Housewife

Housewife

Share

17/08/2022

#ပေါင်မုန့်အုန်းနို့ဆမ်း
#ပေါင်မုန့်_အုန်းနို့_သာကူ

ပါဝင်ပစ္စည်းများ
အုန်းသီး၁လုံး (အုန်းနို့ညှစ်ထားပါ)
သကြား - (၁၀ကျပ်သား)
ပေါင်မုန့် - (၁ထုပ်)
ဆား အနည်းငယ်
ရေ အနည်းငယ်
ပါဝင်ပစ္စည်းတွေကလဲနည်းတော့ အရမ်းကြီးအလုပ်မရှုပ်တော့ဘူးပေါ့😍
ဘယ်လိုလုပ်လဲ.....ကြည့်လိုက်ရအောင်နော်

သကြားကို အရင်ကျိုရပါမယ်။ပြီးလျှင် ရေထည့်ပါ။ (ရေသန့်ဘူးသေးရဲ့၃ပုံ ပုံရင် ၁ပုံထည့်ပါ။)

ထို့နောက်မီးဖိုပေါ်မှာတင်ထားပါ ရေပွက်လာလျှင် သကြားထည့်ပြီးကျေသည်အထိ ကျိုပေးပါ။

သကြားရည်ကျိုပြီးလျှင် အုန်းနို့ရည်တွေကို ရောထည့်ပြီးကျိုပေးပါ။ဆားအနဲငယ်ပါထည့်ရ်ျ ၁၅ မိနစ်ခန့်ကျိုပေးပါ။

အုန်းနို့ရည်တွေပျစ်ပျစ်လေးဖြစ်လာပြီဆိုရင်ရပါပြီ။

ထို့နောက်ပေါင်မုန့်ပေါ်သို့ အုန်းနို့ရည်တွေဆမ်းလိုက်ပါ။

😍ဒါဆိုရင်အရသာရှိပြီးစားကောင်းတဲ့ ပေါင်မုန့်အုန်းနို့ဆမ်းလေးကိုရရှိမှာဖြစ်ပါတယ်😍
အရမ်းလဲမခက် ပါဝင်ပစ္စည်းတွေလဲနည်းတယ်ဆိုတော့အခုပဲလုပ်စားလိုက်ရအောင်နော်

*******
နောက်တနည်း

ပါဝင်ပစ္စည်းများ

သာဂူ – ရေနွေးကြမ်းပန်းကန် ၁/၂ စာ

ကြိုက်နှစ်သက်ရာပေါင်မုန့်

စပျစ်သီးခြောက်

အုန်းနို့ – ၁ ဘူး

ဆား – အနည်းငယ်

သကြား – ထမင်းစားဇွန်း ၂ ဇွန်း

(အချိုလိုရင် စိတ်ကြိုက်ထည့်ပါ။ ကလေးအတွက်မို့ သကြားလျှော့ ထည့်ပြီး စပျစ်သီးခြောက်ကို သုံးထားတာပါ။)

ပြုလုပ်နည်း

၁။ အုန်းနို့ကို သကြားနှင့် ဆားထည့်၍ ဆူပွက်ပြီး အနည်းငယ်ပျစ်လာအောင် ကျိုပါ။ စပျစ်သီး ခြောက်ထည့်၍ မီးပိတ်ပြီး အအေးခံပါ။

၂။ သာဂူကို အစေ့ပျောက်အောင် ကျိုပြီး ရေအေးနှင့်လောင်းကာ အအေးခံရေခဲသေတ္တာထဲ

၁ နာရီခန့် ထည့်ပါ။

၃။ ပွဲပြင်လျှင် အုန်းနို့ပေါင်မုန့်သာဂူ ထည့်ပါ။

(၂) နှစ်အထက် ကလေးများအတွက်ပါ။

Crd😋

22/07/2022

**ရှမ်းခေါက်ဆွဲ**

ကြိုက်သူများအတွက် ပြုလုပ်နည်းလေး ဝေမျှလိုက်ပါတယ်•

#ရှမ်းခေါက်ဆွဲပြုလုပ်နည်း(ပါဝင်ပစ္စည်းများ)♨♨♨

-ဆန်ခေါက်ဆွဲ ၁ထုပ်🔰
-မြေပဲဆံလှော် ၅ကျပ်သား🔰
-ရှမ်းချဉ် ၅ကျပ်သား🔰
-ကြက်သွန်မိတ် ၁စည်း🔰
-ငရုတ်သီးဆီကြော်🔰
-ပဲငံပြာရည်အပျစ် အနည်းငယ်🔰
တို့ဖူးကြော်
-၀က်ခေါက်ကြော်🔰
-ပဲပုပ်စေ့လှော်ထောင်းပြီးသား🔰 အနည်းငယ် (optional)
ပဲရွက် အနည်းငယ်

