတောင်းခံနိုင်သည်ဟု ULA/AA ပြော

မြေလတ်အသံ၊ ဩဂုတ် ၂၃၊ ၂၀၂၂။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ပေးအပ်ရန်ဆောင်ရွက်လျက်ရှိနေသည့် အဖွဲ့အစည်းများကို စစ်‌ကောင်စီတပ်နှင့် ၎င်းတို့၏ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးတို့မှ အကြောင်းအမျိုးမျိုးပြ၍ လူမဆန်စွာ ပိတ်ပင်တားဆီးနေမှုများ၊ အခက်အခဲများကြုံတွေ့ရပါက ရက္ခိုင်ပြည်သူ့အစိုးရ(ULA/AA)သို့ ဆက်သွယ်၍ ကူညီပံ့ပိုးမှုများကို ဆောင်ရွက်နိုင်သည်ဟု AAကပြောဆိုလိုက်သည်။

အဆိုပါပြောဆိုမှုကို ဩဂုတ်လ ၂၃ ရက်ယမန်နေ့တွင် ရသေ့တောင်မြို့နယ်အတွင်း စစ်ဘေးရှောင်များနှင့်ပတ်သက်၍ထုတ်ပြန်သည့် စာစောင်တွင် အထက်ပါအတိုင်းရေးသား‌ပြောဆိုလိုက်ခြင်းဖြစ်သည်။

ရက္ခိုင့်တပ်တော်အနေဖြင့် ယခုလိုတာဝန်ယူပေးမည်ဆိုပါက စားနပ်ရိက္ခာအခက်အခဲများဖြစ်‌နေသည့် ကျေးရွာများနှင့် စစ်ဘေးရှောင်စခန်းများကို ထောက်ပံ့မှုများဆက်လက်ပြုလုပ်သွားမည်ဟု ကူညီကာကယ်ရေးလုပ်ငန်းများဆောင်ရွက် နေသူတဦးက ပြောသည်။

"ကျနော်တို့က ရွာတွေ၊ စစ်ရှောင်စခန်းတွေကို သွားလို့ ထောက်ပံ့ပေးချင်နေတာပါ။ ဒါပေမယ့် စစ်ကောင်စီက သွားခွင့်မပြုတော့ မပေးရဘူး။ အခု တပ်တော်ကအကူအညီပေးမယ်ဆိုတော့ အဆင်ပြေသွားတာပေါ့။" ဟု ဆိုသည်။

ဩဂုတ်လ ၁၃ ရက်တွင်ဖြစ်ပွားခဲ့သော ရက္ခိုင်၊ ပလက်ဝဒေသအတွင်းတိုက်ပွဲများ နောက်ပိုင်းမှစ၍ အကျအဆုံးများပြီး အထိနာခဲ့သော စစ်ကောင်စီတပ်သည် ရေချမ်းပြင်-အငူမော်-မောင်တောလမ်းနှင့် မောင်တော-ကြိမ်ချောင်း (မြောက်ဘက်ပိုင်း) လမ်းတွင် ပြည်သူများခရီးသွားလာမှုနှင့် ကုန်စည်စီးဆင်းမှုကို ပိတ်ထားလိုက်ပြီး၊ စစ်တွေအမြန်ရေယာဉ်ဆိပ်၊ ရေချမ်းပြင်ဆိပ်နှင့် မောင်တော-ဘူးသီးတောင်လမ်းများတွင် စစ်ဆေးခြင်းများကို ယခင်ကထက်ပို၍ တင်းကျပ်စွာလုပ်ဆောင်လျက်ရှိသည်။

ယင်းအပြင် ဩဂုတ်လ ၂၀ ရက်မှစတင်ပြီး ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီတပ်၏ ဗျူဟာဂိတ်မှ ဘူးသီးတောင်-မောင်တောသို့ ကုန်စည်ကူးသန်းရောင်းဝယ်မှုဆိုင်ရာကိစ္စရပ်များကို ပိတ်ပင်တားမြစ်ကာ ကုန်စည်ရိက္ခာစီးဆင်းခြင်းကိုလည်း လုံးဝ ဖြတ်တောက်လိုက်သလို မောင်တော-အငူမော် ကားလမ်းကြောင်းတလျှောက် မောင်တောမြို့နယ်တောင်ဘက်ပိုင်းနှင့် မြောက်ဘက်ပိုင်းကျေးရွာများသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စားနပ်ရိက္ခာ ဖြန့်ဝေရေးလုပ်ဆောင်နေကြသည့် အဖွဲ့အစည်းများကိုလည်း စစ်ကောင်စီတပ်မှ သွားလာခွင့်များကို ကန့်သတ်ပိတ်ပင်လိုက်သည်ဟုသိရသည်။

ယင်းကြောင့် မောင်တောမြို့နယ်ရှိ ကျေးရွာများမှာ စားနပ်ရိက္ခာပြတ်တောက်ကာ အကူအညီများ မဲ့နေကြသည်ဟု ဒေသခံများထံမှသိရသည်။

ယင်းအပြင် မောင်တောမြောက်ပိုင်းရှိကျေးရွာများသို့ ထောက်ပံ့ပစ္စည်းများသွားပို့မည့် INGO,NGO များကို ၁၀ ရက်ခန့်ကြာ ပိတ်ပင်တားဆီးမှုများရှိရာမှ ပြီးခဲ့သည့်ဇူလိုင်လ ၂၈ ရက်မှစတင်ကာ အကန့်အသတ်ဖြင့် သွားရောက်ထောက်ပံ့ခွင့်ပြုလိုက်သည်ဟု သိရသည်။

#မြေလတ်အသံ

ဓါတ်ပုံ - AA

Photos from မြေလတ်အသံ - Myaelatt Athan's post 20/08/2022
Want your public figure to be the top-listed Public Figure in Sittwe?
Click here to claim your Sponsored Listing.

Category

Address


Main Road
Sittwe
07014