Dr. Mon Mon
ကလေးရောဂါကုသခြင်း၊ ကလေးကျန်းမာရေးဆွေးနွေးတိုင်ပင်ခြင်း၊ အမျိုးသမီး/အမျိုးသားရောဂါနှင့် သားဆက်ခြားနည်းလမ်းများ၊ နှလုံး၊ သွေးတိုး၊ ဆီးချို/သွေးချိုရောဂါများ၊ လေးဖက်နာရောဂါ၊ အထွေထွေနှင့်ဖျားနာရောဂါများ ဆွေးနွေးတိုင်ပင်/ကုသခြင်းများ အသေးစားခွဲစိတ်ကုသခြင်းများအပြင် အွန်လိုင်းမှဆွေးနွေးတိုင်ပင်ခြင်းနှင့် အိမ်တိုင်ရာရောက် ကျန်းမာရေး ဝန်ဆောင်မှုများ ဆောင်ရွက်ပေးပါသည်။
09/07/2025
🙏ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့🙏
ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ
နေ့ထူးနေ့မြတ်အခါသမယမှာ
ကုသိုလ်တရားတွေပွားများနိုင်ပြီး
ခုနစ်ရက်သားသမီးအပေါင်း ကိုယ်ကျန်းမာ
စိတ်ချမ်းသာ ဘေးဘယာတွေကင်းဝေး
နှလုံးစိတ်ဝမ်းအေးချမ်းပါစေကြောင်း
ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်🙏🙏🙏
22/05/2025
"တတိယလှိုင်း ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများ"
ကူးစက်ခံရပြီး ၁ ရက်မှ ၃ ရက်
၁။ သာမာန်အအေးမိအဖျားနှင့် ဆင်တူသည်။
၂။ လည်ချောင်း အနည်းငယ်နာသည်။
၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်း မရှိ။
၄။ ပုံမှန်အတိုင်း အစားအသောက် မပျက်။
၄ ရက်မြောက်နေ့
၁။ အာသီး အနည်းငယ်ယောင်သည်။
၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။
၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5C ဖြစ်သည်။
သို့သော် အစားသောက်မြိုချရာတွင် အခက်အခဲရှိသည်။
ခေါင်းအနည်းငယ်ကိုက်မည်။
၄။ light belly အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့
အနည်းငယ် မူးဝေနေမည်။
၅ ရက်မြောက်နေ့
၁။ လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။
၂။ ကိုယ်အပူချိန် 36.5-36.7C တွင်ရှိမည်
၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။
၆ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37 C+ အထက်ရောက်လာသည်။
၂။ သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည်။
၃။ စကားပြောတိုင်း အစာစားတိုင်း လည်ချောင်း
နာကျင်နေမည်။
၄။ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။
၅။ ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။
၆။ inches feel pain ခြေချောင်းများ နာကျင်လာမည်။
၇။ ဝမ်းလျှော၍ အော့အန်မည်။
၇ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37.4-37.8C ရှိလာသည်။
၂။ ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များ
ထွက်နေမည်။
၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲနာကျင်နေ
မည်။
၄။ အပြင်းအထန် ဝမ်းလျှောမည်။
၅။ အော့အန်မည်။
၈ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 38C +++ အထက်ထိရောက်လာပြီး
အပြင်းအထန်ဖျားလာမည်။
၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။
၃။ ချောင်းအဆက်မပြတ်ဆိုးမည်။
၄။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများ
နာကျင်မည်။
၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး
ကိုက်ခဲနာကျင်မည်။
၉ ရက်မြောက်နေ့
၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။
၂။ အပြင်းအထန် အဖျားတက်လာမည်။
၃။ အချို့ရောဂါလက္ခဏာများ သက်သာလာမည်။
၄။ သို့သော် အသက်ရှူရန်အတွက် အပြင်းအထန်
ကြိုးစားလာရမည်ဖြစ်သည်။ ထိုအနေအထားသို့
ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန်
လိုအပ်လာပြီဖြစ်သည်။
ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။
အကြံပြုချက်များ
***************
၁။ မတ်(စ်)တပ်ပါ
၂။ လက်ကို ဆပ်ပြာဖြင့် စက္ကန့် (၂၀) ဆေးပါ
၃။ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာနေပါ
၄။ ထိတွေ့ပြီးတိုင်း ပိုးသတ်ဆေးဖြင့် ဖြန်းပါ
၅။ လက်ဆွဲနှုတ်ဆက်ခြင်းမှ ရှောင်ကြင်ပါ
၆။ အပြင်သွားလျှင် လက်အိတ်ဝတ်ပါ ___________________________________
တဆင့်ပြန်လည်မျှဝေပါတယ်
ကလေးကာကွယ်ဆေးထိုးမည့်သူများအတွက်💉💉💉
ကုတင် ၅၀၀ နေပြည်တော် ကလေးဆေးရုံကြီးကို ဒက္ခိဏသီရိ ကုတင် (၅၀) ဆေးရုံကြီးသို့ ပြောင်းရွှေ့ဖွင့်လှစ်ထားပါသည်
ကလေးကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အပတ်စဉ် တနင်္လာ နှင့် ကြာသပတေး ရက်များတွင် မနက် ၉:၃၀ မှ ညနေ ၄:၀၀နါရီ အထိ ထိုးပေးသည်ဟု သိရပါသည်။
ဒီနေ့ပဲ ကျွန်မကလေးကို ကာကွယ်ဆေးသွားထိုးခဲ့တာပါ
information လေး share ပေးပါဆိုလို့ပါ
မိမိနေထိုင်ရာနေရပ်နှင့် နီးစပ်ရာ ကျန်းမာရေးဌာနများတွင်လည်း ကာကွယ်ဆေးထိုးခြင်းများကို မိမိတို့အစီအစဉ်အတိုင်းအဆင်ပြေသလို ထိုးနိုင်ပါသည်။
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Website
Address
12/52B, Muditar Street, Yan Aung 1
Pyinmana
15012
Opening Hours
| Monday | 07:00 - 12:00 |
| 16:00 - 20:00 | |
| Tuesday | 07:00 - 12:00 |
| 16:00 - 20:00 | |
| Wednesday | 07:00 - 12:00 |
| 16:00 - 20:00 | |
| Thursday | 07:00 - 12:00 |
| 16:00 - 20:00 | |
| Friday | 07:00 - 12:00 |
| 16:00 - 20:00 | |
| Saturday | 07:00 - 12:00 |
| 16:00 - 20:00 | |
| Sunday | 07:00 - 12:00 |
| 16:00 - 20:00 |