Shwe Phyo

Shwe Phyo

Share

24/09/2023

ဘဝ အနိမ့်အမြင့်အချိုးအကွေ့တွေ အများကြီးကြုံဆုံရပြီးတဲ့နောက်မှာ >>>

အခုနောက်ပိုင်း ကိုယ်ဟာ ပင်ပန်းစေတဲ့
အရာမှန်သမျှကို လွှတ်ချလိုက်တော့တာပါပဲ။

တတ်နိုင်သလောက် ကိုယ်ပျော်အောင်နေတယ်။

တတ်နိုင်သလောက် ကိုယ်စိတ်ထားတတ်အောင်နေတယ်။

နာကျင်စရာရှိရှိ ဝမ်းနည်းစရာရှိရှိ
ကိုယ်ဟာ ပြုံးရင်း၊ရယ်ရင်း၊
မောရင်းဟန်ဆောင်ကောင်းရင်းနဲ့ပဲ
ရှင်သန်တော့တယ်။

ဒါ့အပြင် ကိုယ်ဟာ

ဘယ်သူ့အတွက်မှလည်း အပူလောင်
မခံတော့သလို

ဘယ်အရာကြောင့်နဲ့မှလည်းဒဏ်ရာဒဏ်ချက်မရစေတော့ဘူး။

ရည်ရွယ်ချက်ရှိသည်ဖြစ်ဖြစ် ရည်ရွယ်ချက်မရှိသည်ဖြစ်ဖြစ်

ကိုယ်ဟာဘယ်လောက်နေရမလဲမသိတဲ့ လက်ကျန်အခိုက်အတန့်တိုင်းမှာ ဘယ်သူ့ကိုမှ စိတ်မဆိုးပဲနေချင်တော့တယ်။

တစ်စုံတစ်ယောက်နဲ့ ပြန်ဆုံရတိုင်း
မှာအမုန်းမပါ နောင်တမပါပဲ ပေါ့ပါးစွာရယ်မောနှုတ်ဆက်မယ်။

ဝင်လာသမျှ ထွက်လာသမျှ
လူတွေကြားမှာအသိသတိကို စွဲကပ်မယ်။

စာအုပ်တွေဖက်ဖို့ ပိုအချိန်ယူမယ်။

သဘာဝကို ပိုချစ်တတ်အောင်သင်မယ်။

မဖြစ်နိုင်တဲ့စိတ်ကူးတွေကို လျော့ပြီး

ကိုယ်ကြိုက်နှစ်သက်တဲ့အရာတွေ
နှင့်ကိုယ့်ကိုယ်ပျော်စေတဲ့ သူတွေကြားမှာပဲပိုရှင်သန်ချင်တော့တယ်။

ဘဝဆိုတာ
အခိုက်အတန့်လေးမှာ ရှင်သန်ရတာလေ။

အချိန်တန်ရင် ပျော်ရတဲ့အချိန်တွေအများကြီးရှိသလိုမပျော်ရတဲ့ အချိန်တွေလည်းရှိပါတယ်။

ဒါကြောင့် စိတ်နေ စိတ်ထားကို
အသိသတိနဲ့ ယှဉ်ကာ ပျော်အောင်နေ
တတ်ဖို့လိုပါတယ်။

နာကျင်စရာရှိရှိ ဝမ်းနည်းစရာရှိရှိ
လိုအပ်ရင် လွှတ်ချပြီး..လိုအပ်ရင်လက်လွှတ်တတ်ရပါမယ်။

ဒါမှ ရှင်သန်ခြင်းဟာ လှပနေမှာဖြစ်
ပါတယ်။

ဦးချေ(30.12.21)
photo-pinterest

20/09/2023

ရောင်စုံ ဆီမီးလေးတွေ အများကြီးရောင်းရအောင်လို့ like & share လေး လုပ်ပေးကြနော်🥰

မင်မင် နေ့လည် ၁၁ နာရီ မှာ မုန့်ဖိုး လာပေးမယ်ဆို ကျေနပ်လား🥰

Want your business to be the top-listed Beauty Salon in Pyinmana?
Click here to claim your Sponsored Listing.

Telephone

Website

Address


Pyinmana