Self Learning CAD

Self Learning CAD

Share

12/04/2025

အားလုံးပဲမင်္ဂလာပါ ခင်ဗျ 🙏🙏

ဒီနေ့မှာတော့ ကျွန်တော်တို့အနေနဲ့ Engineering နယ်ပယ်မှာ

Designer တစ်ယောက်အဖြစ်အသက်မွေးမှာလား?🦾🦾

Drafter တစ်ယောက်အဖြစ်အသက်မွေးမှာလား?✍️✍️

ဆိုတာကို သေချာရှင်းပြပေးသွားမှာဖြစ်ပါတယ်။

ခုလို CAD နဲ့ဆိုင်တဲ့ ဗဟုသုတတွေ၊ CAD ဆော့ဖ်ဝဲအသုံးပြုပုံတွေကိုလည်း ပုံမှန်မျှဝေသွားမှာဖြစ်လို့

"Horizon CAD Design & Drafting Solution" Page လေးကို Like & Follow လုပ်ပေးထားကြပါဦး။

"Self Learning CAD Page" လေးကို Like & Share လေးလုပ်ပေးထားကြဖို တိုက်တွန်းပါတယ်ခင်ဗျ။
ဲဒီ Page လေးကတော့ ကျွန်တော့်ရဲ့ Sharing only Page ဖြစ်ပါတယ်။

Video လေးတွေကို Page မှာလည်းပုံမှန်တင်ပေးသွားမှာဖြစ်သလို အောက်က YouTube နဲ့ Telegramm Channel မှာလည်း တင်ပေးသွာမှာဖြစ်လို လင့်လေးတွေကိုဝင်ပြီး Subscribe လုပ်ပြီး Join ထားနိုင်ပါတယ်ခင်ဗျ
YouTube link
https://youtube.com/?si=K7DVBa_Bg3ILd5qV
Telegram Link
https://t.me/selflearningcad

Photos from Horizon CAD Design & Drafting Solution's post 16/01/2025

Working in Progress

"JEEP CAR"

Modeled by AutoDesk Inventor

Photos from Horizon CAD Design & Drafting Solution's post 09/12/2024

"ပထမဆုံး CAD Program"

Photos from Self Learning CAD's post 20/10/2024

အားလုံးပဲမင်္ဂလာပါခင်ဗျ

မိတ်ဆွေတို့အတွက် လိုလိုမယ်မယ်အသုံးပြုလို့ရနိုင်မယ့်

"AutoCAD Baisc Tips"

ဆိုတဲ့ Pdf စာအုပ်လေးတစ်အုပ်ကို အားလုံးအတွက် မျှဝေပေးသွားချပါတယ်။

စာအုပ်တန်ဖိုးလေးကတော့

#အလကားပါဘဲခင်ဗျ 😘😘

တစ်ခုလုပ်ပေးရမှာက မိတ်ဆွေတို့အနေနဲ့ Page ‎ေလးကို Like & Follow လေးလုပ်ပြီး ဒီပို့စ်လေးကို Share ပေးရပါမယ်။
သူငယ်ချင်းတွေကို Tag ပြီး Share လည်းရသလို Tag မလုပ်လည်းရပါတယ်။

ပြီးတော့Share ထားတဲ့ပို့စ်ကို Screen Shot ရိုက်ပြီး မူရင်းပို့စ် Comment Box မှာ လို့မန့်ပေးရင်ရပါပြီခင်ဗျ။

ဒီအချက်လေးတွေ လိုက်လုပ်ပေးသူတွေအားလုံးကို တစ်ယောက်ချင်းစီလိုက်ပြီး ကျွန်တော်စာအုပ်လေးလာပေးပါ့မယ်။

24/09/2024

AutoCAD, Inventor, Solidworks, Revit, Sketchup စတဲ့ Engineering Software တွေ သုံးနိုင်ဖို့ ဘယ် Laptop တွေရွေးချယ်ရမလဲ

တိုတိုတုတ်တုတ် ရှင်းရှင်းလင်းလင်းပြောရမယ်ဆိုတော့
1. CPU မြင့်လေကောင်းလေ
2. RAM များလေအဆင်ပြေလေ
3. GPU မြင့်လေကောင်းလေ

အဓိကဒီသုံးခုကိုကြည့်ပါတယ်။

1. CPU

CPU ဆိုတာ Intel ဆိုရင် Core i3၊ i5၊ i7၊ i9 တို့ဘာတို့ပေါ့။ AMD ဆိုရင်တော့ Ryzen 3၊ 5၊ 7၊ 9 တို့နဲ့လာမယ်။
အဲတော့ ဂဏန်းမြင့်လေကောင်းလေလို့ ယေဘုယျ မှတ်ထားလို့ရပါတယ်။

