Oichi Japanese Language Center

Oichi Japanese Language Center

Share

01/11/2022

အခွင့်အလမ်းတွေ ရှိလာပီမို့ ကြိုးစားကြပါနော်

၂၀၂၃ ခုအတွက် နိုင်ငံခြားသား လုပ်သား EPS တစ်သိန်းတစ်သောင်းခန့် ခေါ်နိုင်ရန် ကိုရီးယား အစိုးရက ခန့်မှန်းထားပါတယ်။

ကိုရီးယား အသေးစားနဲ့ အလတ်စား အလုပ်ရှင်များက ၂၀၂၃ ခု ပထမ အသုပ်အဖြစ် နိုင်ငံခြားသား လုပ်သား နှစ်သောင်းကို ခေါ်ရန်အတွက် လာမယ့် နိုဝင်ဘာ ၁၄ ရက်မှ ၂၄ ရက်အထိ လျှောက်လွှာ တင်ကြရန် အလုပ်သမားဝန်ကြီးဌာနက ကနေ့ နိုဝင်ဘာ ၁ ရက်မှာ ထုတ်ပြန် လိုက်ပါတယ်။

ကုန်ထုတ် ၁၄၇၁၈ ဦး၊ စိုက်ပျိုး မွေးမြူ ၂၇၂၅ ဦး၊ ရေလုပ်သား ၁၅၆၃ ဦး၊ ဆောက်လုပ်ရေး ၇၄၈ ဦး၊ ဝန်ဆောင်မှု လုပ်ငန်း ၁၀၀ ဦး တို့ ဖြစ်ပါတယ်။

နိုင်ငံခြားသား လုပ်သား နှစ်သောင်း ဦးကို ခေါ်ယူခွင့် ရှိတဲ့ လုပ်ငန်းရှင်များရဲ့ အမည် စာရင်းများကို လာမယ့် ဒီဇင်ဘာ ၉ ရက်မှာ အလုပ်သမားဝန်ကြီး ဌာနက ထုတ်ပြန်သွားမှာပါ။

အလုပ် လုပ်ကိုင်ခွင့် သဘောတူစာချုပ်ကို ဒီဇင်ဘာ ၁၂ ရက်မှ ၁၆ ရက်အထိ ကုန်ထုတ် လုပ်ငန်း၊ ဒီဇင်ဘာ ၁၉ ရက်မှ ၂၁ ရက်အထိ ကျန် လုပ်ငန်းများအား ထုတ်ပေးသွားမှာပါ။

သဘောတူစာချုပ်ကို ရရှိထားတဲ့ လုပ်ငန်းရှင်များက နိုင်ငံခြားသား လုပ်သားများအား ရှေ့နှစ် ဇန်နဝါရီလအတွင်း ပထမအသုတ်အဖြစ် ခေါ်ယူသွားမှာပါ။

၁၆ နိုင်ငံမှ နိုင်ငံခြားသား လုပ်သား ၈၉၇၇၀ ဦးကို ၄ ကြီမ်ခွဲကာ ခေါ်ယူသွားမှာပါ။

အခု ပထမအကြီမ်အဖြစ် နိုင်ငံခြားသား လုပ်သား နှစ်သောင်း ဦးကို ခေါ်ယူတာဖြစ်ကြောင်း ကိုရီးယား သတင်းများအရ သိရပါတယ်။

ဇော်မိုးအောင်(ကိုရီးယား)
၂၀၂၂ ခု နိုဝင်ဘာ ၁ ရက်

28/05/2022

အခုမှ စ ပြီး ဗျည်း တွေ ရေး မှတ် လေ့ကျင့်နေဆဲ

သမီးငယ်လေ့း ရဲ့  မိတ်ဆက်စကားလေးပါါ ။

♥ထက်သန်တဲ့ စိတ် + ကြိုးစား အားထုတ်မှု
ပေါင်းစပ်လိုက်သောအခါ . . . .♥
♥♥ ဘာမဆို ဖြစ်နိုင်တယ် ♥♥

သမီးငယ်က
ပြည်မြို့ မှာ နေတဲ့ ပြည်သူ ချောချောလေး 😘

13/01/2022

၁၇ ကြိမ်မြောက်ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ ၂၀၂၂ ခုနှစ်

ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲနှင့် ဂျပန်စာပေဘာသာပြန် အငယ်တန်းအဆင့်ပြိုင်ပွဲကို အောက်ဖော်ပြပါ အစီအစဥ်အတိုင်း ကျင်းပသွားမည်ဖြစ်ပါသည်။

