English Access Microscholarship Program,Pyay,Myanmar

English Access Microscholarship Program,Pyay,Myanmar

Share

MYPD in Pyay 28/12/2017

ပြည်​မြို့ မှ ​ကျောင်းသားလူငယ်​များ တက်​​ရောက်​သင့်​သည့်​ သင်​တန်း​ကောင်းတခု

ရန်​ကုန်​မြို့ အ​ခြေစိုက်​လူငယ်​အဖွဲ့ အစည်းတခုဖြစ်​​သော Myanmar Youth for Peace
Development သည်​ MYLP follow-on Activity အဖြစ်​ ပြည်​မြို့ သီတာရုံဘုန်း​တော်​ကြီး​ကျောင်းမှာ၂ ရက်​ကြာသင်​တန်းတခုပြုလုပ်​သွားမှာဖြစ်​ပါတယ်​။

Myanmar Youth for Peace Development?
MYPD ဟာ ရန်​ကုန်​မြို့ အ​ခြေစိုက်​လူငယ်​အစုအဖွဲ့တခုဖြစ်​ပြီး ငြိမ်းချမ်း​ရေးအသိပညာ​ပေးလုပ်​ငန်းများကို​ဆောင်​ရွက်​​နေတဲ့အဖွဲ့အစည်းတခုဖြစ်​ပါတယ်​။ ယခုအချိန်​မှာ MYPD ဟာ ရန်​ကုန်​၊ကချင်​ပြည်​နယ်​၊ကရင်​ပြည်​နယ်​၊ဧရာဝတီ နှင့်​ပဲခူးမြို့က လူငယ်​ ၅၀၀ ​ကျော်​ကိုသင်​တန်းများနှင့်​ အသိပညာများမျှ​ဝေပြီးဖြစ်​ပါတယ်​။

ဘယ်​သူ​တွေ တက်​​ရောက်​နိုင်​သလဲ။

ငြိမ်းချမ်း​ရေး ဆိုတဲ့စကားလုံးကိုစိတ်​ဝင်​စားတဲ့ အသက်​ ၁၆ မှ ၂၅ အတွင်းလူငယ်​တိုင်းတက်​​ရောက်​နိုင်​ပါတယ်​။

MYPD က​ပြောမယ့်​ငြိမ်းချမ်း​ရေးဆိုတာ

အပစ်​အခတ်​ရပ်​စဲ​ရေး ပြည်​တွင်းစစ်​ ရပ်​တန့်​ခြင်း စတဲ့ အဲ့လို ငြိမ်းချမ်း​ရေး​ခေါင်းစဉ်​​တွေမဟုတ်​ဘူး။

ကျွန်​​တော်​တို့လူအဖွဲ့အစည်းရဲ့ စုံလင်​ကွဲပြားမှူ (Diversity) ကိုဘယ်​လို ညီညွတ်​​အောင်​လုပ်​ကြမလဲ။ မိသားစုတွင်းငြိမ်းချမ်း​အောင်​ဘယ်​လိုလုပ်​ကြမလဲ။ စာသင်​ခန်းထဲငြိမ်းချမ်း​အောင်​ဘယ်​လိုလုပ်​ကြမလဲ။ ငါတို့ပတ်​ဝန်​ကျင်​ငြိမ်းချမ်း​အောင်​ငါတို့လူငယ်​​တွေဘာလုပ်​​ပေးနိုင်​မလဲ။ ဖက်​ဒရယ်​နှင့်​ ငါတို့လူငယ်​​တွေ ဘယ်​လိုသက်​ဆိုင်​လဲ စတဲ့ အ​ကြောင်းအရာ ​တွေလူငယ်​ ဆန်​ဆန်​​ Activity များ Games များဖြင့်​ ​​ဆွေး​နွေး​လေ့လာသင်​ယူကြရမှာဖြစ်​ပါတယ်​။

