Libra - Restaurant NPT

Libra - Restaurant NPT

Share

12/09/2022

မင်မင်တို့ ဆိုင်လေး ခဏ ပိတ်ထားပါသေးတယ်နော် ပြန်ဖွင့်တဲ့အခါ ပြန်ကြေညာပေးပါမယ်ရှင့်

Photos from Libra - Restaurant NPT's post 11/08/2022

ဒီနေ့က ကင်းမွန် 🦑 မနက်ဖြန်က ဂဏန်း🦀

ကဲ အစစအရာရာဈေးတက်နေတဲ့အချိန်မှာ ငွေ တစ်သောင်းတည်းနဲ့ ကြက်၊ ဝက် အသားနှပ်၊ ပုဇွန်၊ ကင်းမွန်(ဒါမှမဟုတ်)ဂဏန်း၊ ကြက်ဥ၊ အသားလုံး၊ အရွက်စုံ၊ အရံဟင်း၊ ဖျော်ရည် အဝစား အဝသောက်ဖို့ဆို Libra မှာပဲရမယ်နော်

Libra လည်း ဘယ်ချိန်ထိ ဒီဈေးနဲ့ နေနိုင်မလဲမသိပေမယ့်
ဒီနေ့ကတော့ သေချာပေါက် ဈေးမတက်သေးပါ

အကြိုက်စွဲ အဝကြိတ်မယ့်သူတွေကို မျှော်နေပြီနော် 😍

ပုံတွေကတော့ ခုရိုက် ခုတင်ပဲ
ကဲ ခုလာကင်စားလိုက်တော့လို့😆😆😆

Photos from Libra - Restaurant NPT's post 07/08/2022

ဒီနေ့ ကင်းမွန်လည်းပါတယ် ဂဏန်းချက်လည်းပါတယ်
မာလာရှမ်းကောလည်းပါတယ် သင်္ဘောသီးထောင်းလည်းပါတယ်

ပါဆယ်လည်းရတယ် ထိုင်စားလည်းရတယ်
ပါဆယ်က တစ်ပွဲ ၁၁၀၀၀ ကျပ်ပါ။

ထိုင်စား အဝစား (ဆိုင်အဝမှာ စားခိုင်းတာမဟုတ်) ဗိုက်ပြည့်တင်းနေအောင် စိတ်ကြိုက်အဝစားက တစ်ယောက်ကို တစ်သောင်းကျပ်ပါနော်။

ဖွယ်ဖွယ်ရာရာစုံစုံလင်လင်ပြင်ဆင်ထားလို့ ခုပု လှမ်းလာခဲ့လိုက်ပါရှင် ❤️❤️❤️

Photos from Libra - Restaurant NPT's post 06/08/2022

ဟာ ဒီဆိုင်ဘာအထာလဲ ❗️

မူကထ အသားကင်ဆိုင်ဆိုပြီး တစ်နေ့တစ်နေ့ အရံဟင်းပုံတွေချည်း တင်နေတယ် 😂

ဒီနေ့ကတော့ အရံဟင်း ရှယ်မာလာရှမ်းကောနဲ့ ရှယ်ယိုးဒယားသင်္ဘောသီးထောင်း 💥

သစ်သီးကလည်း အစာကြေ ရင်ချောင်မယ့် နာနတ်သီးနဲ့ ဘာလီဖျော်ရည်လေးနော်

အရံဟင်းနဲ့တင် လျှာလည်သွားမယ်လို့ ပြောပြချင်တာ 🥳

အသားနှပ်တွေနဲ့ ပင်လယ်စာတွေလည်း ထုံးစံအတိုင်းပါတာပေါ့။ ကြက်၊ ဝက်၊ ပုဇွန်၊ အသားလုံး၊ အသားပြား၊ ရေဘဝဲလက်တံ၊ ကြက်ဥ၊ အရွက်စုံ အကြိုက်သာစား။

ဒီပိတ်ရက်လေးမှာ မူကထ အသားကင် အဝဆွဲဖို့ အစီအစဉ်ရှိရင် Libra ကိုသာ လှမ်းလာခဲ့လိုက်ပါတော့ 💖

Want your restaurant to be the top-listed Restaurant in Pyinmana?
Click here to claim your Sponsored Listing.

Telephone

Website

Address


အောင်ချမ်းသာလမ်း
Pyinmana

Opening Hours

Monday 13:30 - 20:30
Tuesday 13:30 - 20:30
Wednesday 13:30 - 20:30
Thursday 13:30 - 20:30
Friday 13:30 - 20:30
Saturday 13:30 - 20:30
Sunday 13:30 - 20:30