Another Development - AD
AD is a local policy think-tank and a non-profit organization set up to be part of the solution to the problems and conflicts prevailing in Myanmar by advocating effective public policy change.
20/01/2021
ကိုဗစ် ၁၉ ကပ်ရောဂါ နှောင်းပိုင်းကာလအတွင်း ပြန်လည်ဖွင့်လှစ်မည့် စီးပွားရေးလုပ်ငန်းများ အတွက် အကြံပြု လမ်းညွှန်ချက်များ (အပိုင်း - ၁)
--------------------------------------------------------------------------
၂၀၂၀ခုနှစ်အတွင်း ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် နိုင်ငံအဝှမ်း စီးပွားရေးလုပ်ငန်းများ ပိတ်သိမ်းရခြင်း၊ ရပ်ဆိုင်းရခြင်း တို့ ဖြစ်ပွားခဲ့ရပါသည်။ ယခုအချိန်တွင် အခြေအနေအရ ချမှတ် ကန့်သတ်ထားသည့် စည်းမျဉ်းများ စတင်ဖြေလျော့လာပြီ ဖြစ်သောကြောင့် အသေးစား စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် လိုက်လျောညီထွေ ရှိစွာဖြင့် မည်ကဲ့သို့ လုံလုံခြုံခြုံ တည်တည်မြြဲမဲ ရှေ့ဆက်ရမည်ကို စဉ်းစားရန်လိုအပ်ပါသည်။
ကိုဗစ် ၁၉ ကပ်ရောဂါသည် စီးပွားရေးလုပ်ငန်းတိုင်းကို ပုံစံအမျိုးမျိုးဖြင့် အကျိုးသက်ရောက်စေခဲ့ပါသည်။ အချို့လုပ်ငန်းများက ရွှေ့ပြောင်းလုပ်ကိုင်သည့် လုပ်ငန်းအဖြစ်ပြောင်းလဲပြီး အချို့ကမူ လုပ်ငန်း လည်ပတ်ပုံကို ချိန်ညှိကြပါသည် သို့မဟုတ် လုံးဝပိတ်သိမ်းခဲ့ကြရပါသည်။ စီးပွားရေးလုပ်ငန်းများ အချိန်အပြောင်းအလဲနှင့် ပုံမှန်အတိုင်း ပြန်လည်စတင်နိုင်စွမ်းကို အကျိုးသက်ရောက်စေသည့် အကြောင်းရင်းများမှာ
- ဒေသအလိုက် ချမှတ်ထားသည့် အိမ်တွင်နေထိုင်ရေး/stay at home စည်းမျဉ်းများ
- ပတ်ဝန်းကျင်တွင် ကိုဗစ် ၁၉ ကပ်ရောဂါ ပြင်းထန်မှု
- လုပ်ငန်း နေရာအတည်တကျ ရှိမရှိ
- လုပ်ငန်းခွင်အတွင်း လူမှုခြားနားခြင်း/social distancing (တစ်ဦးနဲ့တစ်ဦးအကြား အနည်းဆုံးခြောက်ပေ) ကို သတ်မှတ်နိုင်မှု
- စားသုံးသူနှင့် အလုပ်သမားများအကြား ထိတွေ့မှုအဆင့် (ဉပမာ - တိုက်ရိုက် ထိတွေ့သည့် အလှပြင်ဆိုင်များ နှင့် ကာယအားကစားရုံများ/gyms Vs. သွယ်ဝိုက် ထိတေွ့သည့် လက်လီဆိုင်များနှင့် စားသောက်ဆိုင်များ) တို့ဖြစ်ကြပါသည်။