-ကြက်သွန်ဖြူဆီချက်🔰
-ကြက်သွန်ဖြူ ၄မွှာ🔰
-တရုတ်မဆလာ ဇွန်းသေး ၂ဇွန်း🔰
-နှမ်းဖြူ အနည်းငယ်🔰

-ကြက်သားဟင်းအနှစ်🔰
-ကြက်သားရင်ပုံသား ၂ခု🔰
-ကြက်သွန်နီအနေတော် ၄လုံး🔰
-ခရမ်းချဉ်သီးအနေတော် ၆လုံး🔰
-ကြက်သွန်ဖြူ ၈မွှာ🔰
-ငရုတ်သီးအစိမ်းမှုန့် ထမင်းစားဇွန်း ၂ဇွန်း🔰
-ဆား အနည်းငယ်
-ပဲငံပြာရည်အကျဲ ၂ဇွန်း

Preparation Method: (ပြုလုပ်ပုံ)

၁) ကြက်သားရင်ပုံသားများကို သန့်စင်ပြီး အတုံးသေးသေးတုံးပါ။ နနွင်းနဲ့ဆားအနည်းငယ်တို့နှင့် ရောနယ်ပါ။

၂) ဟင်းအနှစ်အတွက် ခရမ်းချဉ်သီးကို အစေ့တွေ ဖယ်ပြီး ပါးပါးလှီးပါ။ ကြက်သွန်နီ ကြက်သွန်ဖြူတို့ကို ပါးပါးလှီးပါ။

၃) ဒယ်အိုးထဲ ဆီထည့်ပြီး ဆီဆူလာလျှင် ကြက်သွန်နီ ကြက်သွန်ဖြူငရုတ်သီးအစိမ်းမှုန့်တို့ထည့်ပြီး ဆီသတ်ပါ။

၄) အနံ့မွှေးလာလျှင် ခရမ်းချဉ်သီးတွေကို အရင်ကြေအောင် ချက်ပါ။ ပြီးမှ ကြက်သားတွေကို ထည့်လုံးပါ။ ၃မိနစ်ခန့်ကြာလျှင် ရေနွေးအနည်းငယ်ထည့်ပါ။

၅) ဆီပြန်အောင် ဆက်တည်ပါ။ ဆားအနည်းငယ် နှင့် ပဲငံပြာရည် ထည့်မွှေပါ။

၆) ဟင်းအနှစ်အရည်အတွက် ရေနွေးအနည်းငယ် ထပ်တည့်ပြီး ပွက်ပွက်ဆူအောင် တည်ထားပါ။

၇) ကြက်သွန်ဖြူဆီချက်အတွက် ကြက်သွန်ဖြူကို အရင်ဆီသတ်ပါ။ မီးပိတ်ပြီးမှ တရုတ်မဆလာထည့်မွှေပါ။ နှမ်းဖြူထည့်ပြီး ပန်ကန်လုံးထဲ ပြောင်းထည့်ပါ။

