TrikyArot

TrikyArot

Share

13/12/2023

Tarot Deck Review ( The Darkness of Light )

ဒီ The Darkness of Light Tarot Deck လေးက ကျွန်တော့်ဆီကို 2022, March လ လောက်က စရောက်ခဲ့တာ ဆိုတော့ အခုဆို ကျွန်တော့်လက်ထဲမှာ 1နှစ်နဲ့ 9လ ၀န်းကျင်လောက်ရှိသွားပါပြီ။

သူ့ energy က Dark ဘက်ကို သွားတာဆိုပေမဲ့ အရမ်းကြီး အစွန်းရောက်မနေဘဲ Dark ဘက်ကို ညင်ညင်သာသာလေး စီးဆင်းနေသလိုမျိုးခံစားရတယ်။ကျွန်တော့် Energy နဲ့ တော်တော်လေးကို Match ဖြစ်ပြီးတော့ ကိုင်တွယ်ရတာ ညိမ့်ညိမ့်ညောင်းညောင်းနဲ့ တော်တော်လေးကို အဆင်ပြေတဲ့ Tarot Deck လေးဖြစ်ပါတယ်။

စရောက်ကတည်းက အရမ်းကိုထူးဆန်းပါတယ်။ ကျွန်တော်နဲ့ Energy ချိတ်ဆက်ဖို့ အတင်းကြိုးစားခဲ့ရတာမျိူးမရှိဘဲ အလိုလိုနေရင်းကို Match ဖြစ်နေခဲ့တာပါ။ ကျွန်တော့်အနေနဲ့ ကတ်တစ်ကတ်ချင်းစီကို ကြည့်လိုက်တိုင်း မျက်လုံးက မခွာချင်တော့လောက်အောင် အတော်လေး စွဲဆောင်မှုရှိပါတယ်။

ဒီ Deck လေးနဲ့ လူတော်တော်များများကို ကူညီနိုင်ခဲ့ပါတယ်။ မှတ်မိသလောက်ကတော့ အချစ်ရေးအတွက် အများဆုံး ဟောပေးခဲ့ရပြီး clients တော်တော်များများလည်း အဆင်ပြေသွားကြတာ ကြည့်ပါဘဲ။တစ်ချို့ case တွေဆို အခုထိကို မှတ်မိနေတုန်းပါ။Energy match ဖြစ်ချက်ကတော့ ကျွန်တော် ဒီ Deck ကို သုံးလိုက်တိုင်း နိမိတ်တွေကို ထင်ထင်ရှားရှားနဲ့ မြင်ရလောက်တဲ့ထိပါဘဲ။

ဒီ Deck ကို သုံးပြီး နောက်ပိုင်း သတိထားမိလာတာက သူက Energy အသုံးလေးတော့ တော်တော်ကြမ်းတယ်ဗျ။ဘယ်လို ကြမ်းတာလဲဆို ကျွန်တော် client တစ်ယောက်ကို ကြည့်ပေးပြီးရင် နောက် client တစ်ယောက်ကို ကြည့်ဖို့ energy မလောက်တော့တာလိုလို ပင်ပန်းလာတာ လိုလို ခံစားရတယ်။အာ့တုန်းက ကျွန်တော်ဘဲ Energy Pool နည်းသေးလို့လားတော့မသိ။ ဒီ Deck ကိုသုံးပြီးတာနဲ့ သေချာတာကတော့ အိပ်ယာပေါ် လဲချလိုက်ပြီး နားချင်လာတော့တာဘဲဗျာ။

နောက်ပိုင်း Clients တွေ များလာတော့ ကျွန်တော့်အနေနဲ့ Rider-Waite Tarot Deck ကို ပြောင်းလဲ အသုံးပြုခဲ့ရပါတယ်။ဒီ The Darkness of Light Tarot Deck လေးက ကျွန်တော့်ရဲ့ ကျေးဇူးရှင်ဆိုလည်းဟုတ်ပါတယ်။အခုအချိန်ထိ ကျွန်တော့်လက်ထဲမှာ နူးညံ့ ညင်သာစွာနဲ့ ရှင်သန်နေတုန်းပါဘဲ။

10/12/2023

Pick a pile reading.
မိမိကို နောက်ကွယ်မှာ ဘာတွေပြောနေကြလဲ။

(1)

