Sweet Guest House Pyay

Sweet Guest House Pyay

Share

21/09/2025

"မြန်မာဟိုတယ်လုပ်ငန်းများတွင် အမျိုးသမီးဝန်ထမ်းများ သနပ်ခါးမလိမ်းရခြင်းအကြောင်း''

မိတ်ဆက်

သနပ်ခါးသည် မြန်မာအမျိုးသမီးများအတွက် ရိုးရာယဉ်ကျေးမှုအဆက်အသွယ်တစ်ခုဖြစ်ပြီး အလှအပ၊ နေလောင်ကာကွယ်ခြင်း၊ အအေးမိမှုဖြေရှင်းခြင်း၊ အသားအရေစိုပြေစေရန် စသည့် အသုံးများစွာရှိသည်။ သို့သော် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် အညီ စီမံခန့်ခွဲနေသော ဟိုတယ်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ တွင် အမျိုးသမီးဝန်ထမ်းများကို သနပ်ခါးမလိမ်းရသည့် စည်းမျဉ်းကို သတ်မှတ်ထားသည်။ ဤသတ်မှတ်ချက်မှာ ယဉ်ကျေးမှုကို နှိမ်ချခြင်း မဟုတ်ဘဲ၊ နိုင်ငံတကာ Health, Hygiene နှင့် Professional Standards များနှင့် ကိုက်ညီစေရန် ချမှတ်ထားခြင်း ဖြစ်သည်။

---

အဓိကအကြောင်းရင်းများ

၁. အနံ့အသက် (Scent / Smell)

သနပ်ခါးတွင် ထူးခြားသည့် အနံ့ရှိသည်။ ဟိုတယ်ဝန်ထမ်းများသည် ဧည့်သည်များနှင့် နီးကပ်ထိတွေ့ရသောကြောင့် ဧည့်သည်အချို့အတွက် အဆင်မပြေမှု ဖြစ်စေနိုင်သည်။ အထူးသဖြင့် စားသောက်ဆိုင် (Restaurant) နှင့် ချက်ပြုတ်ရေးဌာန (Kitchen) များတွင် အနံ့ကြောင့် ဧည့်သည်များ၏ စားသုံးအတွေ့အကြုံကို ထိခိုက်စေနိုင်သဖြင့် တင်းကျပ်စွာ မလိုက်နာနိုင်ရန် စည်းမျဉ်းချမှတ်ထားသည်။

၂. ပရော်ဖက်ရှင်နယ်ပုံရိပ် (Professional Image)

ဟိုတယ်လုပ်ငန်းသည် ဝန်ဆောင်မှုပေါ်မူတည်သည့် လုပ်ငန်း ဖြစ်ပြီး ဝန်ထမ်းတိုင်းသည် အဖွဲ့အစည်း၏ မျက်နှာစာဖြစ်သည်။ အပြည်ပြည်ဆိုင်ရာသတ်မှတ်ချက်အရ ဝန်ထမ်းများကို သန့်ရှင်းသပ်ရပ်ပြီး ညီညာသည့် ပရော်ဖက်ရှင်နယ်ပုံရိပ်ဖြင့် ဖော်ဆောင်ရန် လိုအပ်သည်။ သနပ်ခါးသည် လိမ်းသည့်ပုံစံ၊ အရောင်၊ အနေအထားများ မညီညွတ်နိုင်သဖြင့် uniform grooming standard နှင့် မကိုက်ညီနိုင်သည်။

၃. ကျန်းမာရေးနှင့် သန့်ရှင်းရေး (Health & Hygiene)

သနပ်ခါးကို မှန်ကန်စွာ သိမ်းဆည်းမထားပါက ဘက်တီးရီးယားပိုးမွှားများ ပေါက်ဖွားနိုင်ခြေ ရှိသည်ဟု ဆိုကြသည်။ (ယခုအချက်မှာ ငြင်းခုံစရာများရှိသော်လည်း) နိုင်ငံတကာ health & hygiene standards တွင် ဧည့်သည်များ၏ ဘေးကင်းလုံခြုံမှုကို အလွန်အရေးကြီးစွာ ထည့်သွင်းသော်ကြောင့် အလားအလာရှိသမျှ စိုးရိမ်မှုများကို ရှောင်ကြဉ်ရန် စည်းမျဉ်းများ ထည့်သွင်းထားသည်။

