Thuta Sonelin
28/09/2020
ဘယ်မုန့်ဆိုင်ပဲ ရောက်လို့ ဘာပဲစားစား
သူ့ကာင်မလေး အတွက် တစ်ရှူးလေးတွေ
ခေါက်ခေါက်ပေးပြီး သုတ်ဖို့ ပေးတတ်တဲ့
bro တစ်ယောက်ကို မြင်ခဲ့ဖူးတယ် ။
အဲ့လို တစ်ရှူးလေးတွေ ခေါက်ခေါက်ပေးရုံတင်မဟုတ်ဘူး ။
သူ့ကောင်မလေး သောက်ဖို့ အတွက် ရေခွက်လေးထဲမှာ ရေက အသင့် ။
သူ့ကောင်မလေး မုန့်စားတဲ့အခါ ဆံပင်ကျမှာဆိုးလို့ဆိုပြီး ဆံပင်လေးတွေကိုပါ သပ်တင်ပေးတတ်သေး ။
သူ့ ကောင်မလေး တော့ ရင်ထဲမှာ
ဘယ်လို ခံစားရမလဲ မသိ ။
ဘေးက ကြည့်နေတဲ့ ကျွန်တော့်မှတော့
သူတို့ အတွဲကို ကြည့်ရင်း ကြည်နူးမှု ရသလေးတွေ
ခံစားလိုက်ရတယ် ။
သေချာတာတစ်ခုကတော့ ကောင်မလေးဖြစ်သူရဲ့
စိတ်ထဲလည်း ပျော်ရွှင်နေမှာ အမှန်ပါပဲ။
အချစ်ခံရတယ် ။
ဂရုစိုက်ပေးခံရတယ်ဆိုတာ ဒီလိုပဲလေ။
ဘာမှ ကြီးကြီးကျယ်ကျယ် ကြီး မဟုတ်ပေးမဲ့
အသေးအဖွဲ အပြု အမူလေးတွေကလည်း
လူတစ်ယောက်ရဲ့ စိတ်ကို ပျော်ရွှင်စေတတ်တာပဲလေ။
__________________
(၂)
ဆိုင်ကယ်စီးဖို့ ဦးထုပ်ဆောင်းတဲ့အချိန်လေး
ဖြစ်မယ်ထင်တာပဲ ။
ကောင်မလေးဖြစ်တဲ့သူက ခေါင်းလေးကို ထိုးခံတယ် ။
ကောင်လေးက ပြုံးပြုံးလေး လုပ်ရင်း သူ့ကလေးမလေးကို ဆံပင်လေးကို သပ်ပေးလို့ ဆိုင်ကယ်စီးဦးထုပ်
ဆောင်းပေးတယ် ။
မေးသိုင်းကြိုးကို သေသေချာချာ တပ်ပေးတယ် ။
ပြီးမှ သူ့ ဦးထုပ်ကို သူ ဆောင်းရှာတယ် ။
ဆိုင်ကယ်စီးရင်း ထွက်သွားတော့လည်း
သူ့ကောင်မလေး လက်ကို ဆွဲရင်း သူ့ခါးကို ဖက်ခိုင်းတယ်။
ပြီးမှ ဆိုင်ကယ် ကို မောင်းထွက်သွားတယ် ။
သူတို့တော့ မသိဘူး ။
မြင်လိုက်ရတဲ့ ကျွန်တော်ကတော့ ပီတိလေးတွေ ဖြစ်လို့ ။
တစ်ကယ်တော့ လူတစ်ယောက်ကို
ဂရုစိုက်ပေးတယ်ဆိုတာ ကြီးကြီးကျယ်ကျယ်တွေ၊
ပိုက်ဆံတွေ အများကြီးကုန်ပြီး suprise လုပ်ပေးနေမှ
မဟုတ်ပါဘူး ။
ဒီလို နေ့စဉ် သမရိုးကျ လုပ်နေတဲ့
အသေးအဖွဲလေးတွေက အစ လိုက်လုပ်ပေးတာကလည်း ဂရုစိုက်ခြင်း တစ်မျိုးပဲလေ ။
ကျွန်တော့် အထင် ဒီလို အသေး အဖွဲလေးတွေကတောင် ပိုပြီးတန်ဖိုးကြီးတယ် လို့ ထင်ရတာပဲ ။
