Pyay Real Estate Agency

Pyay Real Estate Agency

Share

02/02/2021

🔷Mobile ပိုက်ဆံအိတ်တွေရဲ့ အားနည်းချက်နှင့် အားသာချက်များ🔷
မင်္ဂလာပါရှင့်။
FinTech Channel Myanmar Media မှမိဘပြည်သူများအတွက်
Mobile ပိုက်ဆံအိတ်တွေရဲ့ အားနည်းချက်နှင့် အားသာချက်တွေကိုပြောပြပေးချင်တယ်။
မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုတွေ မြန်မာနိုင်ငံမှာ ရှိလာတာဟာ တကယ့်ကိုကောင်းတဲ့အချက်တစ်ခုပါ။ ဘဏ်တွေ၊မိုဘိုင်းလ် အော်ပရေတာတွေနဲ့ တခြားကုမ္မဏီတွေဟာ မိုဘိုင်းလ်ဖုန်းကိုအခြေခံပြီး ငွေကြေးဝန်ဆောင်မှုဆိုင်ရာ ဆောင်ရွက်လျက်ရှိပါတယ်။ ဒါဆိုရင် သူရဲ့ အားသာချက် အားနည်းချက်ကို လေ့လာကြည့်ကြမယ်။

🔸အားသာချက်များ🔸
✅လွယ်ကူပြီးလျင်မြန်တယ်
ဘဏ်သွားစရာမလိုပဲ မိမိရဲ့ဖုန်းထဲကနေအလွယ်တကူလျင်မြန်စွာ ငွေလွှဲနိုင်တဲ့အတွက် အချိန်ကုန်သက်သာ၊လူပင်ပန်းသက်သာတယ်။
✅လုံခြုံမှု
ငွေတွေအများကြီးကိုလက်ထဲမှာ ထားပြီးစိတ်ပူနေမယ့်အစား မိုဘိုင်းလ်ဖုန်းတစ်လုံးရှိရုံနဲ့ ဈေးဝယ်တာတို့၊ ငွေပေးချေတာတွေလုပ်နိုင်တယ်။ အကယ်၍ မိမိအနေနဲ့ ဖုန်းပျောက်သွားမယ်ဆိုရင်တောင် မိမိရဲ့ဖုန်းနဲ့ Application ကိုဖွင့်ဖို့ PINတို့ Password တို့လိုမှာပါ။
✅တိကျတဲ့ငွေပေးချေမှု
အပြင်မှာဈေးဝယ်တဲ့အခါ ကျသင့်တဲ့ငွေတစ်ရာ၊နှစ်ရာကို ဈေးဆိုင်က Tissues အမ်းလိုက်တာတို့၊ ချိုချဉ်အမ်းလိုက်တာမျိုးတို့ကြုံဖူးမှာပါ။
မိုဘိုင်းလ်နဲ့ငွေပေးချေတဲ့နေရာမှာ မိမိရဲ့ ပိုက်ဆံကိုတစ်ကျပ်ကစ ကွာဟခြင်းမရှိတဲ့အပြင် ပြန်အမ်းငွေအတွက်လည်းစိတ်ပူစရာမလိုပါဘူး။
✅အသုံးစရိတ်များပြန်လည်ကြည့်ရှု့နိုင်ခြင်း
မိုဘိုင်းလ်Wallet တွေရဲ့အားသာချက်နောက်တစ်ခုကတော့မိမိအနေနဲ့ ဘယ်အချိန်မှာ၊ ဘာအတွက် ငွေဘယ်လောက်သုံးခဲ့လဲဆိုတာကို ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

