Acheik InStyle
31/03/2022
Edit: Sold out!
မြန်မာ့လက်မှု ယက္ကန်းလက်ရာကို အမြတ်တနိုး ဝယ်ယူအားပေးမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ 🙏🥰
လက်မှတ်ထိုးပွဲလား? အလှူမင်္ဂလာပွဲလား?
Acheik InStyle မှ နွေရာသီနဲ့ လိုက်ဖက်ညီတဲ့ အဝါနုနုလေးကို ရွှေရောင်ဖောက်ထားတဲ့ အောက်ခံပိုးအရောင်လေးပေါ်မှာ အညိုနု ၊ အညိုရင့် စတဲ့ Coffee Color theme လေးတွေကို အချိတ်ကနုတ်အဆင်မှာ အတွဲညီညီ ရက်လုပ်ဖန်တီးပေးထားပါတယ်။
ဒီ ပိုးစစ်အချိတ်လေးကို Seasonal color အဝါရောင်လေး နဲ့ Coffee Color theme တို့ရဲ့ အရောင်အချိုးအစပ်ညီညီ ဖန်တီးထားတာမို့ ဘယ်ပွဲနဲ့မဆို လိုက်ဖက် လှပ တင့်တယ် ပါတယ်ရှင်။
Acheik InStyle team မှ မြန်မာ့လက်ယက္ကန်း အချိတ်အဆင်များကို အမြတ်တနိုးမှာယူ ဝတ်ဆင်ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ပါတယ်ရှင်။
featuring
02/03/2022
Ko Sai Moon, Sai Moon's Design သို့ ကျေးဇူးတင်လွှာ …
Acheik InStyle ရဲ့ Logo Design လေး မွေးဖွားလာပုံလေး
မြတ်နိုးရတဲ့ မြန်မာ့ရိုးရာ လက်ယက္ကန်း အနုပညာလက်ရာဖြစ်တဲ့ ပိုးကြာအချိတ်၊ ပိုးအချိတ် နဲ့ ချည်အချိတ် လက်ရာအဆင်ဒီဇိုင်း အမျိုးမျိုးကို ဈေးကွက်ထဲ စတင်ဖြန့်မယ်လို့ စဉ်းစားလိုက်တာနဲ့ ကိုယ့် Logo design လေးကို ဘယ်သူနဲ့အပ်ရမလဲပေါ့။ ပညာရှင်တွေကို လိုက်လေ့လာရင်းနဲ့ Ko Sai Moon ဆီမှာ Logo Design လေး ဆွဲပေးဖို့အတွက် အလုပ်အပ်ဖြစ်ခဲ့တာ။
ရှေးမူလည်းမပျောက် ခေတ်ရေစီးကြောင်းနဲ့လည်း လိုက်ဖက်ညီစီးမျောချင်တယ်၊ နောက် လိုချင်တဲ့ theme လေး တချို့ ပြောပြရုံလေးနဲ့ကို အချိတ်အထည်တွေရဲ့ သမိုင်းကြောင်း နဲ့ concept တွေ အကုန်လိုက်လေ့လာ သေချာလေးတန်ဖိုးထားပီး Logo ကို ဖန်တီးပေးခဲ့တဲ့အတွက် ကျေးဇူးပါရှင်။
Logo design လေးကို မြင်တာနဲ့ ဖန်တီးထားတဲ့ အနုပညာ ဒီဇိုင်းက ရှင်းရှင်းလေးနဲ့ Classic & Elegant looks ကိုပါ ခံစားရစေလို့ ထပ်ပီးတော့ကို ကျေးဇူးတင်ပါရစေရှင်။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Sagaing