Pann Kantkaw Cosmetics Store
08/12/2025
In2it နှုတ်ခမ်းနီလေးတွေ ရောက်ပြီနော်
Fluffy Soft Focus Technology နဲ့
ထုတ်ထားတဲ့ Lipstick မို့ဆိုးလိုက်ရင် နှုတ်ခမ်းသားလေးပေါ်မှာ နုညက်နေရောပဲနော်
Matte ပေမဲ့ in2it တွေရဲ့ထုံးစံအတိုင်း Vitamin E & Hyaluronic တစ်ခါတည်းပါပြီးသားမို့ နုတ်ခမ်းသား ခြောက်တာကွဲတာ အဖတ်လန်တာမျိုးတွေလည်း မရှိပါဘူးရှင့်💗💗
18/11/2025
ဘာလေးနေနေ FB မှာတအားနာမည်ကြီးတာတို့ TT မှာ အရမ်းhotနေတာတို့ ဆိုပြီး customer တွေက အရမ်းလာမေးကြတာ MLM တွေလည်း လာမေး အသားဖြူချင်တာ ဘာလိမ်းရမလဲ တင်းတိပ်ပျောက်ဆေး နာမည်ကြီးနေတာရှိလားနဲ့ တအားစိတ်ညစ်ရတယ်တခါတလေ😓
ဒီ Lotion ကိုဝယ်ဖို့စဥ်းစားနေတယ်ဆို ဒီ Postလေးကိုဖတ်ကြည့်စေချင်တယ်။ ကိုယ်တိုင်ဝယ်သုံးကြည့်ပြီး စိတ်ထဲခံစားရတဲ့အတိုင်းပြောမှာမို့ လွန်တာရှိ
ဝန္တာမိပါလို့လည်း ကြိုပြောထားပါရစေ။
ပထမဆုံးပြောချင်တာက ဒီ Lotion ဟာ အားလုံးသိထားကျ၊ မြင်ထားကျသလို Perfume Lotion ဆိုလို့ ဝယ်ဖြစ်ခဲ့တာပါ။Trendနောက်တွေ လိုက်တတ်တဲ့အကျင့်မရှိပေမဲ့ Body Careဆို စိတ်ဝင်စားသူမို့ ဒီ Lotionကိုတော့အရမ်းညွှန်းနေကျတာနဲ့ "ခေတ်" လည်းဝယ်မိခဲ့တယ်ဆိုပါတော့။ သုံးကြည့်လိုက်တော့ Advertiseလုပ်ထားသလို၊ Reviewတွေမှာ ရေးထားသလို အရမ်းကြီး မွှေးနေတာမျိုးလည်း ဟုတ်မနေပါဘူး။သူ့ကိုလိမ်းပြီး (၃)ရက်လောက်"ခေတ်" အနံ့စွဲ/မစွဲသတိထားကြည့်တာလိမ်းတုန်းခနမှာဘဲမွှေးတာပါ။ 15minsထက်မပိုပါဘူး(ဒါတောင်များနေပြီ)။ကောင်းလေးကအနားကမခွာဘူးဆိုတာ Over ဖြစ်လွန်းမနေဘူးလား😐။ တကယ်တမ်းကြော်ငြာသလို Perfume Lotion ဆို အနည်းဆုံး 2-3နာရီလောက်တော့ ခံသင့်တယ်ထင်တာဘဲ။နောက်ပြီး သူ့ရဲ့ Textureကလည်းကျဲသလို Lotionရဲ့ ဂေါက်က ညှစ်ရင်လည်း နည်းနည်းချင်းဘဲကျတယ်။စိတ်ရှည်မနေဘူး။အချိန်တစ်ခုပေးနေရသလိုဘဲ။အစိုဓာတ်လည်း အရမ်းကြီးရမနေဘူးရယ်။အသားကြည်တယ် ဘာညာကတော့ စွဲသုံးကြည့်မှသိရမယ်။ဒါကို ကြော်ငြာတွေနဲ့Promoteတွေ တအားမလုပ်ထားဘဲ ဝယ်သုံးခဲ့ရင်တောင် သာမာန်Lotionတစ်ခုအနေနဲ့ ရှိပါစေတော့ဆိုပြီး ကိုယ့်ဖာသာဖြည့်တွေးပေးလို့ရတယ်။
