BS Media

BS Media

Share

07/06/2026

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် ပထမဦးဆုံးအကြိမ်အဖြစ် ကစားခွင့်ရရှိသည့် ပွဲစဉ်တွင်
လူငယ်ကစားသမား ရှိုင်း၀ဏ္ဏအောင်ဟာ ၎င်း၏
လက်ရွေးစင်အဆင့် ပထမဦးဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်

ယမန်နေ့ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့်
ဖိလစ်ပိုင်သုံးနိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲ၏ ဒုတိယ
ပွဲစဥ်တွင် မြန်မာအသင်းက ဂူအမ်အသင်းကို
( ၆ ) ဂိုး ၊ ( ၁ ) ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်

အဆိုပါပွဲစဉ်တွင် မြန်မာ့လက်ရွေးစင်အသင်းတွင်
ပထမဦးဆုံးအကြိမ်အဖြစ် အရွေးချယ်ခံခဲ့ရသည့်
လူငယ်ကစားသမား ရှိုင်း၀ဏ္ဏအောင်ဟာ လူစားဝင်
ကစားသမားအဖြစ် ကစားခွင့်ရရှိခဲ့ပြီး ပွဲကစားချိန်
( ၈၆ ) မိနစ်မှာ အသင်းအတွက် ဆဌမမြောက် အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်

ထို့အတူ ၎င်း၏ကလပ်တူအသင်းဖော်တစ်ဦး
ဖြစ်တဲ့ မင်းမော်ဦးဟာလည်း အသင်းနဲ့အတူ ပွဲထွက်ကစားသမားအဖြစ် ကစားခွင့်ရရှိခဲ့ပြီး ဂိုးဖန်တီးမှု
နှစ်ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်

မြန်မာအသင်းအတွက် သွင်းဂိုးများကို ပွဲကစားချိန်
( ၁၃ ) မိနစ်တွင် စိုးမိုးကျော် ၊ ပွဲကစားချိန် ( ၂၃ )
မိနစ်တွင် မောင်မောင်လွင် ၊ ပွဲကစားချိန် ( ၃၅ ) မိနစ်နှင့် ( ၅၃ ) မိနစ်တို့မှာ ဝင်းနိုင်ထွန်း ၊ ( ၅၇ ) မိနစ်နှင့် ( ၈၆ ) မိနစ်တို့မှာ ဇော်ဝင်းသိန်းနှင့်
ရှိူင်းဝဏ္ဏအောင်တို့က အသီးသီး သွင်းယူပေးခဲ့ကြပါတယ်

မြန်မာလက်ရွေးစင်အသင်းဟာ ဇွန်လ ( ၉ ) ရက်နေ့တွင် အိမ်ရှင်ဖိလစ်ပိုင်အသင်းနှင့် တွေ့ဆုံရမည်
ဖြစ်ပြီး ဂိုးကွာခြားချက် တစ်ဂိုးအသာကြောင့်
အဆိုပါပွဲစဉ်တွင် သရေရလဒ်ထွက်ပေါ်ပါက
ဖိတ်ခေါ်ဖလားချန်ပီယံဆုကို မြန်မာအသင်းက
ရရှိသွားနိုင်မှာပဲ ဖြစ်ပါတယ် ။

06/06/2026

Update result ( သုံးနိုင်ငံဖိတ်ခေါ်ဖလား )

* ( ပွဲကစားချိန် ၉၀ မိနစ် )

မြန်မာ 🇲🇲 ( ၆ - ၀ ) 🇬🇺 ဂူအမ်

⚽ စိုးမိုးကျော်
⚽ မောင်မောင်လွင်
⚽⚽ ဝင်းနိုင်ထွန်း
⚽ ဇော်ဝင်းသိန်း
⚽ ရှိုင်းဝဏ္ဏအောင်

- Online live မရရှိသေးပါ

Want your business to be the top-listed Media Company in Sagaing?
Click here to claim your Sponsored Listing.

Telephone

Address


No. 253/D
Sagaing