MESI -Pyay

MESI -Pyay

Share

သင့်အတွက် ကုမ္ပဏီ လုပ်ငန်း တွေမှာ လစာကောင်းကောင်း ရနိုင်ဖို့ ..ရာထူးတွေ မြန်မြန် တက်စေဖို့ .သင့်ရဲ့ စီးပွားရေး လုပ်ငန်းတွေကို စနစ်တကျ လည်ပတ်စေဖို့ ...အရည်အေသွးပြည့်မီေသာ ဝန်ထမ်းကောင်းတွေ မွေးထုတ်ပေးနိုင်ဖို့
Business Management Diploma များတက်ရောက်ကြစို့။

01/09/2026

✨ THE SECRET FOR BUSINESS LEADERS — First Masterclass Completed

တစ်နေ့တာ သင်တန်းတစ်ခု ပြီးသွားတာထက်…
ကိုယ့်ကိုယ်ကို ပြန်မြင်သွားတဲ့ လူတွေ ပေါ်လာတာကို ပိုတန်ဖိုးထားမိပါတယ်။

ဒီနေ့ ပြည်မြို့မှာ
The Secret for Business Leaders –
Masterclass ကို ပထမဆုံးအကြိမ် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါပြီရှင်။ ❤️

ဒီ Masterclass မှာ Business Theory တွေကို နားထောင်ရုံသက်သက် မဟုတ်ခဲ့ပါဘူး။

Lead Yourself မှာ
ကိုယ်က ဘယ်လို Leader တစ်ယောက်ဖြစ်နေသလဲ ပြန်ကြည့်ခဲ့ကြတယ်။

Lead Your People မှာ
ဝန်ထမ်းပြဿနာတိုင်းဟာ “လူမကောင်းလို့” လား၊ ဒါမှမဟုတ် Leadership နဲ့ System ကို ပြန်ကြည့်ဖို့လိုနေတာလားဆိုတာ ဆွေးနွေးခဲ့ကြတယ်။

Lead Your Business မှာ
Sales ရှိရုံနဲ့ Business က လမ်းကြောင်းမှန်နေတာလား၊ Financial Direction နဲ့ System ရှိရဲ့လားဆိုတာ ပြန်စဉ်းစားခဲ့ကြတယ်။

နောက်ဆုံး Build Your Legacy မှာတော့—
“နောင် ၁၀ နှစ်အကြာမှာ လူတွေက ကိုယ့်ကို စကားလုံး ၃ လုံးနဲ့ ဘယ်လိုမှတ်မိစေချင်သလဲ?”

ဆိုတဲ့ မေးခွန်းနဲ့ ကိုယ်တည်ဆောက်ချင်တဲ့ Business ထက် ကျော်လွန်ပြီး ကိုယ်တည်ဆောက်ချင်တဲ့ Legacy ကိုပါ ပြန်ကြည့်ခဲ့ကြပါတယ်။

ဒီနေ့ ကျမအတွက် အားအရဆုံး Feedback ကတော့—
“ကိုယ့်ကိုယ်ကို ပြန်မြင်သွားတယ်…”
“ကိုယ့်လုပ်ငန်းအတွက် အဖြေတွေရသွားတယ်…”
“ဒီလို Training မျိုး လုပ်ငန်းရှင်တွေအတွက် တကယ်လိုအပ်တယ်…”
ဆိုတဲ့ စကားတွေပါပဲ။

တချို့ Business Owners တွေကတော့ သူတို့တစ်ယောက်တည်း သင်ယူပြီး ရပ်မနေချင်တော့ဘဲ
သူတို့ရဲ့ Team နဲ့ ဝန်ထမ်းတွေအတွက်လည်း ဒီလို Development Training တွေ ဆက်လုပ်ပေးချင်တဲ့
ဆန္ဒတွေ ဖြစ်လာရတယ်။

ဒီအချက်ကပဲ ကျမအတွက် Masterclass ရဲ့ အကောင်းဆုံး Result တစ်ခု ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့—
Leader တစ်ယောက် ပြောင်းလဲတာဟာ လူတစ်ယောက်တည်း ပြောင်းလဲတာမဟုတ်ပါဘူး။

သူ့ရဲ့ Team ကို ပြောင်းလဲနိုင်တယ်။

Team က System ကို ပြောင်းလဲနိုင်တယ်။

System က Business ကို ပြောင်းလဲနိုင်ပါတယ်။

ဒီနေ့ စိတ်ဝင်စားပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မတက်ဖြစ်လိုက်တဲ့ Business Owners နဲ့ Managers တွေအတွက်လည်း…
ဒီနေ့ဟာ အဆုံးမဟုတ်ပါဘူး..

