Pyay Basic Education Students' Union PBESU

Pyay Basic Education Students' Union PBESU

Share

26/06/2025

"စစ်အာဏာရှင်ကို အံတုဖက်ပြိုင်ရင်း ကြိုးစင်တက်ခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး၏ ကျဆုံးခြင်းဟာ ၄၉နှစ်တိုင်ခဲ့ပြီ"

ဇွန်လ ၂၆ (၁၉၇၆-၂၀၂၅)

#သတင်းနှင့်ပြန်ကြားရေး
#ပြည်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ
#ဗကသများအဖွဲ့ချုပ်

Photos from Pyay Basic Education Students' Union PBESU's post 19/06/2025

"တခုတည်းသောသမဂ္ဂ၊ တခုတည်းသောဗဟို"
-ရဲဘော်ဖိုးသံချောင်း-

တခေတ်တချိန်က ဗမာပြည်မှာ တစည်းတလုံးနဲ့ ကျောက်ဆောင်ကျောက်သား ပမာ ကြံ့ခိုင်ခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကို အပြိုင်အဆိုင်တွေ၊ အကွဲအပြဲတွေနဲ့ တွေ့ရတော့မလိုလို အခြေအနေတွေ တွေ့မြင်နေရတာ စိုးရိမ်စိတ်မကောင်းစရာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် တချိန်က ကျောင်းသားသမဂ္ဂရယ်လို့ ဗမာနိုင်ငံမှာ ထီးထီးမားမားတည်ရှိပြီး ကျောင်းသားအရေး၊ မိဘပြည်သူများအရေးကို ဆောင်ရွက်ခဲ့တာတွေကို တွေ့မြင်သိရှိသူတွေအဖို့ အသဲနင့်မျှ ခံစားရပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဆိုတာဟာ တိုက်ပွဲတွင်းမှာ မွေးဖွား၊ တိုက်ပွဲတွင်းမှာ ရှင်သန်၊ တိုက်ပွဲထဲမှာ ကြီးထွားခဲ့တာပါ။ ကိုလိုနီခေတ်ကစလို့ ကနေ့အထိ တိုင်းပြည်ကို ဖိနှိပ်သူတွေကအုပ်စိုးနေတဲ့ နှစ်ပေါင်း ၆ဝ ကျော်ကြာ ကာလတလျှောက်မှာ ကျောင်းသားသမဂ္ဂတိုက်ပွဲလို့ ဆိုရမလိုတောင် ဖြစ်နေခဲ့ပါတယ်။ သမဂ္ဂခေါင်းဆောင် တဖြစ်လဲ သခင်တွေဟာ သခင်ပေါက်စ ထောင် ခြောက်လခေတ်မှာ ထောင်ထဲဝင်ခဲ့ကြရသလို လွတ်လပ်ရေးခေတ် နောက်ပိုင်းမှာကျတော့ သမဂ္ဂခေါင်းဆောင်တွေအဖို့ ထောင်နဲ့ အိမ်ဟာ အိမ်ဦးနဲ့ကြမ်းပြင်ဖြစ်ခဲ့ရပါတယ်။ မလိုသူတွေက ကွယ်ရာမှာ သူတို့ကို "ထောင်စာလေးတွေ" လို့ခေါ်တာတောင် ရှိခဲ့ပါတယ်။