ကျွန်ုပ်တို့၏ နိုင်ငံအနေနှင့် ပြည်သူ့ကျန်းမာရေးအပေါ် ရောဂါပိုး၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရင်း ပြန်လည်ထူထောင်စဉ်အတွင်း စီးပွားရေးလုပ်ငန်းတိုင်း အနေဖြင့် ခက်ခဲသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရမည်မှာ အသေအချာပင် ဖြစ်ပါသည်။
ကျန်းမာရေးနှင့်လုံခြုံရေး စည်းကမ်းများ ချမှတ်ထားသော်လည်း စီးပွားရေးလုပ်ငန်းများ ပြန်လည် ဖွင့်လှစ်လာသည်နှင့်အမျှ စားသုံးသူများအနေဖြင့် အခြားလူများနှင့် ထိတေွ့မိမည်ကို စိုးရိမ်ရပါသည်။ စားသုံးသူအများအပြား ဝင်ငွေမဲ့ခြင်း သို့မဟုတ် လျော့နည်းခြင်းတို့ကို ခံစားရ၍ အပြည့်အဝ လည်ပတ်နေသည့် ဒီဂျီတယ် လုပ်ငန်းများပင်လျင် အရောင်းမြှင့်တင်ရေး လုပ်ဆောင်ရန် အခက်တွေ့ရနိုင်ပါသည်။
ဆက်လည်ရှင်သန်မည့် စီးပွားရေးလုပ်ငန်းများမှာ စားသုံးသူများ၏ အသစ်အသစ်သော ပြောင်းလဲလာသည့် လိုအပ်ချက်များနှင့်အညီ လိုက်လျောညီထွေ ပြောင်းလဲနိုင်သည့် လုပ်ငန်းများဖြစ်ပါသည်။ သင်တို့အနေဖြင့် ဂရုတစိုက် စီစဉ်ရမည် ဖြစ်ပြီး သင်တို့၏လုပ်ငန်းနှင့် ပတ်သက်၍ မည်သည်ကို ပြောင်းလဲရန်လိုအပ်သည်ကို သာမက ကပ်ရောဂါလွန် ကမ္ဘာတစ်ရပ်တွင် မည်သည့် အခွင့်အလမ်းအသစ်များ တည်ရှိနိုင်မည်ကိုပါ နားလည်ရန်လိုအပ်ပါသည်။
နိုင်ငံအဝှမ်း ကန့်သတ်ချက်များ ပယ်ဖျက်လာသည်နှင့်အမျှ သင့်လုပ်ငန်းအနေဖြင့် ပြန်လည်ဖွင့်လှစ်ရန် လိုအပ်သည့် အဆင့်များကို ဖော်ပြသွားမည် ဖြစ်ပါသည်။ သင်၏ ပြန်လည်ဖွင့်လှစ်ရေး မဟာဗျူဟာသည် သင့်လက်ရှိအခြေအနေနှင့် လုပ်ငန်းအမျိုးအစား အပေါ်မူတည်သော်လည်း သင့်၏ အစီအစဉ်ကို ပံ့ပိုးရန် နှင့် ပုံမှန်အသစ်/new normal အခြေအနေအတွက် ပြင်ဆင်ရန် အကြံပြုချက်များကို ဆက်လက်ဖော်ပြသွားမည်ဖြစ်ပါသည်။
ကိုးကား ။ ။
Small Business Coronavirus Reopening Guide A guide to helping businesses of all types and in all regions navigate the complex process of reopening and evolving post-coronavirus pandemic.