MYPD ကဘာ​တွေသင်​ကြား​ပေးမှာလဲ။

လူငယ်​တ​ယောက်​အ​နေနဲ့ ငြိမ်းချမ်း​ရေး ဆိုတဲ့စကားလုံးကိုပိုမိုရင်းနှီးနားလည်​​စေဖို့ ။
လူငယ်​​တ​ယောက်​အ​နေနဲ့ မိမိအိမ်​ ​ကျောင်း ပတ်​ဝန်းကျင်​ငြိမ်းချမ်း​အောင်​တည်​​ဆောက်​နိုင်​​ရေးမှာကူညီဖို့။
လူငယ်​တ​ယောက်​အ​နေနဲ့ ငြိမ်းချမ်းသာယာတဲ့ မိသားစု​လေး တည်​​ဆောက်​နိုင်​တဲ့ သူ​တွေဖြစ်​လာ​စေဖို့။
ငြိမ်းချမ်း​ရေးကိုမြတ်​နိုးကြတဲ့လူငယ်​​တွေဖြစ်​လာ​စေဖို့။

အဓိကထား သင်​တန်း​ပေး ​ဆွေး​နွေးသွားကြမှာပါ။

သင်​ကြားမယ့်​​ခေါင်းစဉ်​​တွေက

Commumity Peace Building by Pyay Youth
Intercultural Communication for Pyay Youth
Diversity and Pyay Youth
Federal Awareness Rasing of Pyay Youth

သင်​က ငြိမ်းချမ်း​ရေးကိုစိတ်​ဝင်​စားတဲ့ စွမ်းရည်မြှင့်​လိုတဲ့လူငယ်​ ​တ​စ်​​ယောက်​ဆိုရင်​​တော့ ဒီသင်​တန်း​လေးကိုတက်​​ရောက်​ရန်​စာရင်း​ပေးဖို့တိုက်​တွန်းပါရ​စေ။

MYPD လူငယ်​အဖွဲ့ဟာ workshop နှင့်​ သင်​တန်း များစွာကိုလူငယ်​ ​ပေါင်း ၅၀၀ ​ကျော်​ကို​ပေးခဲ့ပြီးဖြစ်​ပြီး ပြည်​မြို့က လူငယ်​ ၄၀ ဆီကိုလည်းဒီသင်​တန်း​ရောက်​ရှိလာပြီဖြစ်​ပါတယ်​။

ဒီသင်​တန်းကို ဇန်နဝါရီလ ၆​ရက်​​နေ့ နှင့်​ ၇ရက်​​နေ့ ​တွေမှာ ပြည်​မြို့မှာပြုလုပ်​မှာဖြစ်​ပြီး ​နေ့လည်​စာနှင့်​ သင်​တန်းနှစ်​ရက်​တာပြီးဆုံးပါက Certificate များလည်း​ပေးအပ်​မှာဖြစ်​ပါတယ်​။ဒါ့ပြင်​ ​နေ့လည်​စာနှင့်​ refreshment များလည်း​​ထောက်​ပံ​ပေးမှာဖြစ်​ပါတယ်​။

သင်​တန်းချိန်​က မနက်​၉ နာရီမှ ည​နေ ၄နာရီထိဖြစ်​ပြီး ​ပျော်​ရွှင်​စရာ games ​တွေ activities ​တွေသင်​ယူရမယ့်​သင်​တန်းတခုဖြစ်​ပါတယ်​။

သင်​တန်းတက်​​ရောက်​လိုသူမည်​သည့်​လူငယ်​များကမဆို​အောက်​ပါ organizers များနှင့်​ဆက်​သွယ်​ပြီးစာရင်း​ပေးသွင်းနိုင်​ပါပြီ။

အောက်​ပါlink ကိုနှိပ်​ပြီးလည်း register လုပ်​နိုင်​ပါပြီ။
https://docs.google.com/forms/d/1XC1amXH896a_y_wv_LBYt6yurKvi9-Nv4MBFHi8Mphs/edit?usp=sharing

ကိုလင်းသူ​မောင်
09965009211

မဆုပွင့်​ရတီ
09784386608

ကိုသူရိန်​မင်းဇင်
09765331226

MYPD in Pyay Registration Form

Want your school to be the top-listed School/college in Pyay?
Click here to claim your Sponsored Listing.

Category

Website

Address


Pyay