Maple Language Center - SGG
07/05/2026
อยู่ให้เงียบ เดินให้เบา
→ တိတ်တိတ်ဆိတ်ဆိတ်နေပါ၊ ပေါ့ပေါ့ပါးပါး လျှောက်လှမ်းပါ။
บางครั้ง การใช้ชีวิตที่ดีที่สุด
→ တခါတရံမှာ အကောင်းဆုံးဘဝနေထိုင်နည်းဆိုတာ
ไม่ใช่การทำให้ใครเห็นมากที่สุด
→ လူအများဆုံး သတိထားမိအောင် လုပ်ပြတာ မဟုတ်ပါဘူး။
แต่คือการ “อยู่ให้เป็น”
→ ဒါပေမယ့် “ဘဝကို မှန်ကန်စွာ နေတတ်ခြင်း” ပဲ ဖြစ်ပါတယ်။
โดยไม่ต้องสร้างเสียงดัง
→ ကိုယ့်ကိုယ်ကို အသံကျယ်ကျယ် မဖော်ပြဘဲနဲ့ပါ။
อยู่ให้เงียบ ไม่ใช่การหายไปจากโลก
→ တိတ်တိတ်ဆိတ်ဆိတ်နေတာဟာ လောကကြီးထဲက ပျောက်ကွယ်သွားတာ မဟုတ်ပါဘူး။
แต่คือการไม่เอาตัวเองไปวุ่นวาย
→ ဒါက ကိုယ့်ကိုယ်ကို မလိုအပ်တဲ့အရာတွေထဲ မရှုပ်ထွေးစေခြင်းပါ။
กับเรื่องที่ไม่จำเป็น
→ မလိုအပ်တဲ့ ကိစ္စတွေကို
ไม่ต้องอธิบายทุกอย่าง
→ အရာအားလုံး ရှင်းပြနေဖို့ မလိုပါဘူး။
ไม่ต้องตอบทุกคำถาม
→ မေးခွန်းတိုင်းကိုလည်း ဖြေဖို့ မလိုအပ်ဘူး။
ไม่ต้องใช้ชีวิต เพื่อให้ใครยอมรับ
→ ဘယ်သူ့ရဲ့ လက်ခံမှုရဖို့အတွက်နဲ့ ဘဝကို မနေထိုင်သင့်ပါဘူး။
เดินให้เบา
→ ပေါ့ပေါ့ပါးပါး လျှောက်လှမ်းပါ။
ไม่ใช่การไม่มีตัวตน
→ အဲဒါဟာ ကိုယ့်ကိုကိုယ် ပျောက်ဆုံးနေတာ မဟုတ်ပါဘူး။
แต่คือการใช้ชีวิตอย่างระมัดระวัง
→ ဒါက သတိထားပြီး ဘဝကို နေထိုင်ခြင်းပါ။
ไม่ทำร้ายใครโดยไม่ตั้งใจ
→ မတော်တဆနဲ့တောင် ဘယ်သူ့ကိုမှ မနာကျင်စေဘဲ
ไม่เหยียบหัวใจคนอื่น
→ သူတစ်ပါးရဲ့ နှလုံးသားကို မနင်းချေဘဲ
เพื่อให้ตัวเองไปไกล
→ ကိုယ်တိုင် အောင်မြင်ဖို့အတွက်ပါ။
คนที่นิ่งไม่ใช่คนที่ไม่มีอะไร
→ တိတ်ဆိတ်ငြိမ်သက်နေတဲ့သူဟာ ဘာမှမရှိတဲ့သူ မဟုတ်ပါဘူး။
แต่คือคนที่ “รู้ว่าอะไรสำคัญ”
→ “ဘာက အရေးကြီးတယ်ဆိုတာ သိတဲ့သူ” သာဖြစ်ပါတယ်။
Credit to original post
Click here to claim your Sponsored Listing.
Category
Website
Address
Sagaing
95