ကြော်ငြာတွေ၊Reviewတွေနဲ့ Product Featureတွေက ပြောင်းပြန်တွေလိုဘဲ။Lotionဘူးခွံကလည်း ကော်အကြွပ်သားနဲ့လုပ်ထားတာလားမသိ။ဆိုတော့ ကောင်းမယ်ထင်လို့ 30000နီးပါး ပေးဝယ်ခဲ့ရတဲ့ ဟာက သာမာန်Lotion တစ်ခုသုံးနေရသလို ဖြစ်သွားတာမို့ မနောပျက်ရပါတယ်။ ပေးရတဲ့စျေးနဲ့တန်တာဆိုလို့ နှစ်ခုဘဲရှိတယ်။ပါဝင်မှု mlများတာရယ်နဲ့Tripသွားတဲ့အခါယူသွားရင်အဆင်ပြေတယ်။(ဂေါက်ကိုတဖက်ကိုဆွဲလှည့်လိုက်ရင် ဘယ်လောက်ညှစ်ညှစ်Lotionတွေထွက်မကျတာတစ်ချက်ဘဲ။ဆိုတော့ ခုလိုပြောရခြင်းကလည်း ဘယ်သူ့ စီးပွားရေးကိုမှ မထိခိုက်စေလိုပါ။ကိုယ့်လိုဘဲ ပိုက်ဆံစုဆောင်းပြီး ဝယ်နေရသူတွေနဲ့ Trendအမှီလိုက်တဲ့သူတွေအတွက် စဥ်းစားချင့်ချိန်ဖို့ရာ မျှဝေခြင်းသာဖြစ်ပါတယ်။ပိုကောင်းတဲ့နည်းလမ်းနဲ့သာ Review ပေးခဲ့ရင် ဒီ Brandက ရပ်တည်ဖို့အဆင်ပြေလိမ့်မယ်လို့လည်းမြင်တယ်။ခုများတော့ မှန်းချက်နဲ့နှမ်းထွက်က ဟုတ်မနေတော့ ဘယ်သူဖြစ်ဖြစ်ကောင်းမယ်ထင်လို့ဝယ်သုံးမိတဲ့ပစ္စည်းကအဆင်မပြေတော့အနည်းနဲ့အများစိတ်ပျက်ရတာဘဲ။
Bloggersတချို့လည်း ဘာလာလာ Down ဘာလာကောင်းမလုပ်ကျဖို့နဲ့ Bloggerမှန်ရင် မကောင်းတာကိုသုံးဖူးတဲ့သူရှိကိုရှိရမယ်။ရှိခဲ့ရင်လည်း မှန်ကန်တဲ့ Review ကိုပေးသင့်တယ်လို့လည်း ထင်တယ်။ကောင်းတာတောင်ရေးရဲသေးတာဘဲ မကောင်းတာကိုကျ ဘာလို့ ဇွတ်ကောင်းပေးနေရတာလဲမသိ။ ပိုက်ဆံရတိုင်း အကုန်ဇွတ်ကောင်းနေရင်တော့ မင်းဟာ မင်းရဲ့ Review တွေကို ဖတ်ရှူပြီး ဝယ်ယူနေတဲ့ Audienceတွေကို ညာနေတာနဲ့အတူတူပါဘဲ။ ကဲ ဒီနေ့တော့ဒီလောက်ပါဘဲ။ လာမဆဲနဲ့နော်။ပြန်မဆဲတတ်တာတော့မဟုတ်ဘူး။အမုန်းမပွားချင်တာ😊
27/10/2025
🌿ဝက်ဝက်ကွဲ ကြိုက်ကြတဲ့✅
🌿ဆံပင်မဲ ၇မျိုးစပ် ခိုင်ကြိတ်မှန် အမှုန့်✅
🌿ဆံပင်ပျက်သနာ အမျိုးမျိုးတွက်ဖြေရှင်းပေးမယ့်✅
🌿၇မျိုးစပ် ခိုင်ကြိတ်မှန် အမှုန့်🌿
🌿အသက်ငယ်ငယ်နဲ့ ဆံပင်ဖြူသူများ
🌿နက်ဆေးသုံး နှစ်ဆဖြူနေသူများ
🌿ဆံပင်ကျွတ်သူ
🌿ဆံသားပျက်စီးနေသူ
🌿ဆံပင်ကျဲသူ
🌿ဦးရေယားသူ
🌿ဆံသားခြောက်သွေ့သူများတွက်
🌿ဆံပင်သန်စွမ်းနက်မှောင်စေပြီး
🌿တစ်လတွင်း ရလဒ်ထွက်ပြီး
🌿စိတ်ကျေနပ်စေမယ့်✅
🌿၇မျိုးစပ် ခိုင်ကြိတ်မှန် အမှုန့်🌿
🌿၁ထုပ်မှ မြန်မာငွေကျပ်=6500 ကျပ်
#ခိုင်၇မျိုးစပ်ဆံပင်မဲကြိတ်မှန်အမှုန့်
Click here to claim your Sponsored Listing.
Category
Website
Address
Sagaing