ဒီတော့ ကျောင်းသားထုနဲ့ ပြည်သူလူထုဟာ ကျောင်းသားသမဂ္ဂတွေကို သူတို့အတွက် တိုက်ပွဲဝင်တဲ့ အဖွဲ့အစည်းလို့ မြင်ထားကြသလို ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဖွဲ့ကျူးခဲ့တဲ့ 'ထဆင်ထူးကို တမြည်မြည်သင်ခဲ့တဲ့ ထီမထင်' တိုက်ပွဲဝင်တဲ့ လူတွေ (တနည်း တိုက်ပွဲကို မရှောင်တဲ့ လူတွေ) နဲ့ ဖွဲ့စည်းထားတာပဲ ဖြစ်စေချင်ကြပါတယ်။ ဒါနဲ့ ပြောင်းပြန် ဖိနှိပ်သူ အာဏာပိုင်တွေကတော့ ကျောင်းသားသမဂ္ဂဆိုတာကို မတတ်သာလို့ တည်ရှိနေစေရတယ်ဆိုရင် သူတို့ကို ဆန့်ကျင်တာတွေ မလုပ်တဲ့ ရပ်ကွက်ဓမ္မာရုံအသင်း၊ သဟာယနဲ့စာဖတ် အဖွဲ့အစည်းလေးလောက် ဖြစ်စေချင်တာပါ။ ဒီနေ့ ဗမာပြည်အနှံ့အပြားမှာ ဖွဲ့စည်းဖို့ လုံးပမ်းနေကြတဲ့ ကျောင်းသား သမဂ္ဂတွေကသာ "စစ်အာဏာရှင်ဆန့်ကျင်ရေး မပြောပါဘူး၊ ဗမာပြည်ရဲ့ ကမောက်ကမ ပညာရေး အခြေအနေကို ပြစ်တင်ဝေဘန်တာ မလုပ်ပါဘူး၊ ကျောင်းသားအခွင့်အရေးတွေအတွက် တိုက်ပွဲမဝင်ပါဘူး၊ အင်န်ဂျီအိုတွေရဲ့ အစီအစဉ်တွေကိုသာ လုပ်နေပါမယ်" လို့ ကတိပေးခဲ့ရင်း ဗိုလ်သန်းစိန်အစိုးရက ဝမ်းမြောက်ဝမ်းသာ ချက်ခြင်းပဲ တည်ထောင်ခွင့် ပေးမှာပါ။ သမဂ္ဂ အဆောက်အဦတွေကိုလည်း သူတို့ကတောင် ဆောက်ပေးပါလိမ့်ဦးမယ်။

ပြန်စဉ်းစားလိုက်ရင် ဗမာပြည်နိုင်ငံရေးသမိုင်းမှာ ပါတီအဖွဲ့အစည်းတွေ ကွဲ ပြဲခဲ့တာ မနည်းပါဘူး။ ဒါပေမဲ့ ဗကသ ကွဲတယ်။ ကျောင်းသားသမဂ္ဂ ကွဲတယ်ဆိုတာ မရှိခဲ့ပါဘူး။ ကျောင်းသားလောကထဲမှာ ကျောင်းသားညီညွတ်ရေးတပ်ဦး၊ ဒီအက်စ်အို၊ တပ်ဦးသစ်၊ အင်အားစသဖြင့် မတူတဲ့ အင်အားတွေ ပြိုင်ဆိုင်ခဲ့ကြပေမဲ့ ဘယ်သူကမှ ကိုယ့်ဟာကိုယ် သမဂ္ဂ ထထောင်တယ်လို့ မလုပ်ဝံ့၊ မလုပ်ခဲ့ပါဘူး။ သမဂ္ဂရဲ့ အရှိန်အစော်က ကြီးလွန်းလို့ အားလုံးပဲ ကျောင်းသားထုရဲ့ဆန္ဒကို လေးစားရပါတယ်။ နောက်ပြီး လူထုကလည်း ဒါမျိုးကို မကြံကောင်းမစည်ရာဆိုပြီး နှာခေါင်းရှုံ့ကြမှာပါ။