၄. ယဉ်ကျေးမှုဆိုင်ရာ ကွဲလွဲမှုများ (Cultural Differences)

ဟိုတယ်သည် ကမ္ဘာအရပ်ရပ်မှ ဧည့်သည်များ လာရောက်သုံးဆောင်သည့် နေရာဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှုအရ သနပ်ခါးကို လှပမှုနှင့် ကျန်းမာရေးအတွက် အသုံးပြုသော်လည်း နိုင်ငံတကာဧည့်သည်အချို့အတွက် ၎င်း၏ အနံ့နှင့် အရောင်သည် မကျေနပ်စေသည့် အရာ တစ်ခုဖြစ်နိုင်သည်။ ထိုကြောင့် customer comfort ကို ဦးစားပေးရန် စည်းမျဉ်းထဲ ထည့်သွင်းထားခြင်း ဖြစ်သည်။

---

သိထားသင့်သည့်အချက်

ဤစည်းမျဉ်းသည် မြန်မာယဉ်ကျေးမှုကို ဆန့်ကျင်ရန် မဟုတ်ပါ။ ဧည့်သည်အားလုံးအတွက် တူညီသည့် အဆင်ပြေမှု၊ သန့်ရှင်းမှုနှင့် အကောင်းဆုံး ဝန်ဆောင်မှုအတွေ့အကြုံကို ပေးနိုင်ရန် လုပ်ငန်းလိုအပ်ချက် အဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။

ထို့ပြင် အနံ့ပြင်းသည့် ရေမွှေး၊ ဆံပင်လိမ်းဆီ၊ ကိုယ်နံ့ပျောက်ဆေးများ ကိုလည်း အလွန်အကျွံ သုံးစွဲခြင်းမပြုရန် တိကျစွာ ညွှန်ကြားထားသည်။

---

(အကျဉ်းချုပ်)

မြန်မာဟိုတယ်လုပ်ငန်းများတွင် အမျိုးသမီးဝန်ထမ်းများ သနပ်ခါးမလိမ်းရခြင်းသည် Health & Hygiene Standards, Professional Image, Customer Experience, နှင့် Cultural Sensitivity စသည့် နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကိုက်ညီစေရန် ချမှတ်ထားသည့် အလုပ်ခွင်စည်းမျဉ်းတစ်ခု ဖြစ်သည်။

Crd

28/02/2024

🙏sweet guest house မိတ္ေဟာင္း မိတ္သစ္ ဧည့္သည္ေတာ္မ်ား အားလံုး မဂၤလာပါ႐ွင့္🙏

ျပည္ၿမိဳ႕🤗 မွာ ေအးေအးေဆးေဆးေလးအနားယူလို႔ရတဲ့
guest house ေလးကို ႐ွာ​ေနတဲ့ ဧည့္သည္ေတာ္မ်ားအတြက္

ျပည္ၿမိဳ့ရဲ့ သေရေခတၱရာ ေရွးေဟာင္းသမိုင္းဝင္ ဘုရားႀကီး ဘုရား အနီးတြင္ ရွိေသာ Sweet Guest House မွာအနားယူတည္းခိုနိုင္ဖို့ ဖိတ္ေခါလိုက္ပါတယ္ရွင့္

ခရီးတစ္ေထာက္နားမည့္ဧည့္သည္မ်ားအေနႏွင့္လည္း
ဂိတ္ႀကီး ဝင္းက​ေန ၅မိနစ္ေလာက္သာ လာရသည့္အတြက္အဆင္ေျပ ပါတယ္ရွင့္

