Purple Rose
နှင်းဆီပင်မျိုးစုံနှင့်အပင်ဆေးများကို စုံလင်စွာရရှိနိုင်ပါတယ်ရှင့်💜💜💜 Jan 1, 2017 တွင် စတင်တည်ထောင်ခဲ့ပြီး ယုံကြည်စိတ်ချစွာဝယ်ယူအားပေးနိုင်ပါသည်ရှင့်။ပြည်မြို့ကပါရှင့်
26/05/2026
စိုက်ပျိုးလို့အကောင်းဆုံးနဲ့ မျိုးရှားပြီးအလှဆုံးထဲက နှင်းဆီပင်လှလှ ရှာနေပါသလား 💐🌹💐🌹💐
အမြဲမပြတ်ပွင့်နေတာမျိုးနဲ့ရောဂါဒဏ်ခံနိုင်ရည်ရှိတဲ့ လိမ္မော်ရောင်နှင်းဆီအပင်ကြီး ရောင်းပါမယ်ရှင့် 🧡🧡
အကိုင်းအခက် ဖြာထွက်မှုကောင်းပြီး ပင်စည်ရင့်ပြီးသားမို့ ရာသီဥတုဒဏ် ခံနိုင်ရည်ရှိပါတယ်
မျိုးကောင်းမျိုးသန့်မို့ အဖူးအား အရမ်းကောင်းပါ
တယ်ရှင့် အပွင့်များများနဲ့ ရေရှည်အလှခံမယ့် အပင်ပါ
မြေစာဖြည့်ပြီး အမြစ်နေရာကျပြီးသားမို့ ဝယ်ပြီးတာနဲ့
ဒီအတိုင်းထားစိုက်ရုံပါပဲနော် 🧡
Fearless Rose 🌹🌹 တစ်ပင် 65000 ks ပါရှင့်🧡🧡
26/05/2026
ဘာစိုက်စိုက် မဖြစ်ဘူး မပွင့်ဘူး မကြီးဘူး ဆိုတဲ့သူတွေ
ဒီမျိုးကို စိုက်ကြည့်ပါနော် နှင်းဆီစစိုက်မယ့်သူတွေနဲ့
လုံးဝမပြုစုတတ်သူတွေ အတွက် အကြမ်းခံ ရောဂါဒဏ်
ခံန်ုင်ပြီး ပုံမှန်ပွင့်တဲ့မျိုးပါရှင့် 😍
တစ်ပင် 20000 နဲ့ပဲယူပါ😘
26/05/2026
အမွှေးနံ့ပြင်းပြင်းကြိုက်သူတွေပဲယူပေးပါရှင့်❤❤
ပွင့်ချပ်များများကို အီစိမ့်စူးရှနေအောင်မွှေးပြီး
candle-light peach အရောင်လေးနဲ့ အပွင့်ကြီး
မျိုးကောင်း Abraham Darby Rose ❤❤
တစ်ပင်ဆိုသလောက် စိုက်ရတာ အရမ်းဖြစ်ထွန်းပါတယ်
မင်မင်တို့ ပြည်မြို့မှာစိုက်တာတော့ နွေရာသီလည်း
အေးဆေးပဲ ✅✅တစ်ပင် 28000 ကျပ်ပါရှင့်
(ပင်စည်ရင့် အကိုင်းကောင်းကောင်းနဲ့ အညွန့်တွေပဲရှိသေးတဲ့အပင်ကြီးပါ အဖူးထွက်လို့အပွင့်ပွင့်ရင် ခြံလာတဲ့
သူတွေနောက်အမြဲပါသွားတဲ့မျိုးမို့ online ရွေးသူတွေလည်းရအောင် စောတင်ပေးတာပါရှင့်)
26/05/2026
နှင်းဆီမကြိုက်ဖူးဆိုတဲ့သူတောင် ကြိုက်သွားစေရမယ်လို့ အာမခံတယ်ရှင် ဒီမျိုးကတော့ အပူပိုင်းဒေသ
(အထူးသဖြင့် ရန်ကုန်)မှာတောင်အလုံးလိုက်ကလေး
ပွင့်ပေးလို့ ရန်ကုန်ကသူတွေအရမ်းကြိုက်တဲ့ အရမ်းပွင့် အရမ်းမွှေးအနဲအပါးရောဂါဝင်ရင်တောင် resistance အရမ်းကောင်းပါတယ် အရိုးပျော့ပျော့လေးနဲ့တွဲလောင်းလေးပွင့်ပါတဲ့ Plume Rose ပါ💗
တစ်ပင် 25000ks ပါရှင့်
ပို့တဲ့အခါမှာလည်း အပင်မနာအောင် တစ်ပင်လုံး လုံခြုံ
အောင်ပတ်ပြီး ပို့ပေးပါတယ်
ရန်ကုန်ကသူတွေအတွက်လည်း 3 ပင်ထိမှ မြို့တွင်းကို
အိမ်အရောက်ပို့ခ 12000 ဝန်းကျင်နဲ့ပဲပို့ပေးပါတယ်
တခြားမြို့တွေအတွက်ကိုလည်း အပင်ကိုဂရုစိုက်ပြီး
ကားခသက်သာတဲ့ဂိတ်နဲ့ရှာပို့ပေးပါတယ်နော်❤❤
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
နဝင်း
Pyay
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |
| Saturday | 09:00 - 18:00 |
| Sunday | 10:00 - 16:00 |