နောက်ထောက်ပြသင့်တယ်ထင်တဲ့ အချက်တချက်က ဗိုလ်ချုပ်အောင်ဆန်း၊ သခင်ဗဟိန်း၊ ဗိုလ်အောင်ကျော် စသူတွေ တည်ထောင်ခဲ့တဲ့၊ သမိုင်းမှာ အစဉ်အလာကြီးခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂကို နာမည်ပြောင်းဖို့ ဆိုတာမျိုးလည်း ဘယ်သူမှ မတွေးဝံ့၊ မကြံစည်ဝံ့ခဲ့ကြပါဘူး။ ဗိုလ်နေဝင်းနဲ့ စစ်အာဏာရှင်အဆက်ဆက်က သမဂ္ဂတွေနဲ့ သမဂ္ဂ အစဉ်အလာတို့ကို သမိုင်းစာမျက်ပေါ်က ပျောက်သွားအောင် ရာစုနှစ်တဝက်လောက် လုပ်လာတော့ သမိုင်းကိုမသိ၊ သမိုင်းကို ထိုက်တန်စွာတန်ဘိုး မထားတတ်သူတွေက ဒါတွေကို မလောက်လေး မလောက်စားများ လုပ်လာသလားလို့ စဉ်းစားစရာဖြစ်နေပါတယ်။ ဗိုလ်နေဝင်းဟာ ဗမာစကားဝေါဟာရ၊ သတ်ပုံတွေနဲ့ နိုင်ငံရေးအမြတ်ထုတ်လေ့ရှိတယ် ဆိုတာကိုလည်း မမေ့သင့်ပါတူး။

ကျောင်းသားသမဂ္ဂတွေ မကွဲခဲ့၊ စင်ပြိုင်တွေ မပေါ်ခဲ့တာရဲ့ အဓိက အကြောင်းရင်း တခုကတော့ သမဂ္ဂတွေရဲ့ သမိုင်းမှာ ဘယ် သံရုံး၊ ဘယ်နိုင်ငံရဲ့ (အင်န်ဂျီအို ဆိုတာ အဲဒီတုန်းက မပေါ်သေးပါ)၊ ဘယ်ပြင်ပ အင်အားစုရဲ့ အကူအညီ အထောက်အပံ့ကိုမှ မယူခဲ့တာ ဖြစ်ပါတယ်။ သမဂ္ဂတွေဟာ ပြည်သူလူထုနဲ့ ကျောင်းသားထုဆီက အလှူခံပြီး အသက်ရှင်လှုပ်ရှားခဲ့တာ ဖြစ်ပါတယ်။ ဖောက်ပြန်တဲ့ အာဏာပိုင်တွေက ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တွေကို ကိုယ့်လူအဖြစ် မွေးဖို့၊ ဝယ်ယူဖို့ကြိုးစားရာမှာ ရာထူးပေး၊ ငွေပေးလုပ်တဲ့ နည်းတွေကိုလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ပါတယ်။ ထောင်ထဲမှာ ဖမ်းထားပြီး အလုပ်အကိုင်ပေးမယ်၊ ရာထူးပေးမယ်၊ လက်နက်ချလို့ အကြပ်ကိုင်တာမျိုးတွေလည်း ရှိပါတယ်။

ကျောင်းသားသမဂ္ဂတွေဟာ ကျောင်းသားလှုပ်ရှားမှုတွေအပြင် စာပေပညာရှင် တွေကို ဖိတ်ခေါ် ဟောပြောစေတာနဲ့ ပညာရေး နှီးနှောဖလှယ်ပွဲ၊ တက္ကသိုလ် ငွေရတုသဘင်ပွဲ စတာတွေ ကျင်းပခဲ့ပေမဲ့ စျေးရောင်းပွဲနဲ့ ငွေရှာတာမျိုး မလုပ်ပါဘူး။ ရပ်ကွက်ထဲ၊ စျေးထဲ၊ အလှူခံထွက်တာတော့လုပ်ပါတယ်။ ကျောင်းသားသမဂ္ဂ၊ အထူးသဖြင့် တက္ကသိုလ် ကျောင်းသားသမဂ္ဂတွေကို နိုင်ငံတော်အစိုးရက ငွေကြေးထောက်ပံ့တဲ့ အစဉ်အလာ ကို

