Akyab Directory
02/10/2024
Internet အဆင်မပြေလို့ pageမှာ active မဖြစ်တာအတော်ကြာသွားခဲ့ပါတယ်
October born တွေအတွက် October born flowerအကြောင်းကို ပြန်share ပေးလိုက်ပါ တယ်🌺🌼🌻
🙏🙏🙏
အလုပ်လျှောက်မယ် အပိုင်း(၂)
အလုပ်လျှောက်ဖို့ CV နဲ့ Cover Letter ကိုသေချာခွဲခွဲခြားခြားသိဖို့လိုအပ်ပါရေ။
𝗖𝗩 (𝗖𝘂𝗿𝗿𝗶𝗰𝘂𝗹𝘂𝗺 𝗩𝗶𝘁𝗮𝗲)(အလုပ်လျှောက်မယ် အပိုင်း ၁ မှာ ဥပမာပြ ထားပီးပါရေ)
CV ကတော့ ကိုယ့်ရဲ့ အချက်အလက်ချေတိကို အသေးစိတ် ဖော်ပြဖို့အတွက်ဖြစ်ပါရေ။
CVမှာ ကိုယ့်ရဲ့ personal data
အသေးစိတ်ကစပြီး ကိုယ့် တက်ခရေ အတန်းပညာ ဘွဲ့ သင်တန်း၊ အောင်မြင်ခရေ လုပ်ဆောင်ချက်၊ကျွမ်းကျင်မှုတွေကိုကိုပိုမြင်သာအောင် ခေါင်းစဉ်ခွဲ တစ်ခုချင်းစီခွဲပြီးရေးဖို့ ဖြစ်ပါရေ။ CVရေးတဲ့အခါ စာမျက်နှာ အရေအတွက်ဟာ ၂မျက်နှာကနေ ၃မျက်နှာအထိရေးလို့ရပါရေ။
𝗖𝗢𝗩𝗘𝗥 𝗟𝗘𝗧𝗧𝗘𝗥
Cover letter ကတော့ခါ ကိုယ့်စော်မိတ်ဆက်ရစော်ပါ။
တစ်နည်းအားဖြင့် ကိုယ်စော်ကို promotion ဆင်းရစော်မျိုးပါ။
ကိုယ့် ကျွမ်းကျင်မူ့ ကိုအကြမ်းဖျဉ်းအကျဉ်းချုပ်ပြောပြရစော်ပါ။ ကိုယ်ကအေ အလုပ်နဲ့ ဇာကြောင့်ကိုက်ညီမှုရှိ
လေဆိုစော်ကို ထင်ထင်ရှားရှား ဖြစ်အောင် ရေးပေးရပါဖို့။ ကိုယ့်အားသာချက် လုပ်ငန်းအတွေ့အကြုံ အေအလုပ်ကို ဇာလောက်ထိ တက်တက်ကြွကြွ စိတ်အားထက်သန်ပြီး လုပ်ချင်နိရလေ ဆိုစော်ကို ရေးပြရဖို့ပါ။
Cover Letter ကောင်းရေဆိုကေ အင်တာဗျူးခေါ်ခံရဖို့လည်းရာခိုင်နှုန်းများပါရေ။
အဓိက သတိထားရဖို့ အချက်က တော့ ခါ လွန်လွန်ကျုးကျုး အများကြီး မရေးဖို့လိုပါရေ။ ပြီးကေ အကူ level လျှောက်တေခါ ကိုယ်က မာစတာဘွဲ့ရထားစော် မျိုးတိ ရာထူးမြှင့်နဲ့ အရင်က လုပ်ဖူးခစော်မျိုးတိ မထည့်စော် အကောင်းဆုံး ပါ။ ဥပမာ အစိုးရ အလုပ်မှာ ဦးစီးလုပ်ဖူးခရေဆိုကေ အေဘက်မှာ ရာထူးနိမ့်နိမ့်လျှောက်တေခါ အင်တာဗျူး အခေါ်ခံရဖို့နည်းပါရေ။
ဇာပိုင်ထည့်သင့်လေဆိုကေ ယင်းဌာနမှ ဇာနှနှစ်ကနိ ဇာနှနှစ်ထိလုပ်ဖူးခရေ ဆိုစော်မျိုးတော့ ထည့်ပေးရပါဖို့။
ရာထူးအမြှင့်လျှောက်တေဆိုကေတော့ခါ အားလုံးကိုထည့်ပေးလို့ရပါရေ။
Cover letter ဥပမာကို အပိုင်း (၃) မှာ ဖော်ပြပီးလားပါဖို့။
NGO မှာ တခါလေ့ မလျှောက်ဖူးရေ လူတိအတွက် ရည်ရွယ်ပါရေ။
#အလုပ်လျှောက်မယ်
01/12/2023
ဒီဇင်ဘာ ~ Narcissus & Holly
ဒီဇင်ဘာလတွင် မွေးဖွားသောပန်းသည် narcissus (စက္ကူအဖြူရောင် narcissus ကဲ့သို့) ဖြစ်ပြီး တခြားသော ပန်းတွေလည်းအများကြီးရှိပါသည်။
ဒီဇင်ဘာရဲ့ မွေးနေ့ပန်းရဲ့ အဓိပ္ပါယ်လေးကတော့ ပျော်ရွှင်မှု၊ အကောင်းမြင်မှု၊ ကံကောင်းမှုနှင့် ငြိမ်းချမ်းမှုဟူသော အဓိပ္ပါယ်ရှိသည့် ပျော်ရွှင်စရာများနှင့် ပြည့်နှက်နေပြီး နှစ်သစ်နီးလာပြီး နှစ်ဟောင်းကို နူတ်ဆက်ခြင်းပြုလုပ်ရတော့မယ့် အချိန်ကာလဖြစ်သည်။
တစ်စုံတစ်ခု၏အဆုံးသတ် အခြားအရာတစ်ခု၏အစဖြစ်တာကြောင့် မျှော်လင့်ချက် အသစ် ရည်မှန်းချက် အသစ်တွေကို ဖော်ကြူးဖို့ အစပြုဖို့အကောင်းဆုံးကာလလေးတခု ဖြစ်တယ်။
ဒီဇင်ဘာလကိုယ်စားပြု သောပန်းများ၏တူညီသော အဓိပ္ပာယ် လေးတွေကတော့ ပြန်လည်မွေးဖွားခြင်း၊ ဆုမွန်ကောင်း များရရှိခြင်း၊ ကောင်းမွန်သော ပွဲတော်များ
ဖြင့် နှစ်ကုန်အောင်ပွဲခံရန်နှင့် ပျော်ရွှင်ဖွယ်ကောင်းခြင်းကို ဆောင်ကြဉ်းပေးခြင်း.... စသည့်ကောင်းမွန်သော အဓိပ္ပါယ် တွေနဲ့ ပြည့်ဝနေပါသည်။
ယုံကြည်ချက်အသစ် မျော် လင့်ချက်အသစ်ဖြင့် ပြန်လည်နိုးထရန် အကောင်းဆုံး အချိန်ဖြစ်တာကြောင့် ဒီဇင်ဘာ လ ဖွားမွေးနေ့ရှင်လေးများသည်လည်း ကံကောင်းခြင်း တွေဆောင်ကြည်းပေးတဲ့ မွေးလလေးကို ပိုင်ဆိုင် နိုင်ကြပါစေ။ 💐💐💐💐☀☀☀☀
#အချက်အလက်များကိုgoogleမှကောက်နူတ်ဘာသာပြန်ထားပါသည်
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Sittwe