MAMM Fighter Clothing
29/12/2023
ခေါင်းမငုံ့နဲ့ ၊ ပခုံးဖက်ရတယ်
December 23 ရက်နေ့က ဆော်ဒီက Boxing ပွဲမှာ
Conor Mc Gregor နဲ့ Cristiano Ronaldo တို့ အတူတူထိုင်ကြတယ်။
Conor က သူ့ထုံးစံအတိုင်း ရော်နယ်ဒိုဘေးဝင်ထိုင်ရင်း
ပွစိပွစိတွေ ပြောတဲ့ပုံတွေ တက်လာတော့ တချို့တွေက ဝိုင်းဟားတာပေါ့။
CR7 က သောက်ဖက်မလုပ်ဘူး ဘာညာ။
Conor ငပေါ ကြီးပါကွာ ဘာညာ။
MMA လောကမှ Conor Mc Gregor က လမ်းသစ်ဖောက်ခဲ့တဲ့ ဖိုက်တာပါ။
မွေးမြေဇာတိ အိုင်ယာလန်ဆိုတာ ဘာအရင်းအမြစ်မှ မရှိတဲ့ နိုင်ငံတခု။
ဘောလုံးသမားအများစုပဲ ထွက်ကြပြီး တော်လှန်ရေးမျိုးဆက်တွေဖြစ်လို့ သွေးဆူလွယ်ကြတယ်။
မန်ယူဂန္ဓဝင် ရိုင်ကိန်းလည်း အိုင်ယာလန်သားပါပဲ။
Conor အရင်က MMA Fighter နာမည်ကြီးတွေ အိုင်ယာလန်မှာ မထွက်ခဲ့ဘူး။
ဘောလုံးအားကစားပဲ နာမည်ရှိပြီး Conor တို့ဆို လက်အိတ်အသစ်တွေတောင် အကြွေးဝယ်ခဲ့ကြရတယ်။
နိုင်ငံရဲ့အားကစားကော်မတီက ထောက်ပံ့မှုမရခဲ့ဘူး။
မအောင်မြင်ခင်က ကော်နာက ရေပိုက်လေးဘာလေးလိုက်ပြင်တယ်။
သူ့မိန်းမက အလုပ်အစုံလုပ်ပြီး ပက်ဆံရှာတယ်။
ရေခမီးခ မပေးနိုင်လို့ အမေ့အိမ်ပြန်ကပ်နေခဲ့ရတယ်။
တဖက်မှာ MMA ထိုးနေရင်း UFC က စာချုပ်ချုပ်မှ
သူ့မှာ လူမှုဖူလုံရေး ပက်ဆံလေးတွေ ပြန်စုရတဲ့ ဘဝက လွတ်တာ။
UFC မှာ ဝိတ်တန်းတွေ ခုန်ကျော်ထိုးတယ်။
Double Champ ဖြစ်လာတယ်။
Boxing အကျော်အမော် Mayweather နဲ့ ထိုးတယ်။
သူ့ဘဝမှာ ရှုံးပွဲတွေရှိတယ်။ နိုင်ပွဲတွေရှိတယ်။
သေချာတာက Conor Mc Gregor က အပြောရဲတယ်။
Conor တယောက် UFC မှာ ထိုးနေတုန်းက Ronaldo က လာတွေ့ဖူးတယ်။
Conor က Ronaldo က အချမ်းသာဆုံးကစားသမားတွေထဲမှာ နံပါတ်ထိပ်ဆုံးက ရှိနေတာ သိတော့ တခွန်းပြောတယ်။
" ငါ မင်းရှိတဲ့ နေရာထိ တက်လာခဲ့မယ်" တဲ့။
အဲ့စကားက လေလုံးထွားတာမဟုတ်ဘူး။
2021 Forbes မဂ္ဂဇင်းရဲ့ ထုတ်ပြန်ချက်မှာ
Conor Mc Gregor က ဒေါ်လာ သန်း 180 နဲ့ တနှစ်တာဝင်ငွေအကြမ်းဆုံး ကစားသမားဖြစ်လာတယ်။
အဲ့ဒီအချိန် Ronaldo က တတိယနေရာမှာ သန်း 150 နဲ့ရှိနေခဲ့တယ်။
Conor မှာ Proper 12 Whiskey ဆိုတဲ့ Brand ကနေ ဝင်ငွေမနည်းမနောရတယ်။
UFC က နေ ရခဲ့တဲ့ပက်ဆံဆိုတာက တခြား Sport တွေနဲ့ ယှဥ်ရင် အများဆုံးမဟုတ်ပေမယ့် Conor ကတော့ ကစားသမားဘဝ နားထားတာတောင် ချမ်းသာနေတုန်းဆိုတာ သူ့ရဲ့ ကြံရည်ဖန်ရည်ကြောင့်ပဲ။