ဗြိတိသျှကိုလိုနီအစိုးရက သူတို့နိုင်ငံမှာနည်းတူ စနစ်တခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒါကို လွတ်လပ်ရေး နောက်ပိုင်း အစိုးရများကလည်း လိုက်နာကျင့်သုံးခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်နေဝင်းက အာဏာသိမ်းပြီးတဲ့ နောက်မှာတော့ သမဂ္ဂတွေလည်း ဥပဒေဘောင် အပြင်ဘက်ရောက်၊ ဒီ အစဉ်အလာလည်း ပျောက်ဖြစ်ခဲ့ရပါတယ်။ အမှန်မှာ အစိုးရကပေးတယ် ဆိုတဲ့ငွေဟာ စာသင်နှစ်အစမှာ ကျောင်းသားတွေဆီက ကောက်ခံထားတဲ့ ငွေတွေဖြစ်လို့ ကျောင်းသားတွေကပေးတဲ့ ငွေလို့ဆိုမှ ပိုမှန်မှာပါ။ ဒါပေမဲ့ ဒီငွေဟာသမဂ္ဂရဲ့ တနှစ်စာ အသုံးအတွက် မလုံလောက်ပါဘူး။ ဒါကြောင့် အခါအား လျော်စွာ ကျောင်းသားတွေဆီမှာ ခွက်ထိုးအလှူခံတာ၊ လူထုဆီမှာ ဖြတ်ပိုင်းဖြတ်အ လှူခံတာတွေ လုပ်ရပါတယ်။ သမဂ္ဂဆိုတာဟာ ဒီလိုနည်းနဲ့ ရံပုံငွေတွေရခဲ့တာ ဖြစ်လေတော့ ကျောင်းသားထုမျက်နှာနဲ့ ပြည်သူ လူထုမျက်နှာကလွဲလို့ ဘာမှထောက်ထားစရာ မလိုတော့ပါဘူး။
ဒီလို အကြောင်းရင်းတွေကြောင့်ပဲ ဗမာပြည် နောက်ပိုင်းသမိုင်းမှာ ကိုလိုနီ နယ်ချဲ့သမားရော စစ်အာဏာရှင်တွေအပါ ဖိနှိပ်တဲ့ အစိုးရတွေအဖို့ ကျောင်းသား သမဂ္ဂတွေဟာ အကြီးမားဆုံး ပစ်မှတ်တခု အဖြတ်တည်ရှိခဲ့ပါတယ်။ ဒါကြောင့်မို့ သူတို့ဟာ ကျောင်းသားသမဂ္ဂကို နည်းမျိုးပေါင်းစုံနဲ့ သူတို့ အပိုင်ဖြစ်ဖို့ လုံးပမ်းခဲ့ကြပါတယ်။ ဒါကို ဖဆပလအစိုးရ လက်ထက်တုန်းက ဆိုရှယ်လစ်ပါတီက နည်းမျိုးပေါင်းစုံနဲ့ ညစ်တီးညစ်ပတ် လုပ်ခဲ့သလို ရှစ်လေးလုံး နောက်ပိုင်းမှာ ဗိုလ်ခင်ညွန့်တို့ ထောက်လှမ်းရေးကလည်း ငွေပုံပေးတာ အပါ နည်းလမ်းပေါင်းစုံ အသုံးပြုခဲ့ပါတယ်။ ဒီလိုအခါမှာ တချိန်တုန်းက တခုတည်းသော ကျောင်းသားသမဂ္ဂဆိုတဲ့မူ အပေါ်မှာ မားမားရပ်ပြီး အနာခံခဲ့တဲ့ သမဂ္ဂခေါင်းဆောင်နဲ့ ကျောင်းသားအဆက်ဆက်ကို သတိရမိပါတယ်။

