Amra Hnin

Amra Hnin

Share

02/06/2021

မြ၀တီမြို့၊ ဝေါ်လေမြို့ရဲစခန်း အပစ်ခံရ၊ ဖလူးတွင် တိုက်ပွဲများ ဆက်ဖြစ်နေ

ရန်ကုန်၊ ဇွန် ၂

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်းရှိ ဝေါ်လေမြို့ရဲစခန်းကို ယနေ့ နံနက် ၄ နာရီ ၃၀ ခန့်တွင် ဝင်ရောက်ပစ်ခတ်မှု တစ်ရပ်ဖြစ်ပွားခဲ့ပြီး ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သော ဖလူးကျေးရွာအနီးတွင်လည်း ယနေ့ နံနက်အစောပိုင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောသည်။

"ဒီနေ့ နံနက် ၄ နာရီ ၃၀ လောက်တော့ မြ၀တီ တောင်ခြမ်းမှာရှိတဲ့ ဝေါ်လေမြို့ ရဲစခန်းကို ဝင်ပစ်တယ်လို့ သိရတယ်။ ဘယ်အဖွဲ့က ပစ်လဲဆိုတာတော့ သေသေချာချာမသိဘူး။ တချို့ကလည်းပြောတာက ခွဲထွက် DKBA ဗိုလ်ချုပ်စောကျော်သက်တို့နဲ့များ သက်ဆိုင်မလားဆိုပြီး ယူဆကြတယ်။ မြ၀တီမှာ လက်နက်ကိုင်က များတော့ ဘယ်အဖွဲ့ က လုပ်ပါတယ်လို့ မကြေညာရင်တော့ သေသေချာချာ မသိနိုင်ဘူး။ ရဲစခန်း ဝင်ပစ်မှုမှာ အထိအခိုက်အကျအဆုံး မသိရသေးပါဘူး" ဟု မြ၀တီဒေသခံတစ်ဦးက ပြောဆိုသည်။

ယမန်နေ့က စစ်ကောင်စီတပ်များ၊ BGF များနှင့် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သော မြ၀တီမြို့၊ ဖလူးကျေးရွာတွင်လည်း ယနေ့ နံနက်ပိုင်းမှစတင်၍ ပစ်ခတ်သံများ ကြားရကြောင်း ဒေသခံများထံမှ သိရှိရသည်။

"ဒီနေ့ မနက် ၆ နာရီလောက်ကစပြီး လက်နက်ကြီးသံတွေ စကြားတယ်။ နည်းနည်းလှမ်းတဲ့ရွာတွေတောင် အခုက ပြေးရမယ့် အခြေအနေရှိပါတယ်" ဟု ဒေသခံတစ်ဦးက ဆိုသည်။

ဖလူးကျေးရွာတွင် ခွဲထွက် DKBA ခေါင်းဆောင် ဗိုလ်ချုပ်စောကျော်သက်နှင့်အတူ KNU One Command ၊ G-Z များနှင့်အခြားလက်နက်ကိုင်များ ပူးပေါင်းပါဝင်နေကြောင်း၊ စစ်ကောင်စီဘက်မှ BGF က ပါဝင်တိုက်နေကြောင်း၊ ယမန်နေ့ ဖလူးကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂၉ ဦးနှင့် BGF မှ ၃ ဦးကျဆုံးပြီး ၈ ဦးဒဏ်ရာရရှိကြောင်း KNU သတင်းရင်းမြစ်များက သတင်းဖော်ပြထားသည်။

ဓာတ်ပုံ- ယမန်နေ့ဖလူးတိုက်ပွဲတွင် ကျဆုံးသော စစ်ကောင်စီနှင့် BGF အလောင်းတချို့ ။ Photo Credit - သူလေး

14/03/2021

ငလိုးမ မင်းအောင်လှိုုင်
ရိုင်းတာလေးက
ချစ်စရာလေးဆိုလို့ 😝

Photos from Amra Hnin's post 13/03/2021

ကို့ထက်ပုတဲ့လူ
အုပ်ချုပ်မှာကိုတော့
လက်မခံနိုင်းဘူးး 😅😅

💛

Want your business to be the top-listed Beauty Salon in Sagaing?
Click here to claim your Sponsored Listing.

Category

Website

Address


Sagaing