15/01/2021
ကျောင်းများ၌လူမှုအသိုင်းအဝိုင်းအတွင်းအားလုံးပါဝင်နိုင်မှု - ကရင်ပြည်နယ်ရှိ တစ်ဦးချင်း၊ အချင်းချင်းကြား ဆက်ဆံမှုနှင့် စနစ်ပိုင်းဆိုင်ရာအတားအဆီးများ
------------------------------------------------------------------
"၂၀၁၁ ခုနှစ် နိုင်ငံရေးအကူးအပြောင်းကာလမှစ၍ အစိုးရများမှ ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လာခဲ့သည်။ အစိုးရအနေဖြင့် ပညာရေးကို မြှင့်တင်ရန် ကနဉီးခြေလှမ်းမျာနှင့် ဥပဒေဆိုင်ရာပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေပြီ ဖြစ်သော်လည်း သာတူညီမျှဖြစ်စေမှုနှင့် အားလုံးပါဝင်နိုင်မှုနှင့်ဆိုင်သည့် အားနည်းချက်များကဲ့သို့ အခက်အခဲစိန်ခေါ်မှုများလည်း ရှိနေသေးသည်။"
ဤသုတေသနအားဖြင့် ကျောင်းများ၌ လူမှုအသိုင်းအဝိုင်းအတွင်း အားလုံးပါဝင်နိုင်မှုအပေါ်ဆိုင်ရာ အတားအဆီးများကို သိရှိရန်ရည်ရွယ်ပါသည်။ အထူးသဖြင့် ဆရာ/မများနှင့် ကျောင်းသား/သူများ လူမှုရေးအရ အားလုံးပါဝင်နိုင်မှုအပေါ် ထားရှိသော သဘောထားများကို လေ့လာဖော်ထုတ်ရန်နှင့် ယင်းကိစ္စနှင့်ပတ်သက်၍ ၎င်းတို၏ အတွေ့အကြုံများကိုလေ့လာရန်ရည်ရွယ်ပါသည်။ ထို့အပြင် အစိုးရ ကျောင်းများတွင် လူမှုရေးအရ အားလုံးပါဝင်မှုအတွက် အခြေလှမ်းများနှင့် အခြားလုပ်ဆောင်ချက်များအတွက် အတားအဆီးဖြစ်နေသည့် အရာများအား ဖြေရှင်းနိုင်မည့်အခွင့်အရေးများကို ဖော်ထုတ်နိုင်ရန်ရည်ရွယ်ပါသည်။
လူမှုအသိုင်းအဝိုင်းအတွင်းအားလုံးပါဝင်နိုင်မှုကို သိရှိနိုင်ရန် ကရင်ပြည်နယ်ရှိအလယ်တန်း ဆရာ/မများ၊ ကျောင်း အုပ်ကြီးများ၊ အလယ်တန်း ကျောင်းသူ/သားများနှင့် လူတွေ့စစ်တမ်းများ၊ အုပ်စုဖွဲ့ဆွေးနွေးခြင်းများနှင့် တွေ့ဆုံမေးမြန်းခြင်းများ ပြုလုပ်ခဲ့ပါသည်။
အချက်အလက်များအရ ကျောင်း၌လူမှုအသိုင်းအဝိုင်းအတွင်းအားလုံးပါဝင်နိုင်မှုအတွက် အမြင်/အစွဲများ နှင့် ဆိုင်သော အတားအဆီးအများနှင့် စနစ်အတွင်းအကန့်အသက်များကို တွေ့ရပါသည်။
ကျောင်းများ၌ လူမှုအသိုင်းအဝိုင်းအတွင်း အားလုံး ပါတင်နိုင်မှုကို အားပေးမြှင့်တင်ရန် - ကျောင်းကျောင်းသူ/သားအချင်းချင်းကြား အပြန်အလှန်ဆက်ဆံရေးနှင့် ပူပေါင်းဆောင်ရွက်ခြင်းကို မြင့်တက်လာစေခြင်း၊ ကျောင်းသား/သူ၊ ဆရာ/မများ၊ မိဘများနှင့် ပတ်ဝန်းကျင်းအသိုင်းအဝင်းမှ ကိုယ်စာလှယ်များ၏ပူးပေါင်းပါဝင်မှုဖြင့် ကျောင်းတစ်ကျောင်းလုံးပါဝင်သော ချဉ်းကပ်နည်း၊ လူ့အခွင့်အရေးသင်ကြားပေးခြင်းနှင့် ကျောင်းသင်ခန်းစာများအတွင်း တိုင်းရင်းသားယဉ်ကျေးမှု အငွေ့အသက်များပါဝင်ခြင်းတို့ကိုပြုလုပ်ရန် အကြံပြုထားပါသည်။
အဆိုပါသုတေသနစာတမ်းကို အောက်ပါLink များမှ ဒေါင်းလုတ်ရယူနိုင်ပါသည်။
Another Development Website
https://www.anotherdevelopment.org/publications/
Google Drive Link
https://drive.google.com/drive/folders/189RU5oAMRdrUut5Cc-dgmnCh_Y9f2gIx?usp=sharin
10/12/2020
အေဒီအသင်းရဲ့ “၂၀၂၀ခုနှစ် အထွေထွေရွေးကောက်ပွဲ၊ နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများ နှင့် ရွေးကောက်ပွဲဆိုင်ရာကတိကဝတ်များ (ရန်ကုန်တိုင်းဒေသကြီးအား အခြေပြုလေ့လာခြင်း)” သုတေသနစာတမ်းကို အင်္ဂလိပ်ဘာသာစကားဖြင့် ဖတ်ရှုလေ့လာနိုင်ပါပြီ။
Another Development-AD’s research paper named “Political parties and candidates of 2020 election and their campaign promises: A case study of Yangon Region” that is available in English to read.