Conor ကို လူတွေက မုန်းကြပေမယ့် သူ့မှာ အားကျအတုယူစရာကောင်းတဲ့ အကျင့်တွေရှိတယ်။
မြန်မာ ကလေးတွေကို မိဘတွေက ရိုသေဖို့သင်ပေးတာကောင်းပေမယ့် လူတွေ့တိုင်း ခေါင်းဝပ်နေတာတော့ သိပ်သဘောမကျပါဘူး။
Conor Mc Gregor ကတော့ ဆင်းရဲသားဘဝမှာတုန်းကတည်းက သူ့အဖေကို ပြောခဲ့တာရှိတယ်။
" အသက် 25 နှစ်ကျော်ရင် ကိုယ့်ဒူးကိုယ်ချွန် Millionarie ဖြစ်လာစေရမယ်ဗျာ " တဲ့။
Conor က ရုရှားသမ္မတ ပူတင်ကိုတောင် ပခုံးဖက်ပြီး ဓာတ်ပုံရိုက်ခဲ့တဲ့ကောင်ပါ။
ရော်နယ်ဒိုနားထိုင်ပြီး ဟောင်ဖွာဟောင်ဖွာပြောတော့ရော
ဘာဖြစ်သွားလဲ။
ဒါမှမဟုတ် ရော်နယ်ဒိုနားကပ်ပြီး ခေါင်းလေးယို့နေရမှာလား။
ရော်နယ်ဒိုလည်း ကိုယ့်ဒူးကိုယ်ချွန်လာတာ
ငါလည်း ကိုယ့်ဒူးကိုယ်ချွန်လာတာ
ဒါက ယောကျာ်းချင်း ပေးတဲ့ Respect တခုပါပဲ။
ဒါကို အငုံ့စိတ် နဲ့ ကောင်တွေက ဟေးလားဝါးလား လှောင်ချင်လည်း လှောင်လေ။
ဘယ်ကောင်က သောက်ပေါလဲဆိုတာ
အချိန်တန်ရင် အလုပ်က သက်သေပြသွားတာ။
ရိုးသားစွာဖြင့်
Scorpion
27/12/2023
ဆောင်းရာသီမှာ ဘောင်းဘီဝတ်တယ်ဆိုတာ နွေးဖို့တစ်ခုတည်းကိုပဲ ဦးစားပေးလို့မရဘူးဗျ 🙅
အထာလည်းကျ၊ မိမိုက်နေဦးမှ။
ကဲ ဒါဆို နွေးလည်းနွေးမယ်၊ အထာကျကျ ဘယ်သွားသွားဝတ်လို့ ရမယ့် ဘောင်းဘီရှည်တွေ ရှိနေတယ်ဆိုရင်ရော 💪💪
MAMM Fighter Clothing ရဲ့ Sweat Pant တွေက အမိုက်စား Logo Design အထာ ကာလာဘာညာနဲ့ လာပြီး
✅ အပြင်သွားရင်းပဲ ဝတ်ဝတ်
✅ ထရိန်နင်ဆင်းရင်းပဲ ဝတ်ဝတ်
✅ မနက်ပိုင်းအပြေးလေ့ကျင့်ခန်းလုပ်ရင်ပဲ ဝတ်ဝတ် အကောင်းဆုံးပါပဲ။
📌အသားကောင်းပြီး လုံးဝကို ဝတ်ဖူးသမျှ tracksuit သားတွေထဲ premium ဆန်ဆန်အသားမျိုးဆိုတာ အာမခံပါတယ်။
========================
စျေးနှုန်းလေးတွေက
✨M - 16,000 ကျပ် ( ပေါင် ၁၂၅ အောက် )
✨ L - 17,000 ကျပ် ( ပေါင် ၁၇၀ အောက် )
✨ XL - 17,500 ကျပ် ( ပေါင် ၁၇၀ အထက် )
✨2XL - 18000 ကျပ် ( ပေါင် ၂၀၀ အထက် )
ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့ပေါင်း ၁၅၀ ကျော် အတွက် အိမ်အရောက်ငွေချေစနစ်နှင့် စီစဥ်ပေးထားပါတယ် 🙏
အော်ဒါတင်ပြီး ၇ ရက်အတွင်း delivery အပ်ပေးပါတယ်ခင်ဗျာ
👉🏻Page ရဲ့ messenger သို့မဟုတ် 09 778 449 276 နှင့် 09 799 335 963 ကို ဆက်သွယ် ဝယ်ယူနိုင်ပါပြီခင်ဗျာ👈🏻
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Pyinmana