ဒါပေမယ့် genration တွေ CPU အမျိုးအစားတွေပေါ်မူတည်ပြီး ကွဲလွဲမှုတွေရှိပါသေးတယ်။

Intel က စဉ်းစားရင်တော့ အနည်းဆုံး i5 8 gen လောက်ရွေးချယ်သင့်ပါတယ်။

2. RAM

RAM ကတော့ multitasking အတွက်အများကြီးအရေးပါပါတယ်။ Engineering Software တွေက RAM ကိုအရမ်းကြိုက်တဲ့ ကောင်တွေဖြစ်တာကြောင့် RAM ကလည်းများလေကောင်းလေပါဘဲ။

အနည်းဆုံး RAM 8Gb လောက်ဖြစ်သင့်ပါတယ်။ ဒါပေမယ့် ဒါက လုံးဝငွေမတတ်နိုင်ဆုံးအခြေအနေကိုညွှန်းတာဖြစ်ပါတယ်။

3. GPU

GPU ဆိုတဲ့ Graphic ကတော့ Rendering တွေကောင်းကောင်းလုပ်နိုင်ဖို့ မပါမဖြစ်ကိုပါရမယ့်ကောင်ဖြစ်ပါတယ်။

သူ့မှာလည်း ရွေးချယ်စရာက AMD Radeon နဲ့ Nvedia GeForce ဆိုပြီးနှစ်မျိုးရှိပါတယ်။

အနိမ့်ဆုံး Nvedia GTX 1650 နဲ့ AMD RX 5600 လောက်ရွေးချယ်သင့်ပါတယ်။

Storage တွေကတော့ SSD ဆိုရင်တော့ပိုကောင်းတာပေါ့။ Gb များလေကောင်းလေပါဘဲ။ မတတ်နိုင်ရင်တော့ HDD ပဲပေါ့။ ဒါပေမယ့်ဖြစ်နိုင်ရင် SSD ပဲသုံးပါ။

Battery ကတော့ အားခံလေကောင်းလေ။ ဒါပေမယ့် ခုနားက CPU တို့ GPU တို့မြင့်လေလေ အားကမခံလေလေပါဘဲ။ ဒီတော့ Battery ကျတော့ သိပ်မမျှော်လင့်ပါနဲ့။

နောက်ဆုံးပြောရရင်တော့ ကိုယ်ရွေးချယ်တဲ့အပေါ်မှာမူတည်ပြီး စျေးကတော့ မြင့်လာမှာပါဘဲ။

အဓိကအနေနဲ့ ကိုယ်က ဘယ်လောက်အတိုင်းအတာထိသုံးမလဲဆိုတာသိဖို့လိုပါတယ်။ ပုံမှန် 2D, 3D ပေါ့ပေါ့ပါးပါးလေးတွေဆိုရင် ကိုယ်တတ်နိုင်သလောက်လေးနဲ့ ရွေးချယ်လို့ရပါတယ်။

ဒါပေမယ့် ကိုယ်က 3D components တွေအများကြီးနဲ့ Assembly အကြီးစားတွေ၊ 3D Visualization အမြင့်ကြီးတွေ Rendering လုပ်မယ်၊ Animation တွေလုပ်မယ်ဆိုရင်တော့ ပိုက်ဆံအိတ်ဖောင်းနေပါစေလို့သာဆုတောင်းထားလိုက်ပါတော့။ 😁

ခုလို CAD နဲ့ဆိုင်တဲ့ ဗဟုသုတတွေ၊ CAD ဆော့ဖ်ဝဲအသုံးပြုပုံတွေကိုလည်း ပုံမှန်မျှဝေသွားမှာဖြစ်လို့
"Self Learning CAD Page" လေးကို Like & Share လေးလုပ်ပေးထားကြဖို့ တိုက်တွန်းပါတယ်ခင်ဗျ။

Video လေးတွေကို Page မှာလည်းပုံမှန်တင်ပေးသွားမှာဖြစ်သလို အောက်က YouTube နဲ့ Telegramm Channel မှာလည်း တင်ပေးသွာမှာဖြစ်လို့ လင့်လေးတွေကိုဝင်ပြီး Subscribe လုပ်ပြီး Join ထားနိုင်ပါတယ်ခင်ဗျ

YouTube link
https://youtube.com/?si=K7DVBa_Bg3ILd5qV

Telegram Link
https://t.me/selflearningcad

Want your school to be the top-listed School/college in Sittwe?
Click here to claim your Sponsored Listing.

Address


Main Road
Sittwe
07091