Profit Booster

Profit Booster

Share

10/11/2023

အခုထက်ပိုကောင်းတဲ့headline ရေးတတ်ချင်တဲ့သူတွေနေ့တိုင်းဖတ်ကြတဲ့ Successful Headline Breakdown (64/100)

ကျွန်တော် ဒီနေ့မနက် ခင်ဗျားအတွက် အသေးစိတ် breakdown လုပ်ပေးချင်တဲ့Headlineကတော့…

“Every cell of your face has a “clock” in it! Here's how to
wind those clocks backwards!”

“သင့်မျက်နှာကဆဲလ်တိုင်းမှာ”နာရီကလေး”ပါပါတယ်-ဒီမှာ အဲဒီနာရီလေးတွေကိုဘယ်လိုနောက်ပြန်လှည့်ရမလဲဆိုတဲ့နည်းလမ်းပါ”

ဆိုတဲ့Headlineပါပဲ

ဒီheadlineကိုဘယ်လိုရည်ရွယ်ချက်တွေနဲ့ရေးထားလဲ

ဘာတွေကိုကျွန်တော်တို့headlineတွေရေးတဲ့အခါပြန်အသုံးချလို့ရမလဲဆိုတာကြည့်ကြရအောင်

ပထမဆုံး”သင့်မျက်နှာကဆဲလ်တိုင်းမှာ”နာရီကလေး”ပါပါတယ်”တဲ့

ဒါကတော့ဖတ်တဲ့သူတွေကို “ဘယ်နှယ်ဟာပါလိမ့်

ဘယ်လိုဟာပါလိမ့်

ဘာကြီးလဲ” စသည်ဖြင့် အံ့အားသင့်သွားစေမှာပါ

တမင်တကာ သူတို့ကြားနေကျ၊ ဖတ်နေကျမဟုတ်တဲ့အရာကိုပြောပြီး…

ကိုယ်ပြောချင်တာကို စိတ်ဝင်စားလာအောင် သိချင်လာအောင် curiosityဖြစ်လာအောင်ရေးထားတာပါ

နောက်ပြီး မျက်နှာပေါ်ကဆဲလ်တွေရဲ့သက်တမ်းကို နာရီတခုနဲ့တင်စားထားတာ တော်တော်မြင်သာဥပမာပါပဲ

အချိန်တခုကြာလာရင်မျက်နှာအသားအရည်တွေက တင်းတင်းရင်းရင်းမရှိတော့ဘူး

အရေးအကြောင်းတွေ ၊ Crow’s feetတွေပေါ်လာမယ်

ဒါတွေဟာ မဖြစ်ချင်ဘဲ ဖြစ်လာရတဲ့ သို့မဟုတ် လက်မခံချင်ဘဲ လက်ခံထားရတဲ့ သဘာဝတွေပါပဲ

ဘယ်သူကမှတော့လက်မခံချင်ပါဘူး

မကြိုက်ပါဘူး

ဒါကြောင့်မို့လဲ နုပျိုတင်းရင်းတဲ့ မျက်နှာအသားအရည်တခုပြန်ရအောင် “နာရီတခုလို ဘယ်လိုနောက်ပြန်လှည့်ရမလဲဆိုတဲ့နည်းလမ်း” ကိုပြောပြပြီး …

လူတွေရဲ့ self interestကိုဆွဲဆောင်ထားတာပေါ့

ကိုယ့်မျက်နှာအသားအရည်ကိုပိုပြီးနုပျိုချင်တဲ့သူတယောက်သာ ဒါကိုဖတ်မိရင် ကျော်သွားနိုင်ပါ့မလား ဆိုတာ စဉ်းစားစရာပါပဲ

သူ့အတွက် အကျိုးရှိမယ့်အရာကိုပြောပြမှာကြောင့် ကျော်သွားနိုင်မယ်လို့လဲမထင်ပါဘူး

ဒါကြောင့်အကျဉ်းချုံးကြည့်မယ်ဆိုရင် ဒီheadlineမှာ…

-လူတွေကြားနေကျမဟုတ်တဲ့အရာကိုပြောပြထားတဲ့ Curiosityရယ်

- “နာရီတခုလို ဘယ်လိုနောက်ပြန်လှည့်ရမလဲဆိုတဲ့နည်းလမ်း” ကိုပြောပြထားတဲ့ self interestရယ်ကိုအသုံးချပြီးကြော်ငြာကို ဆက်ဖတ်ချင်လာအောင် ဆွဲဆောင်ထားတာတွေ့နိုင်ပါတယ်

ဟုတ်ပါပြီ

ဒီလောက်ဆိုရင် ဒီheadlineကို ဘယ်လိုရည်ရွယ်ချက်တွေနဲ့ရေးထားတယ်ဆိုတာ နားလည်လောက်ပြီ

Headlineရေးတဲ့အခါပြန်အသုံးချစရာလေးတွေလဲရသွားလောက်ပြီလို့ထင်ပါတယ်

ကောင်းသောနေ့လေးတနေ့ပိုင်ဆိုင်နိုင်ပါစေဗျ


#ကြော်ငြာ

Want your business to be the top-listed Advertising & Marketing Company in Shwebo?
Click here to claim your Sponsored Listing.

Telephone

Website

Address


Shwebo