Paing

Paing

Share

11/12/2022

မင်းရဲ့ တန်ဖိုးကို နားလည်တဲ့သူဆီမှာပဲ
မင်းရဲ့ စိတ်ခံစားချက်တွေကို မြုပ်နှံထားပါ...

မင်းကို ခွင့်လွှတ်ပေးနိုင်တဲ့သူဆီမှာပဲ
မင်းရဲ့ စိတ်ဆိုးစိတ်ကောက် အမူအကျင့်လေးတွေကို လုပ်ပြပါ...

မင်းကို နားလည်ပေးနိုင်တဲ့သူဆီမှာပဲ
မင်းရဲ့ ချစ်ခြင်းမေတ္တာတွေကို ဖော်ပြပါ...

မင်းကို ဂရုစိုက်ပေးနိုင်တဲ့သူဆီမှာပဲ
မင်းရဲ့ နာကျင်ဝမ်းနည်းမှုတွေကို ရင်ဖွင့်ပါ...

မင်းကို မြတ်နိုးတန်ဖိုးထားပေးတဲ့သူဆီမှာပဲ
မင်းရဲ့ ခွင့်လွှတ်နားလည်ပေးခြင်းတွေကို ပြန်ပေးပါ...

မင်းအပေါ် အကောင်းဆုံး နားလည်ပေးဆပ်နိုင်သူကိုသာ
မင်းရဲ့ သစ္စာစောင့်ထိန်းမှုတွေကို မြုပ်နှံထားပါ...

မင်းအပေါ် ကောင်းတဲ့သူတွေအပေါ်မှာ
ပြန်ကောင်းဖို့ မမေ့ပါနဲ့...။

မင်းအပေါ် တန်ဖိုးထားတဲ့သူတွေကို
မဆုံးရှုံးခင် တန်ဖိုးထားပါ...။

ဘဝမှာ အချိန်ကြာကြာ ရင်းနှီးပတ်သတ်ကြသူတိုင်းက
တစ်ဖက်သတ်ဆန်တဲ့ ဆက်ဆံရေးမျိုး မဟုတ်ကြဘူး။
အပြန်အလှန် ထိန်းကျောင်းပေးရင်း ရပ်တည်ကြတာမျိုးပါ..။

မင်းကို ချစ်တဲ့သူ များချင်များမယ်...

မင်းအပေါ် နားလည်ပေးနိုင်တဲ့သူက ရှားတယ်...

မင်းကို စိတ်ဝင်စားတဲ့သူ များချင်များမယ်...

မင်းအပေါ် အချစ်စစ်နဲ့ ချစ်ပေးနိုင်မဲ့သူက ရွှေလိုရှားတယ် ။ ။

Credit to original

04/12/2022

ကျွန်တော်လေ ဟိုးအဝေက

တောင်တန်းပြာကြီးတေကို

သိပ်သဘောကျတာပဲ။

သူတို့အလှအပကို

ကြည့်နေရတာကိုက

ကျွန်တော့်အတွက်တော့

အရသာတစ်မျိုး။

မနီးစပ်နိုင်တဲ့ အဝေးကအရာ

တစ်ခုကို ငေးကြည့်ပိုင်ခွင့်တော့

ရှိတယ်မလား။

အဝေးတစ်နေရာက သူတို့ကိုငေး

ကြည့်ရာတာ ကိုယ့်ပတ်ဝန်းကျင်မှာ

ရှိနေတဲ့ အလှအပတေကို

ဥပက္ခာပြုထားမိတယ်လို့

တစ်ခါတစ်လေခံစားမိတယ်။

အတ္တကြီးတာမဟုတ်သလို

တစ်ကိုယ်ကောင်းဆန်တယ်လို့လဲ

ပြောမရဘူးလေ။

မရောက်ဖူးတဲ့နေရာ၊

မမြင်ဖူးတဲ့ဓလေ့၊

မခံစားဖူးတဲ့ လှပမှုအငွေ့အသက်တေက

အဝေးမှာဘဲရှိုကြတယ်လေ။



https://www.facebook.com/profile.php?id=100071744443152&mibextid=ZbWKwL

Want your business to be the top-listed Event/venue in Pyay?
Click here to claim your Sponsored Listing.

Category

Website

Address


Pyay