ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသော အကြမ်း ဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ(၆၀)မမလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက် ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ် ကျေးရွာအုပ်စု၊ တောင်ခမောက်ရွာနှင့် ကိုင်းကွင်းရွာကြားတွင် နိုဝင်ဘာ (၁၈)ရက်နေ့၊ ညနေ (၄)နာရီခန့်တွင် ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသော အထိနာထားသည့်အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပြည်ခရိုင် တပ်ရင်း ၃၆၀၂၊ တပ်ခွဲ၄နှင့် ပြည်ခရိုင် တပ်ရင်း ၃၆၀၁၊ တပ်ခွဲ(၅)တို့ပေါင်းပြီး (၆၀)မမဖြင့် ပစ်ခတ်တိုက်ခိုက်ရာ၎င်းတို့စခန်းချထားသည့်တဲအနားသိုကျရောက်ပေါက်ကွဲသွားပါသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှထိခိုက်သေဆုံးခြင်းရှိ/မရှိကိုအတည်ပြုနိုင်ရန်ဆက်လက်စုံစမ်းထောက်လှမ်းနေဆဲဖြစ်ပါသည်။ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှလက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှာ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်၊ပျူစောထီးများသည် မိမိတို့၏ မိသားစုအနာဂတ်၊မိမိတို့၏ အနာဂတ် လုံခြုံစိတ်ချရေးအတွက် ပြည်သူ့ရင်ခွင် ခ်ိုလှုံပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံဆက်သွယ်၍ အချိန်မီ အလင်းဝင်ပူးပေါင်းကြရန် တိုက်တွန်းအပ်ပါသည်။