တပါတည်းမှာပဲ ဒီနေ့ခေတ် ကျောင်းသားမဂ္ဂဖော်ထုတ်ရေး၊ သမဂ္ဂ အလံတော်အောက်မှာ တိုက်ပွဲဝင်ရေး တို့အတွက်လုံးပမ်းနေ သူအားလုံးကိုလည်း ကျောင်းသားသမဂ္ဂကို စတင် တည်ထောင်ခဲ့သူနဲ့ သယ်ဆောင်ခဲ့သူတွေရဲ့ ဆန္ဒနဲ့ မျှော်မှန်းချက်တွေကို သတိရကြပါ၊ ကျောင်းသားတွေရဲ့ ၁၉၃၆ခုနှစ် ကစလို့ ၁၉၆၂ခုနှစ် ဇူလိုင်(၇)ရက်အရေးတော်ပုံအလယ် ရှစ်လေးလုံးအရေးတော်ပုံအထိ ဖြစ်တဲ့ ဂုဏ်ပြောင်လှတဲ့ ကျောင်းသားတွေရဲ့ တိုက်ပွဲကြီးတွေနဲ့ အဲဒီတုန်းက စိတ်ဓာတ်တွေကို သတိရကြပါလို့ သတိပေးလိုပါတယ်။ သူတို့တွေဟာ ကျောင်းသားသမဂ္ဂတွေ တည်တံ့ရေးအတွက် အသက်တောင် ပေးခဲ့ကြတာပါ။ တကယ်တော့ ဒီနေ့အထိ အသက်ဝင်တည်ရှိနေတဲ့ ကျောင်းသားသမဂ္ဂဟာ ဗမာပြည်သမိုင်းမှာ သက်တမ်း အရှည်ဆုံး အဖွဲ့အစည်းဖြစ်မယ် ဆိုတာ ကိုလည်း မမေ့သင့်ပါဘူး။

ရဲဘော်ဖိုးသံချောင်း

#သတင်းနှင့်ပြန်ကြားရေး
#ပြည်မြို့နယ်အခြေံပညာကျောင်းသားများသမဂ္ဂ
#ဗကသများအဖွဲ့ချုပ်

Photos from Pyay Basic Education Students' Union PBESU's post 31/05/2025

ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးနေမှုများနှင့် ပက်သက်၍ ပြည်အခြေစိုက်ကျောင်းသားသမဂ္ဂများ၏ သဘောထားထုတ်ပြန်ချက်

ရက်စွဲ။ ။ မေလ ၃၁ရက်၊ ၂၀၂၅ခုနှစ်။

#ပြည်အခြေစိုက်ကျောင်းသားသမဂ္ဂများ
#ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ
#ပြည်ပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ
#ပြည်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ
#ဗကသများအဖွဲ့ချုပ်
#ပေါက်ခေါင်း #ပြည်ခရိုင် #စစ်ကြောင်းထိုး #စစ်ဘေးရှောင်

02/05/2025

ပြည် ပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ အလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ဖွဲ့စည်းခြင်းအတွက်ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

"ပြည် ပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ အနေနဲ့ "ဂိုဏ်းဂဏဝါဒ" ကို လက်မခံဘဲ ကျောင်းသားထုညီညွတ်ရေး၊ အဖိနှိပ်ခံ လူမျိုးပေါင်းစုံပြည်သူလူထု တစ်ရပ်လုံးလွတ်မြောက်ရေးအတွက် ပြည်_အကသ နဲ့အတူ လက်တွဲတိုက်ပွဲဝင်နိုင်ဖို့ ယုံကြည်မျှော်လင့်ရင်း ဒီသဝဏ်လွှာကို ပေးပို့ ဂုဏ်ပြုလိုက်ပါတယ်။"

#သတင်းနှင့်ပြန်ကြားရေး
#ပြည်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ

Want your school to be the top-listed School/college in Pyay?
Click here to claim your Sponsored Listing.

Category

Website

Address


Pyay