Bookstore by Hsu
06/07/2022
မြန်မာနိုင်ငံမှာ နေရတာ
ရည်းစားလည်း မရဘူး
နိုင်ငံခြား သွားတော့မယ်'((
27/10/2021
ဘဝဆိုတာ ခွင့်လွှတ်သင့်တဲ့ အရာတွေဆို ခွင့် လွှတ်ပေးတတ်ရပြီး စွန့်လွှတ် သင့်တဲ့အရာတွေဆို စွန့်လွှတ်တတ်ရတယ် ဒါမှဘဝက အေးချမ်းမှု တွေနဲ့ပြည့်နေမှာပေါ့။
သူမကောင်းလည်း ကိုယ်မကောင်းပဲတုံ့ပြန်လို့ရပေမယ့် ငါသာလျှင်သူ့နေရာဆိုတဲ့ စိတ်ကတော့ သူများမထားလည်း ကိုယ်ထားနိူင်ဖို့ ကြိုးစားရင်း အရာရာကို အေးအေးဆေးဆေးတုံ့ပြန်လိုက်ရတာပါ။
ဘယ်သူတွေ ဘယ်လို အမုန်းထားထား ကိုယ်ပြုံးနေသရွေ့တော့ သူတို့ရှုံးနေမှာပဲမဟုတ်လား...ဒါပေမယ့် ကိုယ့်ရဲ့အပြုံးတွေမှာ လိပ်ပြာသန့်စွာနဲ့ သူတစ်ပါးအပေါ် တစ်စုံတစ်ခုမျှ ယုတ်မာခြင်းမရှိထားရင် ကိုယ့်အပြုံးက သူတို့အတွက် လက်နက်တစ်ခုပါပဲ။
ဘဝတစ်ကွေ့ မှာတွေ့ဆုံကြုံခဲ့သမျှ အရာအားလုံးက ယူတတ်ရင် သင်ခန်းစာတွေ ချည်းပဲမဟုတ်လား ဘယ်သူကိုမှ မုန်းနေဖို့ မလိုပါဘူး သင်ခန်းစာသာ ယူခဲ့ပါ ဘဝတစ်လျှောက်လုံး ရှေ့ဆက်ရမယ့်နေ့သစ်တွေမှာ လောကဓံကပေးတဲ့ ဒုက္ခနဲ့လူတွေကပေးတဲ့သောကတွေကြောင့် ရှင်သန်ခြင်းတွေမှာ
ကြာတော့လည်း နေသားကျသွားမှာပါ။
လေးစားစွာဖြင့်
#မေဆု(ရာမညမြေ )27/10/2021
#မေဆုရာမညမြေအတွေးစာစုလေးများ
Crd
Book store by hsu 🍀🌻
23/10/2021
မလိုအပ်ပဲ ကောင်းပေးမိရင် အပေါစားဆန်သွားတက်တယ်။
လွယ်လွယ် နဲ့ ရမှန်းသိရင် ကိုယ့်ကို အမြဲအသုံးချလိမ့်မယ်။
ကူညီတက်မှန်းသိရင် စေတနာကို စော်ကားလိမ့်မယ်။
အားနာတက်မှန်းသိရင် အနိုင်ကျင့် ချင်ကြလိမ့်မယ်။
ပျော့ညံမှန်းသိရင် ဖိနှိပ် ချင်ကြလိမ့်မယ်။
ကိုယ့်အပေါ် မကောင်းရင် ကိုယ်ကလည်း မကောင်းယုံပဲ။
အစစ အရာရာမှာ သည်းမခံပါနဲ့။ အားမနာပါနဲ့ ။
တော်ရုံပဲကောင်းပါတယ်။
ဘာလို့ဆို.........
လူတွေက သူတို့နဲ့ တန်ရာတန်ရာပဲ ကောင်းတယ်။
✍
(21.10.2021) (11:19pm)
Crd
Book store by hsu 🍀🌻
15/10/2021
" သူစိမ်းလိုပဲနေပါရစေ "
ချစ်သေးလားမေးခဲ့ရင် ) အဲ့စကားလုံးတွက် အသက်မဲ့နေခဲ့မှာ ။
စကားတွေပြောဖြစ်သေးလားဆိုတော့ပြောဖြစ်ပါတယ် ) မေးထူးခေါ်ပြောလောက်ပဲ ။
မဖြစ်နိုင်တော့တဲ့ အရာအတွက် ဘဝနဲ့ရင်းပြီး မခံစားတော့ဘူး ။
သူလဲသူ့ဘဝနဲ့သူပဲမလို့ ကျွန်တော် နေတတ်အောင်နေပါတယ် ။
နိယာမ
Crd..
Book store by hsu 🍀🌻
28/09/2021
ကိုယ့်ကို တကယ်ချစ်ရင် အဲ့လူဟာ ကိုယ့်ကို
ပျော်ရွှင်စေမှာပဲလို့ ဘယ်တော့မှ မုချမမှတ်နဲ့။
လူစိမ်းနှစ်ယောက်ဟာ ချစ်ခြင်းမေတ္တာကို အကြောင်းခံပြီး
အတူတူရှိကြပြီဆိုရင် အမြဲပျော်ရွှင်ရမယ်ဆိုတာ
မသေချာဘူး။ ပျော်ရွှင်ခြင်းနဲ့ဒွန်တွဲပြီး
နာကျင်ရခြင်းဆိုတာက ကျိန်းသေရောက်လာမှာပဲ။
ဒါကြောင့်လဲ ချစ်ခြင်းမေတ္တာမှာ နားလည်မှုတွေ
အလျော့ပေးမှုတွေ သည်းခံခြင်းတွေပါ ပါဝင်နေတာပေါ့ဗျာ။
အဓိက,က အချစ်ဟာ ''ချစ်တယ်''လို့
ပြောပြတတ်ရုံနဲ့ မရဘူးဆိုတာပါပဲ။
ပျော်ရွှင်နေတဲ့အချိန်မှာ အတူရယ်မောဖို့
နာကျင်နေတဲ့အချိန် မျှဝေခံစားဖို့
စိတ်အဆင်မပြေတဲ့အချိန်တွေမှာ အားပေးနှစ်သိမ့်ပြီး
အတူရှိနေပေးဖို့ တစ်ယောက်ကဒေါသထွက်နေချိန်
တစ်ယောက်က အလျော့ပေးဖို့ လိုအပ်သေးတယ်။
အပေးနဲ့အယူ ချိန်သားကိုက်မှ လူနှစ်ဦးဟာ
အချိန်အကြာကြီး လက်တွဲသွားနိုင်မှာ။
-book store by hsu 🍀🌻
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Pyay