VERSI NERI PER TE

VERSI NERI PER TE

Share

21/01/2021

ကျနော် ကဗျာတစ်ပုဒ်ဖန်ဆင်းဖို့ ပြင်တယ်။ လူတချို့ ရောက်လာကြတယ်။ တစ်ယောက်က ပြောတယ်။ မင်းကဗျာမှာ ချစ်​ခြင်မေတ္တာထည့်ကွာတဲ့ အဲ့တာမှ မင်းကဗျာလေးဖတ်ရတာ ကြည်နူးရမှာ တဲ့။ ဟာ ဟုတ်တာပေါ့လို့ ကျနော်ဝမ်းသာအားရနဲ့ ထည့်လိုက်တယ်။
နောက်တစ်ယောက် လာတယ်ဗျ။ မင်းကဗျာမှာ အမုန်းတော့ထည့်ကွတဲ့။ အဲ့တာမှ အချစ်ကပီပြင်မှာတဲ့။ အမုန်းရဲ့ခွန်အားတွေအကြောင်း ကျနော့်ကို ရှင်းပြတယ်။ ကျနော်လက်ခံတယ်။ ထည့်လိုက်တယ်။
နောက်တစ်ယောက် ရောက်လာပြန်ရောဗျ။ အချစ်နဲ့ အမုန်းပြီးရင် အလွမ်းဆိုတာ ထည့်ပေါ့လေ။ အဲ့လိုနဲ့. အလွမ်း၊အဆွေး၊ဥပေက္ခာ၊ဘဝ၊သေဆုံးခြင်း၊ငိုကြွေးခြင်း... စသည်ဖြင့် ကျနော်ထည့်နေတုန်း.....
ဗြုန်း..ဆို
ကျနော့်ကဗျာက လူဖြစ်သွားတယ် ကဗျာလူပေါ့ဗျာ။ ရုတ်တရက်ဆိုတော့ သူလည်းကြောက် ကျနော်လည်းလန့်ပေါ့။ ပြီးတော့ သူက ထွက်ပြေးသွားရောဗျ။ က​ဗျာလူဆိုတော့ဗျာ ခံစားချက်ကလည်း ပြင်းတယ်။ လူသားတွေထက် သူကပိုခံစားတက်တယ်။ ခက်တာက သူ့မှာ မျက်နှာမူပိုင်မရှိဘူး။ ခင်ဗျားတို့ရော ကဗျာရဲ့မျက်နှာကိုမြင်ဘူးကြရဲ့လား။
အထီးလား အမလားတောင် ကျနော်တို့ မသိကြဘူးလေ။
ပြီးတော့ သူက လူတိုင်းကို စီးကပ်နိုင်တယ်။ သူဟာ လူတိုင်း။ လူတိုင်းဟာ သူ အဲ့လိုလည်း ဖြစ်စေနိုင်တယ်။ အဲ့လို ဖြစ်စေဖို့ လက်ခံမယ့်သူရဲ့ စိတ်စေတသိတ်ဟာ အားနည်းနေရမယ်။ အားငယ်နေရမယ်။ထိန်းချုပ်မှုလွတ်နေရမယ်။ အစီအစဥ်အတိုင်းဖြစ်ခြင်းကနေ သွေဖယ်နေရမယ်။
ကဗျာလူဟာ ဘယ်သူမဆိုဖြစ်နေနိုင်တယ်။ သူဟာ ကြောက်လန့်နေတယ်။အားငယ်နေတယ်။ ရန်လိုကောင်းလည်း လိုနေနိုင်တယ်။ သူဟာ ဘယ်သူမဆို ဖြစ်သွားနိုင်တယ်။
ခင်ဗျားတို့ကျနော့်တို့ အရက်ဝိုင်းကနေ မိတ်ဆွေတစ်ယောက် ထ သွားပြီး သူပြန်ထိုင်တဲ့နောက် ပြောင်းလဲသွားတာတွေ ကြုံဖူးကြတယ်မလား။ ရုတ်တရက် ထ ငိုတာတွေ။ စကားတွေများလာတာတွေ။ ကဗျာတွေ ရွတ်တာတွေ။အဲ့တာတွေဟာ ခင်ဗျားမိတ်ဆွေနေရာမှာ ကဗျာလူက အစားဝင်ယူသွားတာပါပဲ။ သူ့ကို (ကဗျာလူ)ကိုတွေ့တဲ့အခါ ပြောပေးပါ။ ကျနော်လိုက်ရှာနေပါတယ်လို့။ သူ့ကို မျက်နှာတပ်ပေးမလို့ပါ။ ကျနော့်မှာ ကဗျာမျက်နှာ ရှိပါတယ်။
သူ့မျက်နှာက...

.T.Y

30/12/2020

Where you

Want your establishment to be the top-listed Arts & Entertainment in Pyay?
Click here to claim your Sponsored Listing.

Category

Art

Address


Pyay