Captain Win
14/05/2026
၁၄ ရက် မေလ
ပင်လယ်ကွေ့ ဟောမုစ ရေလက်ကြား
အခင်းအကျင်းကြောင့် လောင်စာ
ပြသနာ ပြီးရင် နောက်ထပ်ခံစားရမယ့်
ပြသနာကတော့ လယ်ယာစိုက်ပျိုးရေး
အတွက် ဓာတ်မြေဩဇာ ပြတ်လပ်မှုပါ
ကမ္ဘာ့ လိုအပ်ချက် ပုလဲ ဓာတ်မြေဩဇာ
၃၀% ခန့် နဲ့ အမိုးနီးယား ၃၀% လောက်က
ဆော်ဒီ ကာတာ အီရန် နဲ့ ယူအေးအီးက
ထွက်ပါတယ်
လက်ရှိ အခင်းအကျင်းနဲ့တင်
အာဖရိကတိုက်ရှိ လယ်သမားတို့
အတွက် ဓာတ်မြေဩဇာ လိုအပ်ချက်
အတွက် သယ်ပေးတဲ့ ကားခ ဈေးတက်
ဓာတ်မြေဩဇာ ဈေးတွေတက်ပြီး
အချိန်မှီ စိုက်ပျိုးဖို့ ခက်ခဲလို့
မကြာခင် စားနပ်ရိက္ခာ ရှားပါးတဲ့ဒုက္ခ
ဖြစ်လာနိုင်ကြောင်း ပညာရှင်များက
သတိပေး ပြောကြား ခဲ့ပါတယ်
ဟောမုစ ရေလက်ကြားကလည်း
ပိတ်ထားတယ် ဆိုပေမဲ့ ဂျပန်အခြေစိုက်
ဆီတင်သင်္ဘော တစ်စီး ဂျပန်ဝန်ကြီးချုပ်
အီရန် ကို အကူအညီတောင်းေပးလို့
ဟောမုက ထွက်ခွင့်ရ
တရုတ် Super Tanker ဆီတင်သင်္ဘော
နှစ်စီး လည်း ယူအက်စ သမတ တရုတ်
နိုင်ငံမသွားခင် ဟောမုစ ကထွက်ခွာသွား
အိန္ဒိယကို သွားမယ့် LPG တင်
သင်္ဘော နှစ်စီး လည်း ဟောမုစ
ပြသနာ မရှိဘဲ ထွက်ခွာခဲ့ကြပါတယ်
Credit
https://gcaptain.com/africas-farmers-brace-for-food-crisis-as-hormuz-fertilizer-flows-collapse/
Photo Courtesy
11/05/2026
မေလ ၁၂ ရက်
တိုင်ဝမ် အစိုးရက အီရန်ကို
ပင်လယ်ကွေ့ထဲ ပိတ်မိနေတဲ့
တိုင်ဝမ် အခြေစိုက် ကုန်သေတ္တာ
သင်္ဘော ကုမ္ပဏီ ၃ ခု မှ သင်္ဘော
၈ စီး ကို ဟောမုစ ရေလက်ကြား
ဘေးကင်းစွာ ဖြတ်ခွင့် ပြုရန် တောင်းဆို
Evergreen သင်္ဘော လုပ်ငန်းက ၆စီး
Wang Hai နဲ့ Yang Ming မှ ၁စီးစီပါဝင်
Credit
https://theloadstar.com/taiwan-in-talks-with-iran-to-free-flag-carrier-box-ships-from-the-gulf/
Photo courtesy
21/04/2026
ဧပြီလ ၂၁ ရက်
ဟောမုစ ရေလက်ကြား ကို
ပိတ်လိုက် ဖွင့်လိုက် ဖြစ်နေတဲ့ကြားက
ပါရှန်း ပင်လယ်ကွေ့ထဲ ပိတ်မိနေတဲ့
အပျော်စီး ခရီးသည်တင် သင်္ဘောတွေ
အထဲက MSC Euribia အပါအဝင်
Celestial Crystal နဲ့ အားလုံးပေါင်း
၄ စီး ဟောမုစ ကနေ လွတ်ထွက်ခဲ့
ဒါ့အပြင် MSC ကုန်သေတ္တာ သင်္ဘော
လုပ်ငန်း က ပိတ်မိနေတဲ့ ကုန်သေတ္တာ
သင်္ဘောကြီး ၈ စီး မှ ၆ စီးလည်း
ဟောမုစ က ဘေးကင်းစွာ ထွက်နိုင်ခဲ့
ပြီလို့ ဆိုပေမဲ့ AIS တွေပိတ်ထားဆဲပါ...
