Hypersonic Online Programming Training
🌿ဒီနေ့ Javaရဲ့ အားသာချက်နဲ့ အားနဲချက်တွေကို ပြောပြပေးပါမယ်..
💯အားသာချက်များ
✅Speed နှင့် Performance မြင့်မားခြင်း:
✅JIT (Just-In-Time) compiler ပါဝင်တဲ့အတွက်ကြောင့် Python ထက် speed ပိုမြန်ပါတယ်။
✅Any Platform တွင်အလုပ်လုပ်နိုင်ခြင်း (Write Once, Run Anywhere): ဒါကတော့ Java ရဲ့ goal ပါပဲ...
Java code ကို မည်သည့် Operating System မှာမဆို ပြောင်းလဲစရာမလိုဘဲ Run နိုင်ပါတယ်။
✅Job Market တွင် တွင်ကျယ်ခြင်း: Banking System များ၊ Enterprise ဆော့ဖ်ဝဲလ်ကြီးများနှင့် Android App ရေးသားရာတွင် မရှိမဖြစ်လိုအပ်တာ ကြောင့် အလုပ်အကိုင်အခွင့်အလမ်း အလွန်များပြားပါတယ်။
✅Security ပိုင်းပိုမိုအားကောင်းခြင်း: Data ပိုင်းဆိုင်ရာ စည်းကမ်းတင်းကျပ်မှုများ (Strongly Typed) ပါရှိတာကြောင့် ပိုစိတ်ချရပါတယ်။💢အားနည်းချက်များ:
👉ကုဒ်ရေးရတာ ရှုပ်ထွေးခြင်း: စာကြောင်းရေ အများကြီးရေးရပြီး စည်းကမ်းချက်များ တိကျလွန်းသောကြောင့် အစပိုင်းတွင် လေ့လာရန်ခက်ခဲပါတယ်။
👉Memory ပမာဏ ပိုယူခြင်း:
Java Virtual Machine (JVM) လိုအပ်သောကြောင့် စက်၏ Memory ကို အတော်အတန်စားသုံးပါတယ်။
( ဒါပေမဲ့ Write Once Run Anywhere ဆိုတဲ့ goal သာ JVMကြောင့်ရနေတာပါ)
အဲဒါဆို Java နဲ့ Python ဘယ်ဟာကို ရွေးချယ်သင့်လဲ❓
🐍Python ကို ဘယ်သူတွေသုံးသင့်လဲ❓
👉Programming ကို စတင်လေ့လာမည့်သူများ၊
👉AI/Data Science ပညာရှင်များနဲ့ Automation သို့မဟုတ် Web Backend မြန်မြန်ဆန်ဆန် ဖန်တီးလိုသူများ။
☕Java ကို ဘယ်သူတွေသုံးသင့်လဲ❓
👉ခိုင်မာသော Programming Basic ကို တည်ဆောက်လိုသူများ၊
👉Android App များ သို့မဟုတ် ဘဏ်လုပ်ငန်းသုံး (Enterprise) စနစ်ကြီးများ ရေးသားလိုသူများ။
💥ကဲ ဒီလောက်ဆိုရင်တော့ Java နဲ့ Python ရဲ့ အားသာချက် အားနည်း ချက်တွေကို တီးမိခေါက်မိလောက်ပါပြီ..
👋နောက်မှ သူတို့ ၂ခုရဲ့ code တွေရေးတဲ့နေရာမှာ Java နဲ့ python ဘယ်လိုကွာခြားလဲဆိုတာ နှိုင်းယှဉ်ပြပါမယ်..
👩🏫
တီချယ် ဝတ်ရည်
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Rangoon Ahlone
Opening Hours
| Monday | 09:00 - 22:00 |
| Tuesday | 09:00 - 22:00 |
| Wednesday | 09:00 - 22:00 |
| Thursday | 09:00 - 22:00 |
| Friday | 09:00 - 22:00 |
| Saturday | 09:00 - 22:00 |
| Sunday | 09:00 - 22:00 |