ဘယ်သူ မဆို ကိုယ်ချစ်တဲ့သူရဲ့
အရေးတယူပြုခံရတာ, ဦးစားပေးခံရတာ ,
အလေးထားခံရတာကို လိုချင်ကြတာပဲလေ ။
________________
(၃)
သူ့ ကောင်မလေးဖြစ်သူရဲ့ ပိုက်ဆံအိတ် ၊ စလင်းဘတ် ၊
မိန်းကလေး လွယ်တဲ့ အိတ်က အစ ထီး ၊ ထမင်းချိုင့်
အဆုံး ကိုင်ပေးတတ်တဲ့ ကျွန်တော့် သူငယ်ချင်း
တစ်ယောက်ကို မြင်ခဲ့ဖူးတယ် ။
ကျွန်တော် သူ့ကို ဘာလို့ ဒီလိုတွေ ကိုင်ပေးနေတာလည်း မရှက်ဘူးလား လို့ မေးခဲ့တာပေါ့။
သူကတော့ ကျွန်တော့်ကို ပြုံးပြုံးလေးနဲ့ပဲ
ဒီလို ပြန်ပြောခဲ့တာ -
'' ရှက်စရာမှ မဟုတ်တာကွာ ။
သူ့မှာ ရှိနေတဲ့ ဝန်လေးတွေကို လျော့သွားပြီး
သူ့ကို ပေါ့ပေါ့ပါးပါးလေး ဖြစ်စေချင်တာက အဓိကပဲလေ ။
ပြီးတော့ မင်းမသိလို့ကွ ဒီလို ဂရုစိုက်ပေးတာက
သူတို့ စိတ်ထဲမှာ အရမ်းကြည်နူးကြတယ်။
အပြင်ကိုသာ ထုတ်မပြောပြတာ ။
ဒါ့ကြောင့် ငါလည်း ငါ့ ကောင်မလေးကို
သူ့စိတ်ထဲ ကြည်နူးစေချင်လို့ ''
ဒီ အချိန်မှာတော့ သူပြောတဲ့ စကားတွေကို
ကျွန်တော်သဘောပေါက်ခဲ့ပြီ ။
လူကြားထဲ ကိုယ့်ကောင်မလေး ရင်ဟိုက်နေလို့ မသိမသာ ဆွဲတင်ပေးတာတွေ ။
ကိုယ့်ကောင်မလေး ခါးပေါ်နေလို့ သူ့ အကျီ င်္
ချွတ်ရင်း ခါးမှာ စည်းပေးတာတွေ ။
အဲ့လို တစ်ချို့ ကောင်လေးတွေ
သူတို့ ကောင်မလေးတွေအပေါ် ဂရုစိုက်ပေးတာတွေ ၊
ချစ်ပေးတာတွေကို အပိုတွေ လုပ်နေတာပဲဆိုပြီး
ကျွန်တော် မမြင်တော့ ။
ကိုယ်ချစ်ရတဲ့သူကို ချစ်ပေးတာ ၊
ဂရုစိုက်ပေးတာဟာ စောက်ပိုတွေ လုပ်နေခြင်းမှ
မဟုတ်ပဲ ။
________________
(၄)
မနက်ခင်း မိုးလင်းတဲ့ အချိန် ' နိုးနေပြီလား'
' ထတော့လေ ' လို့ ပြောတဲ့ message လေး တစ်ခုက အပို့ခံလိုက်ရတဲ့သူအတွက် တစ်နေ့လုံး အားအင်တွေ
ရသွားစေနိုင်တယ် ။
ဘာရယ်လို့ မဟုတ်ဘူး ။
လမ်းကူးတဲ့ အချိန် သူ့ လက်ကလေးကို ကိုင်ပေးထားရင် သတိထားဖို့ ပြောလိုက်တဲ့ စကားလေးက သူ့ရင်ထဲ
ဘယ်လောက်ထိ နွေးထွေး သွားနိုင်မလဲ ။
သတိရနေကြောင်း . . . .
