SHWE PO

SHWE PO

Share

16/09/2024

(2.5.2008)ခု့နှစ်က မြစ်ဝကျွန်းပေါ်ဒေသတွင်တိုက်ခတ်ခဲ့တဲ့ နာဂစ် မုန်တိုင်းမှာ မင်တို့မိသားစု့
(မေမေ ညမလေး မင်မင်) အသက်ဘေးကလွတ်မြှောက်ခဲ့တာပါ

မင်ကိုယ်တိုင်ကြုံခဲ့ရတဲ့ သဘာဝဘေးအန္တာရယ် အတွေ့အကြုံလေးကိုပြန်မျှဝေခြင်းပါ....

သဘာဝဘေးအန္တာရယ်တစ်ခု့ ကျ​ရောက်ပြီဆိုရင်
အခြေအနေ ၂ ရပ်ကိုပြုလုပ်ရပါတယ်...

(1)ကယ်ဆယ်ရေး
သဘာဝဘေးအန္တာရယ်ကျရောက်နေတဲ့အတောအတွင်းမှာ အသက်ရှင်သန်ရေးထက် ဘယ်ဟာမှ့ပိုအရေးမကြီးပါဘူး
ကယ်ဆယ်ရေးအသင်းများ ပရဟိတအသင်းအဖွဲ့များသည် အသက်ကယ်ဆယ်ရေးကို ပထမဆုံးအချက်အနေဖြင့် ဦးစားပေးလုပ်ဆောင်ရပါမယ်

(2)ပြန်လည်ထူထောင်ရေး
သဘာဝဘေးအန္တာရယ် ကာလအတောအတွင်းမှာ ပျက်စီးဆုံးရှုံးသွားတဲ့ ဆုံးရှူံးမှု့များအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝိုင်းဝန်းစု့ပေါင်းပြီး သဘာဝဘေးအန္တာရယ်သင့် ဒေသတွေကို ငွေအင်အား/လူအင်အားများဖြင့် ကူညီပေးခြင်းပါ...

​ပြန်လည်ထူထောင်ရေးကာလမှာအဓိကလိုအပ်တာ အလှူငွေပါ ဒီလိုအချ်န်မှာတောင် တကယ်လုပ်တဲ့သူတွေပုံရိပ်ကိုအသုံးချပြီး နာမည်ကောင်းဝင်ယူပြီး အလှူငွေလက်ခံတာတွေလည်းမင်ပတ်ဝန်းကျင်မှာ မြင်တွေ့နေရတာတွေရှိပါတယ်...
တကယ်လုပ်နိုင်တဲ့သူတွေ အစစ်အမှန်အဖွဲ့စည်းတွေကိုပဲသေချာဆန်းစစ်ပြီး လှူဒါန်းကြပါ...

ပြန်လည်ထူထောင်ရေးကာလတွေမှာ- အစားအသောက်
နေထိုင်စရာ
အဝတ်အထည်
ဆေးဝါးများ
မိန်းခလေးလစဥ်သုံးပစ္စည်း အစရှိတာတွေက အရေးတကြီးအဓိကလိုအပ်တာတွေပါ

ရေဘေးကာလမှာ လူတွေပါရေနဲ့အတူ မျှောပါကြတာတွေကို social midea တွေမှာတွေ့ရတော့ ထွက်မပြေးကြဘူးလား ဆိုတဲ့cmtတွေအများကြီးတွေ့ရပါတယ်...

ရိုးရိုးရေတက်တာနဲ့ အဘာဝဘေးအန္တာရယ်ကြောင့် ရေတက်ခြင်းဟာ (လုံးဝလုံးဝ) မတူပါဘူးရှင့်
ရိုးရိုးရေတက်တာဟာ အချိန်မှန်မှန်နဲ့ တရိပ်ရိပ်တက်လာခြင်းပါ...
သဘာဝဘေးအန္တာရယ်ကြောင့် ရေတက်တာဟာ အရှိန်အဟုန်နဲ့မျက်စိတမှိတ်အတွင်း အလုံးအရင်းအလိုက် ရေအားနဲ့အတူဆွဲချသွားခြင်းပါ...