MSC Clara... MSC Grace...
MSC Margrit XIII... MSC Madeleine
MSC Francesca အပါအဝင် ၆ စီးပါ...
အပျော်စီး ခရီးသည်တင် သင်္ဘော တွေ
ကတော့ ခရီးသည်တွေ နဲ့ သင်္ဘောသား
အတော်များများ ကို လေယာဉ်နဲ့
ကယ်ထုတ်ခဲ့ပြီး၊ သင်္ဘော မောင်းဖို့ လိုတဲ့
သင်္ဘောသား အရေအတွက်နဲ့သာ
မောင်းထွက်ခဲ့တာပါ...
၄၅ရက်ကြာ ပိတ်မိနေပြီး မှ လွတ်လာတဲ့
အပျော်စီး ခရီးသည်တင် သင်္ဘော
ကပ္ပတိန် တစ်ဦး ရဲ့ ပြောပြချက်အရ
အိုမန် ကမ်းခြေဖက်က ကပ်ပြီး အီရန်နဲ့
ဝေးတဲ့ ဖက်က ထွက်လာတာလို့ ဆိုပါတယ်
ပိတ်မိနေတဲ့ CMA CGM က သင်္ဘောကြီး
၄စီးက အဘူဒါဘီ နား မှာ ရှိနေဆဲပါ
Credit
https://theloadstar.com/six-msc-vessels-among-eight-box-ships-to-escape-from-hormuz/
https://www.independent.co.uk/travel/news-and-advice/cruise-ship-msc-strait-hormuz-gulf-b2960840.html
Photo Courtesy
16/04/2026
ဧပြီ ၁၆ ရက်
နှစ်ပေါင်း ၄၀၀ ကျော် လိုက်နာ ကျင့်သုံး
လာတဲ့ freedom of the Sea နဲ့
ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း မှာ
ကမ္ဘာ တစ်လွှား ကျင့်သုံးလာတဲ့
ဥပဒေ ဖြစ်တဲ့ Law of the Sea
UNCLOS တွေက ...
အီရန် နဲ့ ယူအက်စရဲ့
စစ်အင်အားတွေ အပြန်အလှန် သုံး
Freedom of Sea ကျင့်သုံးလို့ ရတဲ့
High Sea ရေပြင်တွေမှာ ပိတ်ဆို့မှုတွေ
လုပ်လာလို့... ထို အလေ့အထ ကောင်းတွေ
ပျက်စီး ဆိတ်သုဉ်း သွားနိုင်တယ်လို့
စောင့်ကြည့် လေ့လာသူများက ဝေဖန်...
တစ်ပြိုင် နက်ထဲ မှာဘဲ .. ယူအက်စ
ရေနံစိမ်း နဲ့ လောင်စာ တင်ပို့မှု ကမ္ဘာ့
အများဆုံး နိုင်ငံတစ်ခု အဖြစ် တစ်ရက်
ရေနံစည်ပေါင်း ၅.၂ သန်း တင်ပို့ခဲ့
အဲ့ဒီလို တင်ပို့နိုင်မှု အနေအထား က
ယူအက်စ အတွက် ဒုတိယ ကမ္ဘာစစ်
နောက်ပိုင်း အများဆုံး ဖြစ်တယ်လို့
ဆန်းစစ်လေ့လာသူ Kpler က ထုတ်ဖေါ်
ပြောကြား...
တစ်ခြား ဖက်မှာလည်း... VLCC
ဧရာမ ဆီတင်သင်္ဘော အသစ်တွေ
အမှာစာချတာက ထိုးတက်သွားပြီး
တောင်ကိုရီးယားမပါ... တရုတ်နိုင်ငံ
တစ်ခုတည်း တင် အစီးရေ ၁၁ စီး အထိ
ရှိခဲ့ပါတယ်
Credit
https://splash247.com/four-centuries-of-maritime-freedom-at-stake/
https://splash247.com/advantage-tankers-lines-up-vlcc-newbuild-brace-in-china/
Photo Courtesy
Click here to claim your Sponsored Listing.
Category
Website
Address
Sanchaung
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |