Rain Moltivation
28/12/2020
Chilli
ဒီတစ်ခါတော့ကျွန်တော်ကိုးတန်းလောက်ကဖတ်ဖူးတဲ့ဝတ္ထုတိုလေးတစ်ပုဒ်အကြောင်းကိုပြောပြပါမယ်။ဦးဘုန်း(ဓာတု)ရေးတဲ့ သုည ဆိုတဲ့စာအုပ်ထဲက ငရုတ်သီးဆိုတဲ့အပုဒ်အကြောင်းပါ။အတွေးနယ်ချဲ့ရေးသားမှာဖြစ်ပါတယ်။ဇာတ်လမ်းကတော့ဒီလိုပါ။ကျောင်းသားသုံးယောက်ဟာကျောင်းသားပီပီကျောင်းပြေးကြတာပေါ့။နောက်နေ့ကျတော့သူတို့ဆရာကသူတို့ကိုအပြစ်ပေးတဲ့အနေနဲ့ငရုတ်သီးစားရမယ်ပေါ့။အစပိုင်းတော့စားကြတာပေါ့။ကြာလာတော့တဖြည်းဖြည်းနဲ့မစားချင်တော့ဘူး။စပ်တာကိုး။အဲ့မှာဆရာကဆုံးမတယ်။ငရုတ်သီးဆိုတာမကောင်းတဲ့လုပ်ရပ်လို့သဘောထားလိုက်။စပ်တဲ့အကြောင်းကိုသိတာဟာ မကောင်းကြောင်းကိုသိတာပေါ့။ငရုတ်သီကစပ်တော့စပ်စားချင်သေးလား။ဒီလိုပဲမကောင်းမှန်းသိရင်မလုပ်နဲ့တဲ့။ဥပမာပေးတာကောင်းချက်ဗျာ။ကဲ အတွေးနယ်ချဲ့ကြည့်ရအောင်။ငရုတ်သီးဆိုတာစပ်ပေမဲ့ထမင်းစားတဲ့အခါထမင်းမိန်စေတယ်လေ။ဒီတော့ကောင်းတဲ့ထဲပါသလားပေါ့။သေချာတွေးကြည့်တော့ငရုတ်သီးဟာဘာအာဟာရဓာတ်မှမပါဘူး။များမာိးစားရင်အစာအိမ်ရောဂါပါရနိုင်တယ်။ဒါကြောင့်မကောင်းတဲ့အရာပဲလို့သိမိတယ်။အကျိုးမဲ့တဲ့ငရုတ်သီးကိုမစားသင့်သလို့မကောင်းတဲ့အရာကိုလည်းရှောင်ကြဉ်သင့်တာပေါ့။ဒီအတွေးကပဲကျွန်တော့်ကိုလမ်းကြောင်းမလွဲအောင်ပဲ့က်ုင်ခဲ့ပါတယ်။ဒါ့ကြောင့်sharingလုပ်ပေးရခြင်းဖြစ်ပါတယ်။
14/12/2020
Personal Grooming
Personal grooomingဟာ တစ်ကိုယ်ရည်သန့်ရှင်းခြင်းနှင့်ပြင်ဆင်ခြင်းအနုပညာပါပဲ။လူတစ်ယောက်ကိုတွေ့ရင်အရင်ဆုံးမြင်ရတာimageပါ။imageကောင်းမှသာလူတွေကပေါင်းသင်းဆက်ဆံချင်ကြတာ။ဒါကြောင့်personal groomingက အရေးပါပါတယ်။personal groomingကောင်းဖို့ဆိုရင်
1. Hair(ဆံပင်)
လူတစ်ယောက်မှာဆံပင်ပုံစံကအရမ်းအရေးပါပါတယ်။ယောင်္ကျားလေးတွေဆိုရင်ဆံပင်ကိုတိုတိနဲ့ရှင်းရှင်းထားတာကောင်းပါတယ်။မိန်းကလေးတွေကတော့စည်းထားတာအကောင်းဆုံးပေါ့။
2. Face(မျက်နာ)
လူတိုင်းမျက်နာကိုထိန်းသိမ်းသင့်ပါတယ်။ကိုနဲ့လိုက်ဖက်ညီတဲ့skincareတို့makeupတို့သုံးဖို့လိုပါတယ်။အကောင်းဆုံးကတော့ရိုးရာသနပ်ခါးပေါ့။
3. Nail(ခြေသည်းလက်သည်း)
ခြေသည်းလက်သည်းပုံမှန်ညှပ်ရပါမယ်။အကယ်၍လက်သည်းအရှည်ထားတာဆိုရင်လည်းပုံမှန်သန့်ရှင်းရေးလုပ်ပေးရပါမယ်။
4. Clothes and acessories
သွားမဲ့နေရာနဲ့ကိုက်ညီတဲ့အဝတ်အစားနဲ့အဆောင်အယောင်ကိုရွေးချယ်တက်ဖို့လိုပါမယ်။ဒါမှသာသင်ဟာconfidenceရှိမှာဖြစ်ပါတယ်။
5. Shoes
သွားမဲ့နေရာနဲ့လိုက်ဖက်တဲ့ဖိနပ်ကိုရွေးချယ်တက်ဖို့လိုတာပေါ့။ဒါမှသာသွားလာရလွယ်ကူမှာပေါ့။
Click here to claim your Sponsored Listing.
Category
Website
Address
Maung Khin Street
Pyinmana