အခန္း တြင္းမွာ ဆိုလၽွင္ ေလေအးေပးစက္၊ ေရခ်ိဳးခန္း/အိမ္သာ၊ေရပူ/ေရေအး၊wifi TV အစရွိသည္တို့ပါဝင္ပါတယ္။

ေရခ်ိဳးခန္း အိမ္သာ တြဲလၽွက္၂​ေယာက္ခန္း Family ခန္းမ်ားတြင္လဲေဈးႏွုန္းသက္သာစြာ ေနထိုင္နိုင္ျခင္း သန႔္ရွင္းသပ္ရပ္တဲ့အခန္းအေနအထား၊ ကိုယ္ပိုင္ Privacy အျပည့္၊ လိုေလးေသးမရွိတဲ့ ဝန္ေဆာင္မွုေတြေၾကာင့္ ေရာက္ဖူးသူတိုင္း စိတ္ႀကိဳက္ျဖစ္ေစနိုင္မွာပါ။

ၿခံဝန္းအတြင္း ကား၊ဆိုင္ကယ္ရပ္ရန္ သီးသန႔္ေနရာလဲရွိလို့လူႀကီးမင္းတို့ ကားမ်ား၊ဆိုင္ကယ္မ်ားကိုလဲစိတ္ခ်လက္ခ်ရပ္နားနိုင္မွာျဖစ္ပါတယ္။

စိတ္ဝင္စားလို့ အခန္းေဈးႏွုန္းမ်ားအေနျဖင့္

AC ၊ေရခ်ိဳးခန္၊အိမ္သာ၊ ပါေသာအခန္းမ်ား(မနက္စာမပါဝင္ပါ႐ွင့္)

Double Room -18000ks

Twin Room -22000ks

3pax Room -24000ks

ခရီးတေထာက္နားဧည့္သည္ေတာ္မ်ားကေတာ့
၁ခန္း ၂ဦးလၽွင္ ၄နာရီအတြက္ 13000 က်ပ္သာ က်သင့္မည္ ျဖစ္ပါသည္ ။

အေသးစိတ္ႏွင့္အခန္းဘိုကင္လုပ္ရန္ေအာက္ပါဖုန္းနံပါတ္မ်ားကိုဆက္သြယ္ေမးျမန္းနိုင္ပါသည္။😱

053-2028587 / 09-425268763

အမွတ္ (38 ) ၊ျပည္-ေအာင္လံလမ္းမႀကီး၊t က်ားပ်ံလမ္းထိပ္၊ ဘုရားႀကီး ဘုရား အနီး၊ ျပည္ၿမိဳ့ ၊၊

House

#ဆြီဧည့္ရိပ္မြန္
#ျပည္တည္းခိုခန္း
#ျပည္အေအးခန္းဧည့္ရိပ္သာ

#ျပည္ခရီးသြားနားေန

Photos from Sweet Guest House Pyay's post 23/01/2023

အိန္ဒိယတွင် ဒေါ်လာ ၆၁ သန်းတန် စိန်လုပ်ငန်းကြီးကို အမွေဆက်ခံရမည့် ၈ နှစ်သမီးကလေး ပိုင်ဆိုင်ရမည် များကို စွန့်လွှတ်ကာ သီလရှင်ဝတ်
-----
ဒီဗန်းရှီး ဆန်ဂဗီ (Devanshi Sanghvi) အမည်ရှိ ၈ နှစ်သမီးကလေးသည် အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ် ပြည်နယ်ရှိ Sanghvi and Sons အမည်ရှိ မိသားစု ရတနာလုပ်ငန်းကို အမွေဆက်ခံရမည့်သူ ဖြစ်သည်။

သို့သော် ဒီဗန်းရှီးသည် လောကီစည်းစိမ်များကို တရားဝင်စွန့်ပစ်ကာ ပြီးခဲ့သော ဗုဒ္ဓဟူးနေ့က ဘာသာရေးနယ်သို့ ဝင်သွားကြောင်း AFP သတင်းဌာနက ဖော်ပြသည်။