The Secret for Business Leaders ရဲ့ ခရီးက အခုမှ စတာပါ။ 🌱

ဒီနေ့ ကျမတို့နဲ့အတူ အချိန်ပေးပြီး သင်ယူ၊ ဆွေးနွေး၊ ကိုယ့်ကိုယ်ကို ရိုးရိုးသားသား ပြန်ကြည့်ပေးခဲ့ကြတဲ့ Participant တစ်ဦးချင်းစီကို အထူးကျေးဇူးတင်ပါတယ်။ 🙏❤️

Success Begins Within, But It Grows Through Action.

THE SECRET FOR BUSINESS LEADERS

Leading Yourself • Leading Your People • Leading Your Business • Building Your Legacy
— KMH Capacity Building Centre

16/07/2026

🎓 Your Future Starts Here…

📚 GED Preparation Class (In Person) by KMH Capacity Building Centre

ယနေ့ခေတ်မှာ ပညာရေးလမ်းကြောင်းကောင်းတစ်ခုဟာ လူငယ်တို့ရဲ့ အနာဂတ်အခွင့်အရေးများကို ပိုမိုဖွင့်လှစ်ပေးနိုင်ပါတယ်။

🌏 နိုင်ငံတကာတက္ကသိုလ်များသို့ ဆက်လက်တက်ရောက်လိုသူများအတွက်

🎯 အထက်တန်းအဆင့် ပညာရေးအစားထိုးလမ်းကြောင်းတစ်ခုဖြစ်သော GED Program ကို KMH မှ စနစ်တကျ ပြင်ဆင်သင်ကြားပေးနေပါပြီ။

✨ GED Preparation Class တွင်…
✅ GED Subject များအတွက် Comprehensive Learning
✅ Experienced Teacher များ၏ Guidance
✅ Practice Test & Exam Preparation
✅ Student Progress Monitoring
✅ University Pathway Guidance
တို့ဖြင့် ကျောင်းသားများ၏ ရည်မှန်းချက်အောင်မြင်ရန် အထောက်အပံ့ပေးသွားမှာဖြစ်ပါတယ်။

💙 KMH ရဲ့ ရည်ရွယ်ချက်က… "မှန်ကန်သော ပညာရေးလမ်းကြောင်းမှတစ်ဆင့် လူငယ်များ၏ အနာဂတ်ကို တည်ဆောက်ပေးရန်" ဖြစ်ပါတယ်။

​📅 အတန်းအသေးစိတ် အချက်အလက်များ

​သင်တန်းစတင်မည့်ရက်: 14-7-26
​တက်ရောက်ရမည့်အချိန်: Mon to Thu (9:00 AM - ---- PM)]
​သင်တန်းကာလ: 7 Months

📌 Class Location
📍 အမှတ် ၃၆၊ အနော်ရထာလမ်း၊ လမ်းငါးသွယ် အဝိုင်းအနီး ၊ စိုးကောမင်းရပ်ကွက် မကွေးမြို့
Magway (In Person)

📞 အသေးစိတ်စုံစမ်းရန်
09 - 42 500 7018
09 - 79 040 7836
📧 [email protected]

🚀 သင့်အနာဂတ်အတွက် ဒီနေ့ကစပြီး ပြင်ဆင်လိုက်ပါ။
KMH Capacity Building Centre
"မိမိတို့ရဲ့ အနာဂတ်ကို အတူတကွ တည်ဆောက်ကြမယ်"

Telephone

Website

Address


Pyay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when MESI -Pyay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Pyay.