အရမ်း လွမ်းနေကြောင်း . . .
အစားကို ပုံမှန်စားဖို့ လိုအပ်ကြောင်း . . .
နေကောင်းအောင်နေရမည် ဖြစ်ကြောင်း . .
အဲ့လို ဂရုစိုက်ပေးတဲ့ စကားလုံးလေးတွေနဲ့
ဆက်လိုက်တဲ့ ဖုန်းလေး တစ်call က
သူ့ရဲ့ စိတ်လေးထဲမှာ ကြည်နူးပီတိလေးကတော့
အနည်းနဲ့ အများဖြစ်သွားစေမှာပါ။
တစ်ချို့ဆိုရင် ချစ်တယ် လို့ ပြောပြီး ဂရုစိုက်ပေးဖို့ ၊
ကြင်နာပေးဖို့ကျတော့ မေ့နေတတ်ကြတယ် ။
ရင်ထဲကပဲ ချစ်တတ်တယ် ထုတ်မပြတတ်ဘူး ဆိုတဲ့
စကားလုံးတွေဟာ တစ်ကယ်တမ်းကျ
တစ်ဖက်သူရဲ့ စိတ်ခံစားချက်ကို ဂရုမစိုက်ပဲ
ပေါ့ပေါ့ပါးပါးလေး နေချင်သလိုနေနေတာကို
ပြနေတာပါပဲ ။
ဒီလိုလူမျိုးတွေနဲ့ ရည်းစားသွားဖြစ်တဲ့သူတွေက
ရည်းစားထားရတာ အမည်ခံလေး တစ်ခုပဲ ရှိပါတယ်။
ချစ်သူရှိလျက်နဲ့လည်း တစ်ယောက်တည်း lonely
ဖြစ်ချင် ဖြစ်နေစေတာပါ။
တစ်ကယ်တော့ အချစ်ခံရတယ် . . .
ဂရုစိုက်ခံရတယ် ဆိုတာ တန်ဖိုးကြီးတဲ့
ဆုလာဒ်တစ်ခုလိုပါပဲ ။ လူတိုင်းလိုချင်ကြတယ် ။
လူတိုင်းက လိုအပ်နေကြပါတယ် ။
®ခဲတံ®
27.8.2020
28/09/2020
ယောကျာ်းတစ်ယောက်
အိပ်ယာထဲဖျားပီးလဲနေရင်
သူ့ကိုပြုစုတဲ့သူက
သူ့မိန်းမပဲဖြစ်လိမ့်မယ်
မိန်းမတစ်ယောက်
အိပ်ယာထဲဖျားပီးလဲနေရင်
သူ့ကိုပြုစုတဲ့သူက
သူမရဲ့ အမေဖြစ်နေဖို့များတယ်
😔ယောက်ကျား လေဖြတ်သွားရင်
မိန်းမက ရူးမတတ်ဖစ်နေပီးပြုစုလိမ့်မယ်
😏မိန်းမလေဖြတ်သွားရင်
ယောက်ကျားကို မြင်တောင်မမြင်ရတော့ဘူး
ဒါကြောင့် မိန်းမတစ်ယောက်
ကျန်းမာဖို့ အရမ်းအရေးကြီးတယ်
သိပ်လဲကြောက်ဖို့ကောင်းတဲ့
လက်တွေ့ဘဝတစ်ခုပဲ
🙇ဆေးရုံထဲမှာ
လူကြီးအဖိုးကြီးတွေကို
တွန်းလှဲတွန်းပေးတာ
များသောအားဖြင့်
အဖွားကြီးတွေဖြစ်လိမ့်မယ်
ဒါပေမဲ့
အဖွားကြီးတွေကို
တွန်းလှဲတွန်းပေးတာ
များသောအားဖြင့်
သမီး ဒါမှမဟုတ်
nurse တွေဖြစ်လိမ့်မယ်
လက်တွေ့ဘဝဟာ
တစ်ခါတလေ လက်မခံနိုင်ချင်စရာ
ကောင်းလောက်အောင်ကို
ရက်စက်လွန်းတယ်
ဒါကြောင့်
မိန်းမတစ်ယောက်
ကိုယ့်ကိုယ်ကိုယ် ချစ်ပါ
ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပါ
ဒီလောကကြီးမှာ
မိမိသာလျှင် တန်ဖိုးအရှိဆုံးပါ
#မိန်းမသားတစ်ယောက်ရဲ့ရင်ဖွင့်သံ
Copy.crd. Thae
21/09/2020
လောကမှာအောက်တန်းအကျဆုံး ယောက်ျား
လေးမျိုးပဲရှိတယ်
1 ကိုယ်တာဝန်မယူနိုင်ပဲ သူများအပျိုစင် ဘဝကို
ဖျက်စီးတတ်သော ယောက်ျား
2 ကိုယ်နဲ့ပြတ်သွားတဲ့ မိန်းခလေး မကောင်းကြောင်းကို
နောက်ရည်းစားကို အတင်းပြောတတ်သော ယောက်ျား
3 မိန်းမတစ်ယောက် စီက ချူစားတတ်သော ယောက်ျား
4 ပြတ်သွားပြီးကာမှ အရှုံးမရှိပါဘူးကွာလို့ပြောတဲ့ယောက်ျား
.....အမှန်တွေပြောပြလို မကြိုက်ဘူးဆိုရင် Block သွားနိင်တယ်ဗ်ာ.......ဘဝ နိဒါန်း.. .....
21/09/2020
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၂၁-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီ
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
၁။ (၂၀-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၁-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီ အတွင်း COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၁,၁၉၃)ခု၊
- ဆေးသုတေသနဦးစီးဌာန (DMR) ဓာတ်ခွဲနမူနာ မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၁၆၅) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဒုတိယအသုတ် ဓာတ်ခွဲ နမူနာ (၃၉၃) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ (၁၄) ခုနှင့်
- ရန်ကုန်မြို့၊ အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၉၁၈) ခု၊