1 ကိုရွေးချယ်လိုက်တဲ့သူလေးတွေက ထူးခြားတဲ့သူလေးတွေဖြစ်ကြတယ်နော်။လူတွေကလည်း အာ့တာကို သတိထားမိကြပြီး နောက်ကွယ်မှာ ထူးခြားသူ‌လေးတွေအဖြစ်အသိအမှတ်ပြုထားကြတယ်တဲ့။တစ်ခုခုလုပ်ရင် သူများနဲ့မတူတာ တစ်မူထူးခြားတာလေးတွေကြောင့် လူတွေက အာ့ဒီအကြောင်းလေးတွေကို အတင်းတုတ်ကြပြီးတော့ ကောင်းတဲ့ အရာလေးတွေဆိုရင်မှသူတို့ကတောင် ပြန်အတုယူနေတတ်ကြပါတယ်။ ‌အကောင်းမြင်စိတ်လေးများပြီး စိတ်ကူးစိတ်သန်းလေးတွေ ထူးခြားတာကြောင့် လူမုန်းများတဲ့သူလေးတွေတော့ မဟုတ်ကြပါဖူးနော်။ လူတွေက မိမိနောက်ကွယ်မှာ မိမိကောင်းကြောင်းနဲ့ ထူးခြားချက်လေးတွေကို ခဏခဏ ပြောတတ်ကြပါတယ်။အာ့လိုထူးခြားနေတာကိုမှ အမြင်မကြည်တဲ့သူလေးတွေလည်း ရှိတတ်ကြပါတယ်။ တစ်ချို့ကတော့ မိမိရဲ့ ထူးခြားတဲ့ ပုံစံ၊ တွေးခေါ်မှုတို့ကို ဘ၀င်မကျဘဲ အလိုလို အမြင်မကြည်ဖြစ်နေတတ်ကြပါတယ်တဲ့နော်။

(2)

2ကို ရွေးချယ်ကြတဲ့ သူလေးတွေကို တစ်ချို့က လှောင်ပြောင်ချင်စိတ်နဲ့ အတင်းတုတ်နေကြတာမျိုးလေးတွေရှိတယ်တဲ့နော်။ တကယ်လို ဒီ 2 ကိုရွေးမိကြတဲ့သူလေးတွေမှာ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုခုက သူများနဲ့မတူထူးခြားနေတာလေးတွေရှိတတ်ပြီး အာ့ဒီအချက်ကိုဘဲ တစ်ချို့က အတင်းတုတ်နေကြတာလေးတွေရှိတယ်နော်။မိမိရဲ့ ခန္ဓာကိုယ်ကို အားနည်းချက်တစ်ခုလို့တော့ မသတ်မှတ်စေချင်ပါဖူးနော်။ ခန္ဓာကိုယ်က တစ်မူထူးခြားတာမျိုးမရှိဖူးဆိုရင်တောင် မိမိ အမှားတစ်ခုလုပ်တိုင်း လှောင်ရီဖို့ စောင့်နေကြတဲ့သူလေးတွေရှိတယ်တဲ့နော်။အနီးမှာဆို ကိုယ့်ကို တစ်မျိုးဆက်ဆံပြီး အဝေးမှာဆို ကို့မကောင်းကြောင်းကို ပြောနေတတ်ကြပါတယ်။ စိတ်မပူပါနဲ့ သူတို့ စကားသံက မိမိဘ၀ကို ဘာရိုက်ခက်မှုမှမရှိတာကြောင့် ဘာမှ ခေါင်းထဲထည့်စရာမလိုဖူးနော်။ ခက်ခဲတယ်ဆိုတာ သိပါတယ် ။ အားတင်းပြီး ရှေ့ဆက်တိုးနော် လိုရာ ခရီးကို တစ်ချိန်ချိန်မှာ အပြုံးနဲ့ ၀င်နိုင်မှာပါ။အာ့တာ‌‌ကြောင့်ကို့အတင်းပြောတဲ့ သူတွေတောင် ပါးစပ်အဟောင်းသားနဲ့ ကျန်ခဲ့ရလောက်အောင်ထိ ကြိုးစားပြလိုက်နော်။

(3)

3 ကို ရွေးချယ်ကြတဲ့ သူလေးတွေက မဟုတ်တာလုပ်ခံရရင် လုံး၀မခံတတ်တဲ့သူလေးတွေ ဖြစ်မယ်ထင်တယ်။အာ့ဒီအချက်ကိုဘဲ လူတွေက ပြောဆိုနေတတ်ကြတယ်နော်။ဘယ်အရာမဆို ငါလုပ်နိုင်တယ်ဆိုတဲ့ စိတ်နဲ့ တစ်ခုခုဆို ကို့အားကို ကိုးတတ်ကြသူလေးတွေမလို့ တစ်ချို့ကတော့ သဘောကျကျပေမဲ့ တစ်ချို့ကတော့ မာနကြီးတယ် ခေါင်းမာတတ်တယ်ဆိုပြီး ဝေဖန်နေတတ်ကြပါတယ်တဲ့။ဒေါသကို မြိုသိပ်ထားတတ်ပြီး တကယ် ဒေါသထွက်လာရင် ပေါက်ကွဲတတ်တဲ့ အချက်လေးတွေကြောင့် လူတွေက မိမိကို ဒေါသကြီးတယ်လို့လည်း တစ်ချို့က ထင်မြင်တတ်ကြပါတယ်နော်။တစ်ချို့ကတော့ မာနကြီးတယ် ထင်တတ်ကြပါတယ်။မဖြစ်နိုင်တာတွေကိုမှ စွန့်စားရဲတဲ့ သတ္တိ စွန့်စားလုပ်ကိုင်ရဲတဲ့ သတ္တိမျိုးရှိတတ်ပြီး လူအများအားကိုးရတဲ့ သူလေးတွေလည်းဖြစ်တယ်နော်။ အာ့တာကိုလည်း မနာလိုဖြစ်နေကြတဲ့ သူလေးတွေက ကို့အကြောင်းကို အတင်းတုတ်နေတတ်ကြပါတယ်တဲ့။

