Four-Leaf Clover

Four-Leaf Clover

Share

24/04/2026

Mini Diary - 64

ငိုမယ်ဆို ငိုစရာတွေများတဲ့ကမ္ဘာထဲ
ပျော်စရာတွေကိုသာ အလေးပေးရင်း
အရွယ်နည်းနည်းရောက်လာတယ် ထင်ပါရဲ့။
လူကြီးဖြစ်မလာချင်ဘူးလို့ အတန်တန်ငြင်းခဲ့ပေမယ့်
လူကြီးတစ်ယောက်ဖြစ်လာလို့ပဲ ခွင့်လွှတ်ခြင်းနဲ့ စွန့်လွှတ်ခြင်းကို နားလည်လာရတယ်။
အတိတ်တွေကိုလည်း သယ်သွားစရာမလိုသလို
မလိုတဲ့လူတွေကိုလည်း သယ်လို့မသွားချင်တော့ဘူး။
လမ်းဟာ ရှည်ဦးမယ်လေ။
လက်ရှိထက်အရေးကြီးတာတွေအားလုံးက
လက်ရှိလောက် တကယ်ပဲအရေးပါနိုင်ပါ့မလား။

🍀

05/04/2026

I liked you, and I still do.

But deep down, I know we’re never going to be anything. It feels like an ocean between us — like fate is determined to keep us apart, no matter what.

And the saddest part is, I have to stop before I cross the line. Before I start hoping for something that will never be mine.

I know when to stop… I just don’t know how to let go.

-Cordelia

24/03/2026

သူများတွေအတွက်တော့ ဘယ်လိုလဲမသိပေမယ့် ကိုယ့်အတွက်ကတော့ အစားအစာဆိုတာ ကိုယ်ထုတ်ပြနိုင်တာတွေထဲက အမြင့်မားဆုံး love language တစ်ခုပဲ။

လူတစ်ယောက်ကို အစားအသာက်လုပ်ပေးတယ်ဆိုတာ နွေးနွေးထွေးထွေးလေးနဲ့ ချစ်ခြင်းမေတ္တာတွေ ပေါပေါသီသီ ထုတ်ပြနိုင်တဲ့နည်းတစ်နည်းပဲလို့ ကိုယ်ကတော့ယုံတယ်။ အစားအစာတွေဖန်တီးနေတဲ့အချိန်အတွင်း ရလိုက်တဲ့ ငြိမ်းချမ်းမှုရယ်၊ ကိုယ်ချစ်ရသူတွေအတွက်ဆိုတဲ့ စိတ်ကလေးရယ်က ကိုယ်ကိုယ်တိုင်လည်း ကြိုက်နှစ်သက်တဲ့ healing တစ်မျိုးလို့တောင် ပြောလို့ရတယ်။

ဟင်းတစ်ပွဲရဲ့ နွေးထွေးကြည်နူးမှုကိုက အတိုင်းမသိမြင့်မားနေပြီးသားကို ကိုယ်ဖန်တီးထားတာလေးများ ကြိုက်ကြပြီဆို စိတ်အချမ်းသာရဆုံးပဲပေါ့။

ကိုယ်ကတော့ အရမ်းခင်မင်မိပြီဆိုရင် တစ်ခုခုလေးချက်ကျွေးချင်တယ်၊ ကိုယ်ဖန်တီးထားတဲ့ အနုပညာသေးသေးမွှားမွှားလေးတွေ ပေးချင်တယ်။ နောက်ပြီး အပင်လေးတွေပေးရတာလည်း ကြိုက်သေးတယ်။ နောက်ထပ် ကိုယ်တိုင်စိုက်ထားလို့ ရလာတဲ့ အသီးအရွက်တွေကို ကိုယ်ချစ်တဲ့သူတွေဆီ ဝေမျှပေးရတာကလည်း ပီတိတစ်မျိုးပဲ။

ကိုယ့်ရဲ့ရေရှည်ပလန်ကတော့ ဘဝကို ရိုးရိုးရှင်းရှင်းနဲ့ ကိုယ်ချစ်ရသူတွေအတွက် အစားအသောက်တွေချက်ကျွေးရင်း ကုန်ဆုံးသွားချင်တော့တာပဲ။

(ပုံလေးကတော့ Little Forest (original ver) ထဲက သစ်ကြားသီးထမင်းဘူးလေးပါ။)

🍀

14/03/2026

- After Winter -

သီသီလေးလွဲရခြင်းတွေရယ် များလာတယ်။
ဒဏ်ရာအနာတရတွေဆိုတာလည်း ပြောမကုန်နိုင်အောင်ကိုပဲ။
ဒီစာတစ်ပုဒ်က မင်းကိုသိစေချင်မိတဲ့ ကိုယ့်ရဲ့တစ်ထောင့်တစ်နေရာစီက
သိမ်ငယ်ရခြင်းတွေပေါ့။

လွန်ခဲ့တဲ့နှစ်ကာလတွေတုန်းက အချိန်ဟာ ဒီလောက်မမြန်ခဲ့ဘူး။
ခံစားချက်တွေဟာ ဗလာမဖြစ်သေးဘူး။
ငယ်ရွယ်ပျိုမြစ်မှုတွေကတော့ မစောင့်ပါဘဲထွက်ခွာသွားတဲ့ ရထားတစ်စင်းလို...
မနိုးထနိုင်လို့ လွတ်သွားတဲ့ မနက်ခင်းလို...။

နွေရာသီဟာ ဗလာပဲ။
ရာသီစာ စိတ်ညစ်ညူးမှုတွေကလွဲ ဖွဲ့နွဲ့စရာမရှိတော့။
ဖရဲသီးများများရယ် အဝေးတစ်နေရာက အချစ်ရဲ့ရယ်သံတိုးလျလျရယ်...
ရင်အေးရယုံနဲ့တင် ကျေးဇူးတင်ရပါတယ်။

ကိုယ့်မှာတော့ ဆောင်းအကုန်ထိ ရှင်သန်နိုင်ခဲ့ယုံအပြင် ဂုဏ်ယူနိုင်စရာဟာ ဘာဆိုဘာမှပါပဲ။
ကိုယ်ရှင်သန်ရတဲ့ ကမ္ဘာမှာတော့
မျက်စိတစ်မှိတ်စာ အနားယူမိယုံနဲ့တင် လဲပြိုနိုင်တယ်၊
နောင်တတွေကြားမှာလည်း ငိုရနိုင်တယ်။

ပိုင်ဆိုင်ရတာလေးတွေရှိလာတော့
ဆုံးရှုံးရခြင်းတွေကို ကိုယ်ချင်းစာလာနိုင်တယ်။
သူရဲဘောကြောင်ခြင်းတွေ တစ်ပွေ့ကြီးနဲ့ လက်လွှတ်ရခြင်းတွေမှာတော့ ရဲတင်းလာခဲ့တယ်။
ကိုယ်ကတော့ ကိုယ်ပီသစွာနဲ့ပဲ
တစ်ကိုယ်ကောင်းလည်း ဆန်ဖြစ်နေတုန်းပါပဲ။

🍀

Want your public figure to be the top-listed Public Figure in Pyinmana?
Click here to claim your Sponsored Listing.

Category

Website

Address


Pyinmana