phyu
ချစ်ခြင်းမေတ္တာမှာ
ညာလို့မရတာဟာ ပူပန်စိတ်ပဲ
ရာသီဥတု ပူတာက စပြီး
မုန်တိုင်းသတင်း ရှိတာအထိ
သူအဆင်ပြေပါ့မလားလို့ တွေးပူမိတယ်။
-ဖရော်ဆန်
အသက်တမျှ
လောကရေစီးကကြမ်းတယ်
မင်းက ငါးကလေးဆိုရင်တောင်
ငါစိတ်ပူနေမှာပါပဲ။
- ကေဇဝင်း
ကြယ်၊
ချစ်ခြင်းမေတ္တာ၊
ငြိမ်းချမ်းရေး၊
ကိုယ့်အရပ်နဲ့ မမှီတဲ့အရာတွေ
ချစ်မိပြီ။
-သုခမိန်လှိုင်
ဝေးပြီးနောက် သတိရခြင်းဟာ အနာဟောင်းလိုပဲ မိုးရွာတဲ့အခါ တိုင်းတစ်ဆစ်ဆစ်ကိုက်တယ်
ဖရော်ဆန်
အသည်း
အဆီဖုံးမှာပေါ့
ချစ်တမ်း မုန်းတမ်း ကစား
အထက်တန်စား
ရေပေါ်ဆီကိုမှ သွားချစ်တာကိုး။
_ဝင်းမြင့်
အဖေများနေ့အမှတ်တရ
အမေ့နို့ရည်စက်တွေကိုမြင်ပြီး
အဖေ့ရဲ့ချွေးစက်တွေကိုမမြင်ခဲ့မိတာတောင်းပန်ပါတယ်အဖေ။
ကျွန်တော်တို့မိသားစုရဲ့ မဟာတံတိုင်းကြီးဟာအဖေပါလို့ပြောရင် ကျွန်တော်သံသယကင်းကင်းနဲ့ယုံနိုင်ပါပြီ။
အဖေ့ကိုချစ်တယ်မပြောရဲတာ ခွင့်လွှတ်ပါအဖေ။
-ကီရို
သူစိတ်ညစ်တဲ့အကြောင်း
ကြားတဲ့အခါ ကိုယ်ပါ စိတ်မောရပြီး
သူ့ရယ်သံတွေကို ကြားရတဲ့အခါ
ကိုယ်ပါ လိုက်ပြုံးမိတာဟာ
ချစ်ခြင်းမေတ္တာပဲ ။
-လင်းညီ
ခန္ဓာနဲ့ ဓနကိုသာ
အခြေပြုတည်ဆောက်ထားတဲ့
ချစ်ခြင်းတွေကြားမှာတော့
ငါတို့လိုကောင်တွေရဲ့
နံရိုးတစ်ချောင်းဟာ လစ်လပ်မြဲ ။
-ဇွဲမာန်ဦး
'ကိုယ်ရှိတယ်နော်'
အဲ့ဒီစကားလေးဟာ
အတော်လေးနွေးထွေးရတယ်။
လူဆိုတာ အနွေးဓာတ်လိုပါတယ်
ပင်ပန်းတာတွေ ဖြေဖျောက်ဖို့
ပျော်ရွှင်စရာတွေ မျှဝေခံစားဖို့
တစ်ယောက်အတွက် တစ်ယောက်က ရှိနေပေးတာဟာ
တကယ် ကြည်နူးစရာပါပဲ....။
-Leo
ပိုင်ဆိုင်မှာကို ပြပါဆိုရင်တော့
ဘာမှမရှိပါဘူး။ ဒါပေမဲ့...
ပိုင်ဆိုင်ချင်တာကို ပြပါဆိုရင်တော့
မင်းကိုပဲ လက်ညိုးထိုးပူဆာမိလိမ့်မယ်။
-Leo
သူမကဗျာ ကျွန်တော့်ရဲ့ထီလက် မှတ်လေးလိုဘဲ ဖြစ်နိုင်ခြေ နည်းပေမဲ့ တယုတယလေးနဲ့ သိမ်းထားမိဆဲဘဲ။
-Leo
ဟိုဟာလမ်းညွှန်
ဒီဟာလမ်းညွှန်
လမ်းညွှန်စာအုပ်တွေအလယ်မှာ
ကိုယ်သွားရမယ့်လမ်းကို
ကိုယ့်ဟာကိုယ်ပဲ ရှာဖွေရွေးချယ်ခဲ့ပါတယ်။
- လှသန်း
Click here to claim your Sponsored Listing.
Category
Website
Address
Sagaing