၈) ဆန်ခေါက်ဆွဲတွေကို ရေ နှစ်ရီခန့် ကြီုစိမ်ပါ။

၉) မြေပဲဆံလှော်ကို အခွံချွတ်ပြီး မညက်တညက်ထောင်းထားပါ။

၁၀) ကြက်သွန်မိတ်နှင့် ရှမ်းချဉ်ကို သေးသေးလှီးထားပါ။

၁၁) ဟင်းချိုအတွက် ကြက်ရိုးတွေကို ချင်း၊ကြက်သွန်ဖြူတို့နှင့် ပြုတ်ထားပါ။

၁၂) မုန့်ဖတ်ပြုတ်ရန်အတွက် အ၀ကျယ် ရေနွေးအိုးကို ပွက်ပွက်ဆူအောင် တည်ထားပါ။

ပြင်ဆင်ပုံ

စားနိုင်သလောက် မုန့်ဖတ်ကို ရှိးတံရှည်ဇကာထဲထည့်ပြီး ပွက်ပွက်ဆူနေသော ရေနွေးအိုးထဲ စိမ်လိုက်ပါ။ ပြီးလျှင် တူဖြင့် အနည်းငယ်မွှေပေးပါ။ ရေစစ်ပြီး စားမည့်ပန်းကန်ထဲ ထည့်ပါ။ ကြက်သားဟင်းအနှစ်၊ မြေပဲဆံလှော်မှုန့် ၊ ကြက်သွန်ဖြူဆီချက်၊ စသော အစာပလာ အနည်းငယ်စီထည့်ပြီး ပြင်ပေးပါ။
ပဲငံပြာရည်အပျစ်ကို လက်ဖက်ရည်ဇွန်းဖြင့် ပါလေကာ ထည့်ပေးပါ။ ကိုယ်ကြိုက်သလို ချဉ်ငံစပ် ဖြစ်အောင် လိုတာထပ်ထည့်ပါ။

ဟင်းချိုအတွက် ကြက်ရိုးပြုတ်ရည်ကို ခပ်ထည့်ပြီး ကြက်သွန်မိတ်နှင့် ငရုတ်ကောင်းအနည်းငယ် ထည့်လိုက်လျှင်ရပါပြီ။

Credit_Original_uploader
Credit:photos
💙💗

01/07/2022

အလွယ်ကူဆုံံး #ကွေ့တီယို အရည်ရော အသုပ်ရော ပြုလုပ်နည်း..😋😋😋

အရိုးပြုတ်ရည်က အဓိကမို့ ကြက်အရိုး သို့ ဝက်အရိုးကို ကြက်သွန်ဖြူ အခွံခွာထားသောမုန်လာဥဖြူ၂လုံး ငရုတ်ကောင်းမှုန့် နံနံပင်အမြစ် ပဲငံပြာရည်အကြည် ခရုဆီ သကြား နှင့် ဆား အနည်းငယ် ထည့်ပြီး ၁နာရီခွဲခန့်ပြုတ်ပေးရပါမယ်။

အပေါ်မှ ဝေ့တက်လာတဲ့ အနှစ်ဖတ်အမည်းများကို ခပ်ထုပ်ပေးပါ။ ပြီးမှနှစ်သက်ရာ ပုဇွန် ပဲသွေး ကြက်သားလုံး ဝက်သားလုံး ငါးဖယ်လုံး များကို ထည့်ပြုတ်ပါ။

ကန်စွန်းရွက် ဆလက်ရွက် ပဲပင်ပေါက် အစိမ်းနံ့ပျောက်စေရန် တို့ကို ရေနွေးဖျောပေးထားပါ။ တွဲဖက်စားသုံးမယ့် ဆန်ပြားခေါက်ဆွဲကိုလည်း ၂မိနစ်ခန့်ပြုတ်ပြီး ပြန်ဆယ်ထားပါ။ အရမ်းပျော့နေအောင်ပြုတ်ဖို့မလိုပါဖူး။

ပြင်ဆင်ပုံကတော့ ပန်းကန်ထဲသို့ ဆန်ပြားခေါက်ဆွဲ အရွက်များ အသားလုံးများ ထည့်ပါ။ အရည်ဆမ်းပါ။ ငရုတ်သီးမှုန့် ထောင်းထားသောမြေပဲမှုန့် ထည့်ပါ။ ချဉ်ချဉ်စပ်စပ်လေးကြိုက်သူများအတွက် လိုအပ်ရင်ထည့်စားနိုင်စေဖို့ အချဉ်စိမ်ထားသော ငရုတ်သီးစိမ်းနှင့် သံပုရာသီးစိတ် ပြုလုပ်ထားပါ။ နံနံပင် ကြက်သွန်မြိတ် ဘဲဥ နှင့် ဝက်ခေါက်ကြော်ကိုလည်း ထည့်စားနိုင်ပါသည်။

ကွေ့တီယိုသုပ် အတွက်ကတော့ ဆန်ပြားခေါက်ဆွဲ အရွက် အသားလုံး မြေပဲလှော်မှုန့် ငရုတ်သီးမှုန့် ကြက်သွန်ဖြူဖြင့်ချက်ထားသောဆီချက် အားလုံးပေါင်းပြီး နယ်လိုက်ရင် ကွေ့တီယိုသုပ်ရပါပြီ။

Credit : Daw San Thidar Htay

Photos @ Credit

Want your business to be the top-listed Food & Beverage Service in Pyay?
Click here to claim your Sponsored Listing.

Category

Website

Address


Pyay