အိန္ဒိယသတင်းဌာနတစ်ခုဖြစ်သော ICRA ၏ ဖော်ပြချက်အရ ဒီဗန်းရှီး၏ မိသားစုလုပ်ငန်းမှာ ကန်ဒေါ်လာ ၆၁ သန်းခန့် တန်ကြေးရှိကြောင်း ဖော်ပြသည်။



#ဆွီဧည့်ရိပ်မွန် #ချိုမြိန်ဧည့်အိမ်

Photos from Sweet Guest House Pyay's post 28/08/2022

သေရေခတၱရာ ၿမိဳ႕ေဟာင္း ကိုလည္ပါတ္ရင္း

Sweet Guest House မွာ အနားယူလိုက္ပါ

21/08/2022

ပြည်မြို့ရဲ့ သရေခေတ္တရာ ရှေးဟောင်းသမိုင်းဝင် ဘုရားကြီး ဘုရား အနီးတွင် ရှိသော Sweet Guest House မှာအနားယူတည်းခိုနိုင်ဖို့ ဖိတ်ခေါလိုက်ပါတယ်ရှင့်

ခရီးတစ်ထောက်နားမည့်ဧည့်သည်များအနေနှင့်လည်း
ဂိတ်ကြီး ဝင်းက​နေ ၅မိနစ်လောက်သာ လာရသည့်အတွက်အဆင်ပြေ ပါတယ်ရှင့်

အခန်း တွင်းမှာ ဆိုလျှင် လေအေးပေးစက်၊ ရေချိုးခန်း/အိမ်သာ၊ရေပူ/ရေအေး၊wifi အစရှိသည်တို့ပါဝင်ပါတယ်။

ရေချိုးခန်း အိမ်သာ တွဲလျှက်၂​ယောက်ခန်း Family ခန်းများတွင်လဲဈေးနှုန်းသက်သာစွာ နေထိုင်နိုင်ခြင်း သန့်ရှင်းသပ်ရပ်တဲ့အခန်းအနေအထား၊ ကိုယ်ပိုင် Privacy အပြည့်၊ လိုလေးသေးမရှိတဲ့ ဝန်ဆောင်မှုတွေကြောင့် ရောက်ဖူးသူတိုင်း စိတ်ကြိုက်ဖြစ်စေနိုင်မှာပါ။

ခြံဝန်းအတွင်း ကား၊ဆိုင်ကယ်ရပ်ရန် သီးသန့်နေရာလဲရှိလို့လူကြီးမင်းတို့ ကားများ၊ဆိုင်ကယ်များကိုလဲစိတ်ချလက်ချရပ်နားနိုင်မှာဖြစ်ပါတယ်။

စိတ်ဝင်စားလို့ အခန်းဈေးနှုန်းများအနေဖြင့်

AC ၊ရေချိုးခန်၊အိမ်သာ၊ ပါသောအခန်းများ

Double Room -18000ks

Twin Room -20000ks

3pax Room -24000ks

(မနက်စာမပါဝင်ပါရှင့်)

ခရီးတထောက်နားဧည့်သည်တော်များကတော့
၁ခန်း ၂ဦးလျှင် ၄နာရီအတွက် ၁၀၀၀၀ ကျပ်သာ ကျသင့်မည် ဖြစ်ပါသည် ။

အသေးစိတ်နှင့်အခန်းဘိုကင်လုပ်ရန်အောက်ပါဖုန်းနံပါတ်များကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။😱

053 28587,09425268763

အမှတ် (38 ) ၊ပြည်-အောင်လံလမ်းမကြီး၊t ကျားပျံလမ်းထိပ်၊ ဘုရားကြီး ဘုရား အနီး၊ ပြည်မြို့ ၊၊

House

#ဆွီဧည့်ရိပ်မွန်
#ပြည်တည်းခိုခန်း
#ပြည်အအေးခန်းဧည့်ရိပ်သာ

#ပြည်ခရီးသွားနားေန

Want your hotel to be the top-listed Hotel in Pyay?
Click here to claim your Sponsored Listing.

Category

Telephone

Address


Pyay