Japanese Literature Translation Contest (ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ)
ဂျပန်စာပေ ဘာသာပြန်သူများ ပေါ်ထွန်းလာစေရန်အတွက် ရည်ရွယ်ပါသည်။ ဂျပန်ခေတ်ပြိုင် စာပေများကိုမြန်မာဘာသာသို့ ပြန်ဆိုပြီး၊ ပြည်တွင်း/ပြည်ပမှ မြန်မာနိုင်ငံသား မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။ ဘာသာပြန်ဆိုရမည့် စာမူကို ပါဝင်ယှဉ်ပြိုင်သူထံသို့ Email ဖြင့်ပေးပို့ပြီး အောက်ပါသတ်မှတ်ကာလ အတွင်း မြန်မာဘာသာ ပြန်ဆို၍ ပြန်လည်ပေးပို့ရပါမည်။

လျှောက်ထားရမည့်ကာလ : ၁၃.၁.၂၀၂၂ မှ ၃၁.၁.၂၀၂၂ အတွင်း
ပြိုင်ပွဲဝင်များထံသို့ စာမူပေးပို့မည့်ရက် : ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ရက်နေ့ (အင်္ဂါနေ့(
ဘာသာပြန်စာမူ ပြန်လည်ပေးပို့ရမည့်ရက် : ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ရက်နေ့)တနင်္လာနေ့)
ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ ယှဥ်ပြိုင်မည့်သူများသည် အောက်ပါ Google form link တွင် ဖြည့်စွက် လျှောက်ထားနိုင်ပါသည်။
https://docs.google.com/forms/d/e/1FAIpQLScSApwzXLF8prQwuKPQwyDFCGhGAc2yvC2h2eJreSFFyynULQ/viewform?usp=sf_link

Japanese Literature Translation Junior Level Contest
(ဂျပန်စာပေဘာသာပြန် အငယ်တန်းအဆင့်ပြိုင်ပွဲ )

ပါဝင်ယှဉ်ပြိုင်သူသည် အသက် (၂၅) နှစ်အောက်ရှိရမည်ဖြစ်ပြီး၊ ဂျပန်ဘာသာအရည်အချင်း N3 အဆင့် ရှိသောသူများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသည်။ လွယ်ကူရိုးရှင်းသော ဂျပန်စာပေဖြင့် ရေးသားထားသည့် စာမူကို မြန်မာဘာသာသို့ပြန်ဆိုရမည် ဖြစ်ပါသည်။ ဂျပန်စာပေအပေါ် စိတ်ဝင်စားမှုတိုးပွားလာစေရန် အတွက်ရည်ရွယ်ပါသည်။ Zoom Online System ဖြင့် (၃) နာရီကြာ ကျင်းပမည့် ဘာသာပြန်ပြိုင်ပွဲတွင် ဂျပန်ဘာသာဖြင့် ရေးသားထားသော စာမူကို မြန်မာဘာသာသို့ ပြန်ဆိုကာ ပေးပို့ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။

လျှောက်ထားရမည့်ကာလ - ၁၃.၁.၂၀၂၂ မှ ၃၁.၁.၂၀၂၂ အတွင်း
ကျင်းပမည့်ရက် - ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်နေ့ (တနဂႅနွေနေ့)
အချိန် - နံနက် ၉ နာရီမှ ၁၂ နာရီ
ဂျပန်စာပေဘာသာပြန် အငယ်တန်းအဆင့်ပြိုင်ပွဲ ယှဥ်ပြိုင်မည့်သူများသည် အောက်ပါ Google form link တွင် ဖြည့်စွက် လျှောက်ထားနိုင်ပါသည်။
https://docs.google.com/forms/d/e/1FAIpQLScBRD5JYreBHuaRfo3Xkgea_dILkeMEFi6J_FTlTtY_TE64Vg/viewform?usp=sf_link

***ဘာသာပြန်ပြိုင်ပွဲတွင် မိမိ ကြိုက်နှစ်သက်ရာ အဘိဓာန်ကို အသုံးပြုနိုင်ပါသည်။***

( ပြိုင်ပွဲနှင့် ပတ်သတ်သည့်အသေးစိတ် အချက်အလက်များကို လျှောက်ထားသူများထံသို့ ပေးပို့ပါမည်။ )

Want your school to be the top-listed School/college in Pyay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 5, G. I မီးရထားတိုက်ခန်း, CB Bank ရှေ့
Pyay
08151