စုစုပေါင်း ဓာတ်ခွဲနမူနာ (၂,၆၈၃) ခုတို့တွင်
• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၆၄) ဦးတွေ့ရှိပါသည်။
၂။ သို့ဖြစ်ရာ (၂၁-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၅,၈၀၅)ဦး ရှိပြီဖြစ်ပါသည်။
၃။ (၂၁-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီအထိ ထပ်မံ သေဆုံးသူ (၂) ဦးရှိပါသည်။
၄။ ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း (၉၄) ဦးရှိပြီးဖြစ်ပါသည်။
၅။ (၂၀-၉-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင်
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ (၂,၂၂၂) ခု၊
- ဆေးသုတေသနဦးစီးဌာန(DMR) မှ ဓာတ်ခွဲနမူနာ (၄၁၄)ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) မှ ဓာတ်ခွဲနမူနာ (၆၉၂)ခု၊
- ရန်ကုန်မြို့၊ အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၉၁၈) ခု၊
- နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင် ၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၄၃) ခုနှင့်
- နေပြည်တော် အမှတ် (၂)တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)မှဓာတ်ခွဲနမူနာ (၄၈၅)ခု
- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၆၁) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ (၂၃) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ (၁၄) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၈) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ မြိတ်မြို့မှ ဓာတ်ခွဲနမူနာ (၄) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ မြစ်ကြီးနားမြို့မှ ဓာတ်ခွဲနမူနာ (၃) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ထားဝယ်မြို့မှ ဓာတ်ခွဲနမူနာ (၂) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ဟားခါးမြို့မှ ဓာတ်ခွဲနမူနာ (၂) ခုနှင့်
- ပြည်သူ့ဆေးရုံကြီး၊ တာချီလိတ်မြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊
စုစုပေါင်း ဓာတ်ခွဲနမူနာ (၄,၈၉၂) ခုအား စစ်ဆေးခဲ့ခြင်းဖြစ်ပြီး COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၅၄၂) ဦး တွေ့ရှိခဲ့ပါသည်။ (ဓာတ်ခွဲအတည်ပြုလူနာ (၂၇၈) ဦး တွေ့ရှိကြောင်းကို (၂၀-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီသတင်းတွင် ထုတ်ပြန်ပြီးဖြစ် ပါသည်။
, , , #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ
https://www.mohs.gov.mm/
18/09/2020
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၁၈-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီ
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
၁။ (၁၇-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ မှ (၁၈-၉-၂၀၂၀) နံနက် (၈:၀၀)နာရီ အတွင်း COVID-19 ဓာတ်ခွဲ စစ်ဆေးချက်များအရ -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၁,၆၉၄) ခု၊
- ဆေးသုတေသနဦးစီးဌာန (DMR) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၁၁၁) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၅၂၉) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်)မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၁၃၂) ခု
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး) မှ ဓာတ်ခွဲနမူနာ (၉၄) ခု
- ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၁) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ တောင်ငူမြို့မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၇) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ (၁၆) ခု၊
- အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၆၈၈) ခုနှင့်
- အမှတ်(၂) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၂၈၂) ခု၊
စုစုပေါင်း ဓာတ်ခွဲနမူနာ (၃,၅၅၄) ခုတို့အား ထပ်မံ စစ်ဆေးပြီးစီးခဲ့ရာ
• COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၂၅၆) ဦးတွေ့ရှိပါသည်။
၂။ သို့ဖြစ်ရာ (၁၈-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၄,၂၉၉)ဦး ရှိပြီဖြစ်ပါသည်။
၃။ ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း (၆၁)ဦး ရှိပြီဖြစ်ပါသည်။
၄။ (၁၇-၉-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL) မှ ဓာတ်ခွဲနမူနာ (၂,၂၄၆) ခု၊
- ဆေးသုတေသနဦးစီးဌာန(DMR) မှ ဓာတ်ခွဲနမူနာ (၃၆၆) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) မှ ဓာတ်ခွဲနမူနာ (၉၆၅) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၃၈၄) ခု
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး) မှ ဓာတ်ခွဲနမူနာ (၉၄) ခု
- ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ (၁၆) ခု၊
- နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင် ၁၀၀၀)မှ ဓာတ်ခွဲနမူနာ (၇၀) ခု
- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၈၅) ခု
- ပြည်သူ့ဆေးရုံကြီး၊ တာချီလိတ်မြို့မှ ဓာတ်ခွဲနမူနာ (၁၇) ခု
- ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၁၀) ခု
- ပြည်သူ့ဆေးရုံကြီး၊ မြောင်းမြမြို့မှ ဓာတ်ခွဲနမူနာ (၃) ခု
- ပြည်သူ့ဆေးရုံကြီး၊ မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ (၁၁) ခု
- ပြည်သူ့ဆေးရုံကြီး၊ တောင်ငူမြို့မှ ဓာတ်ခွဲနမူနာ (၉) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့မှ ဓာတ်ခွဲနမူနာ (၆) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ဟားခါးမြို့မှ ဓာတ်ခွဲနမူနာ (၁၀) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ မြဝတီမြို့မှ ဓာတ်ခွဲနမူနာ (၄) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ထားဝယ်မြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ပြင်ဦးလွင်မြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ လွိုင်ကော်မြို့မှ ဓာတ်ခွဲနမူနာ (၂) ခု
- ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့မှ ဓာတ်ခွဲနမူနာ (၁၂) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ မြစ်ကြီးနားမြို့မှ ဓာတ်ခွဲနမူနာ (၁) ခု
- ပြည်သူ့ဆေးရုံကြီး၊ ဗန်းမော်မြို့မှ ဓာတ်ခွဲနမူနာ (၁) ခု
- အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၆၈၈) ခု နှင့်
- အမှတ်(၂) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၂၈၂) ခု
စုစုပေါင်း (၅,၂၈၄) ခုအား စစ်ဆေးခဲ့ခြင်းဖြစ်ပြီး COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၄၀၄) ဦး တွေ့ရှိခဲ့ပါသည်။ (ဓာတ်ခွဲအတည်ပြု လူနာ (၁၄၈) ဦး တွေ့ရှိကြောင်း ကို (၁၇-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီသတင်းတွင် ထုတ်ပြန်ပြီးဖြစ်ပါသည်။
, , , #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ
https://www.mohs.gov.mm/
Click here to claim your Sponsored Listing.
Culinary Team
Attire
Website
Address
Pyay University
Pyay
08151