ဖိုင်ကိုရယူရန်
-------------
https://www.anotherdevelopment.org/publications/
To download a PDF
----------------------
https://www.anotherdevelopment.org/publications/
08/12/2020
ရုပ်သံပြသခြင်း အစီအစဉ်
------------------------------------
အေဒီအသင်းက အသိပညာပေးဇာတ်လမ်းဖြစ်တဲ့ “အားလုံးအကျုံးဝင်ပညာရေးပန်းတိုင်ဆီသို့” ဇာတ်လမ်းနှင့် “မာဘော့” အမည်ရဇာတ်လမ်းတို့ကို မဇိ္ဈမရုပ်သံ (MIZZIMA TV), DVB, Channel 7နှင့် MRTV တို့မှာ ပြသသွားမှာဖြစ်ပါတယ်။
“အားလုံးအကျုံးဝင်ပညာရေးပန်းတိုင်ဆီသို့” ဇာတ်လမ်းတွင် ဆရာ၊ ဆရာမများနှင့် ပညာရေးဆိုင်ရာတာဝန်ရှိသူများအနေနဲ့ ကျောင်းသား၊ ကျောင်းသူများအကြား အားလုံးအကျုံးဝင်မှုမြှင့်တင်ရန်အတွက် လွယ်လင့်တကူ ဖော်ဆောင်နိုင်မည့်နည်းလမ်းတချို့ကို အကြံပြုတင်ပြထားတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။
“မာဘော့”ဇာတ်လမ်းမှာတော့ မာဘော့အမည်ရ စက်ရုပ်တစ်ကောင် ခြေထောက်တစ်ဖက်ပျက်စီးသွားပြီးတဲ့နောက်မှာတော့ အခြားစက်ရုပ်တွေကြား ဘယ်လိုစိန်ခေါ်မှုတွေနဲ့ဆိုင်ရမလဲ...မာဘော့နေထိုင်တဲ့နိုင်ငံမှာ ဘယ်လို မတူကွဲပြားမှုတွေရှိနေလဲ... အခြားနိုင်ငံတွေဆီကို မာဘော့ရောက်တဲ့အခါမှာရော ဘယ်လိုစိန်ခေါ်မှုတွေ တုံ့ပြန်မှုတွေ ခံစားရမလဲ.. စတဲ့အကြောင်းအရာများကို စိတ်ဝင်တစားနဲ့ ဗဟုသုတရဖွယ် ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။
ဒါကြောင့် ပုံပါအစီအစဉ်အတိုင်း စောင့်မျှော်ကြည့်ရှုပေးကြဖို့ ဖော်ပြလိုက်ပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the organization
Telephone
Website
Address
62, 5th Floor, Nyaung Tone Street
Yangon
11111
Opening Hours
| Monday | 10:00 - 17:00 |
| Tuesday | 10:00 - 17:00 |
| Wednesday | 10:00 - 17:00 |
| Thursday | 10:00 - 17:00 |
| Friday | 10:00 - 17:00 |