05/12/2023

EnigmaVision Package

About the package

လူကြီးမင်းတို့ မေးလိုသော မည်သည့် မေးခွန်းမျိုးကိုမဆို Tarot ကတ်များအသုံးပြုပြီး ကံကြမ္မာနိမိတ်များ ဖတ်ကြားပေးပါသည်။

Triky အနေဖြင့် မကြည့်ပေးသင့်ဘူးဟု ထင်သည့် မေးခွန်းများကိုမူ မည့်သည့်အကြောင်းကြောင့်မှ နိမိတ်များ ဖတ်ကြားပေးမည်မဟုတ်။

ဟောစတမ်းများ စောင့်စရာမလို။တိုက်ရိုက် message ဖြင့် ကံကြမ္မာနိမိတ်များကို ဖတ်ကြားပေးသည်။

Package Fee

မေးသည့် အကြောင်းအရာ အဓိပ္ပာယ်နက်ရှိုင်းမှု နှင့် Energy အသုံးပြုရမှု အနည်းအများတို့ပေါ် မူတည်၍ မေးခွန်းတစ်ခုကို 3000 ကျပ်မှ 5000 ကျပ်အတွင်း Fee ကျသင့်ပါမည်။

More Details

Package အားရယူရန်အတွက် Booking အရင် တင်ထားဖို့ လိုအပ်သည်။

မေးခွန်းတစ်ခုအတွက် Tarot ကတ် 3ကတ်မှ 5ကတ် အထိ အသုံးပြုပြီး ကံကြမ္မာနိမိတ်များ ဖတ်ကြားပေးသည်။

လူကြီးမင်းတို့ စိတ်ကျေနပ်မှုရရှိသည်အထိ Package အား အပြည့်အ၀ တာ၀န်ယူ၍ ကံကြမ္မာနိမိတ်များ ဖတ်ကြားပေးသည်။

Package အား ရယူပြီးနောက် 1လအတွင်း ပြန်လာပါက 5% Discount ရရှိမည်။

14/11/2023

Daily Tarot Messages
14.11.2023

မိမိ၏ အတိတ်ကာလတွင် ကြုံခဲ့သော ဆုံးရှုံးမှုများ၌ မပိတ်မိနေပါစေနှင့်။အတိတ်တွင် ပိတ်မိနေခြင်းက အနာဂတ်၌ ကြုံလာနိုင်သည့်ကောင်း‌သော အခွင့်အရေးများကိုပါ ဆုံးရှုံးမှုများ ဖြစ်စေနိုင်သည်။

ပြန်မရနိုင်တော့သော ဆုံးရှုံးမှုများအတွက် ပူပန်နေမဲ့အစား အနာဂတ်အတွက် ပြင်ဆင်မှုများကိုသာ ဆောင်ရွက်သင့်သည်။

10/11/2023

ဒီနေ့ တစ်နေ့တာအတွက် ကြုံလာသမျှ အခက်ခဲ ‌အနှောက်အယှက်တိုင်းကို မိမိ၏ ဉာဏ်ပညာ ဂရုဏာ မေတ္တာတို့နှင့် ရင်ဆိုင်ဖြေရှင်းပါ။

အလောတကြီးဆောင်ရွက်သော ကိစ္စရပ်များ အမှားအယွင်းများနှင့် ကြုံတတ်သည်။

Tarot booking ရယူရန်
https://m.facebook.com/story.php?story_fbid=145607324746376&id=110355428271566&mibextid=Nif5oz

Want your practice to be the top-listed Clinic in Pyinmana?
Click here to claim your Sponsored Listing.

Telephone

Website

Address


Pyinmana

Opening Hours

Monday 08:30 - 22:00
Tuesday 08:30 - 22:00
Wednesday 08:30 - 22:00
Thursday 08:30 - 22:00
Friday 08:30 - 22:00