အခိုင်အခံ့ဆောက်လုပ်ထားတဲ့အဆောက်အဦးတွေတောင်မခံနိုင်တာ ပျှမ်းမျှပေါင်ချိန် ၁၀၀ ပတ်ချာ လည်ရှိတဲ့ လူတွေကဘယ်လိုမှ့ခံန်ိုင်ရည်မရှိပါဘူး

နာဂစ်မုန်တိုင်းတိုက်ခတ်စဥ်တုန်းက လေတိုက်နှုန်း
တစ်နာရီ မိုင်၂၀၀ ဝန်းကျင်ပါ...မိုင် ၂၀၀ ဝန်းကျင်နဲ့အတူ ပါလာတဲ့ရေအားက ၁၅ပေ အထက်ရှိပါတယ် မုန်တိုင်းတိုက်ခတ်နေတဲ့ တစ်ည့ဆိုတဲ့ အချိန်ကာလဟာ ကမ္ဘာပျက်တယ်ဆိုတာ ဒီလိုမျိုးပါလာဆိုပြီးတွေးခဲ့မိတယ်

မင်တို့နာဂစ်တုန်းကလက်ထဲငွေရှိတာတောင်ဘာမှ့ဝယ်မရလို့ တစ်နေ့လုံးအငတ်ခံပြီး နောက်တစ်နေ့ သီတဂူဆရာတော်ဘုရားကြီး လာလှုတဲ့ ရေသန့်
၁ကတ် ပေါင်မုန့်၃ထုပ် ခေါက်ဆွဲခြောက်၁ပါကင်နဲ့ အသက်ဆက်ခဲ့ရတာပါ

ကိုယ့်နေရာမှာမဖြစ်ပေမဲ့ ဘေးဖြစ်တဲ့နေရာတွေမှာ ကိုယ်လှူတဲ့ပစ္စည်း/အလှူငွေ/လူအင်အားကြောင့်
အသက်တစ်ချောင်း ထမင်းတစ်နပ် အထောက်အပံ့ဖြစ်စေတဲ့ ပီတိဟာ ဘာနဲ့မှ့လဲလို့မရပါဘူး...

ကိုယ့်ဒေသမှာဘေးအန္တာရာယ်မဖြစ်လည်း တစ်မြေတည်းနေတစ်ရေတည်းသောက်တဲ့ နိုင်ငံသားချင်းတွေမို့လို့ လူအင်အား ငွေအင်အားဖြင့် တတ်စွမ်းနိုင်သမျှ ကူညီပေးကြပါ...

ကိုယ်ချင်းစာစိတ်တွေပိုထားကြမယ်
ဘာသာရေးတွေပိုလုပ်ကြပြီး စစ်ဘေး သဘာဝဘေး ကပ်ကြီး၃ပါးကို အားတင်းပြီးကျော်ဖြတ်ကြမယ််...
၃၁ ဘုံသားများနှင့် ၈ ရက်သားသမီးများ အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...

14/09/2024

ကြက်
ဝက်
ဆိတ်
ကင်ချီ
ကြက်ခြေထောက်
ပုဇွန် out of stock

-၂သောင်းဖိုးအထက်
ကြက်ခြေထောက်ထောင်း
ding fong အအေး၁ခွက်

-၅သောင်းဖိုးအထက်
ကြက်/ဝက် ရှမ်းကော
ding fong အအေး၁ခွက်

-၁သိန်းဖိုးအထက်
ပင်လယ်စာရှမ်းကော
ကြက်ခြေထောက်ထောင်း
ding fong အအေး၁ခွက်

​နိုင်ငံရေးတည်ငြိမ်မှု့မရှိလို့ ကုန်စျေးနှုန်းတွေလည်း အဆမတန်တက် ကပ်ဘေးတွေကလည်းဖြစ်နေတာမို့လို့ Shwe Poမှ့တတ်နိုင်သမျှလေး လုပ်ပေးခြင်းပါ😘

မင်တို့ဘာသာရေးတွေပိုလုပ်ပြီး ကပ်ဘေးတွေကို တတ်နိုင်သမျှအားတင်းပြီး ကျော်ဖြတ်ကြမယ်💛

Want your restaurant to be the top-listed Restaurant in Pyinmana?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


P5QM+2FG SHWE PO, Aung Chang Thar-Street, Taungnyo Road
Pyinmana

Opening Hours

Monday 10:00 - 18:00
Tuesday 10:00 - 18:00
Wednesday 10:00 - 18:00
Thursday 10:00 - 18:00
Friday 10:00 - 18:00
Saturday 10:00 - 18:00
Sunday 10:00 - 18:00