🔸အားနည်းချက်များ🔸
✅မိုဘိုင်းလ်ဒေတာနဲ့ ဘက်ထရီ
ဖုန်းကိုအသုံးပြုပြီးငွေလွှဲ၊ ငွေထုတ်တာတွေပြုလုပ်ရမှာဖြစ်တဲ့အတွက်
မိမိရဲ့ဖုန်းထဲမှာ ဘက်ထရီရှိဖို့လိုအပ်သလို မိုဘိုင်းလ်ဒေတာအသုံးပြုပြီး ပြုလုပ်ရမှာဖြစ်တဲ့အတွက် အင်တာနက်ရှိဖို့လိုအပ်ပါတယ်။
✅ဝန်ဆောင်ခ
👉🏿ငွေသွင်းခြင်း။ ။ တချို့ Mobile Wallet တွေက ငွေသွင်းရင် ဝန်ဆောင်ခအခမဲ့ဖြစ်ပြီး တစ်ချို့ Mobile Wallet တွေကတော့ ဝန်ဆောင်ခပေးရတာမျိုးရှိပါတယ်။
👉🏿ငွေလွှဲခ။ ။ Mobile Walletတွေကနေတစ်ဆင့် သတ်မှတ်ထားတဲ့ ငွေလွှဲဝန်ဆောင်ခ နှုန်းတွေရှိပါတယ်။ ဥပမာ - ငွေကျပ်တစ်ထောင် ကနေ ငွေကျပ် ၁သောင်းထိကို ဝန်ဆောင်ခ ၃၀၀ ကျပ် ကျသင့်သလိုမျိူးပဲ ကိုယ်ထုတ်မယ့်ငွေပမာဏ ပေါ်မှာမူတည်ပြီး ကျသင့်တဲ့ငွေ ပြောင်းလဲနိုင်ပါတယ်။ ဘဏ်မှာတန်းစီပြီးစောင့်စရာမလိုဘူးဆိုပေမယ့် ဝန်ဆောင်ခကတော့ ဘဏ်မှတစ်ဆင့်ငွေလွှဲခြင်းထက် ပိုမိုကုန်ကျနိုင်ပါတယ်။

🥰ခုပြောပြပေးခဲ့တာတော့ မိုဘိုင်းလ်ပိုက်ဆံအိတ်တွေကို အသုံးပြုရခြင်းရဲ့ အားနည်းချက်နဲ့ အားသာချက်တွေပါ။ နောက်တစ်ပတ်တွေမှာလည်း ငွေကြေးဝန်ဆောင်မှုနဲ့ပတ်သတ်တဲ့ အကြောင်းအရာများကို ဖော်ပြပေးမှာဖြစ်လို့ FinTech Channel Myanmar Media Page ကို like and follow လုပ်ထားဖို့မမေ့ပါနဲ့နော်။

26/01/2021

အားလုံးပဲ မင်္ဂလာပါရှင့်။ ဖြစ်ပေါ်နေတဲ့ ရောဂါကပ်ဘေးတွေရဲ့ ကြားထဲမှ လူစုလူဝေးကိုရှောင်ရှားဖို့အတွက် အိမ်မှာနေရင်းပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်တွေမှာ ပိုမိုလွယ်ကူစွာအသုံးပြုနိုင်ဖို့ပဲဖြစ်ဖြစ်၊ ဖုန်းတစ်လုံးရှိနေရုံနဲ့ ဘဏ်သွားစရာမလိုပဲ နေ့စဉ်ကြုံတွေ့နေရတဲ့ ငွေကြေးစီမံမှုတွေကို ပြုလုပ်ဖို့အတွက် ကျွန်မတို့ FinTech Channel Myanmar Media မှ တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်အောင် Mobile Payment တွေရဲ့ အသုံးပြုပုံတွေ၊ User များနှင့်တကွ တင်ဆက်ပေးနေပါတယ်ရှင့်။ ကျွန်မတို့ FinTech Channel Myanmar Media ကနေ ဒီအပတ်မှာတော့ Digital Mobile Money Wallet အကောင့်ကို''Register’’ လုပ်နည်းကို Video လေးနှင့်တကွဖော်ပြပေးလိုက်ပါတယ်ရှင်။ ဒါကြောင့် video လေးကိုအဆုံးထိကြည့်ရှု့ပေးပြီး သဘောကျတယ်ဆိုရင် Like and Share လုပ်ပေးကြပါလို့တောင်းဆိုပါရစေရှင့်။နောက်အပတ်တွေမှာလည်း မိုဘိုင်းလ်ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှုအကြောင်းတွေကို ဆက်လက်တင်ဆက်ပေးနေမှာဖြစ်တဲ့အတွက် ကျွန်မတို့ Page လေးကိုလည်း Like and Follow လုပ်ပေးဖို့မမေ့ပါနဲ့နော်။

Want your business to be the top-listed Realtor/realty Service in Pyay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Pyay
08151

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 17:30