Pathein Store

Pathein Store

Share

29/01/2026

စိတ်သောကများနေရင် ပြေးပါ။
စိတ်အတက်အကျဖြစ်နေရင် တရေးအိပ်ပါ။
ဒေါသထွက်နေရင် ဝိတ်မပါ။
ဝမ်းနည်းနေရင် နေဆာလှုံပါ။
စိုးရိမ်နေရင် လမ်းထွက်လျှောက်ပါ။

စိတ်ကျန်းမာရေးကို ကာယလှုပ်ရှားမှုဖြင့် ပိုကောင်းအောင်လုပ်နိုင်ပါတယ်။

Stressed? Run.
Moody? Take a nap.
Angry? Lift weights.
Sad? Get sunlight.
Anxious? Walk.

Your mental health can be improved by physical things.

Dr. James DiNicolantonio
(a cardiovascular research scientist and doctor of pharmacy at Saint Luke's Mid America Heart Institute in Kansas City, Missouri)

crd-

25/01/2026

ပိုက်ဆံဆိုတာ လူကို အသစ်ပြောင်းလဲပစ်နိုင်တဲ့ "မှော်ဆေး" မဟုတ်ပါဘူး။ ပိုက်ဆံဆိုတာ မင်းရင်ထဲမှာ ရှိပြီးသား "ဗီဇ" တွေကို ပိုပြီး ထင်ထင်ရှားရှား ပေါ်လာအောင် လုပ်ပေးတဲ့ "မှန်ဘီလူး" တစ်ခု သက်သက်ပဲ။

လူတစ်ယောက်ရဲ့ စရိုက်အစစ်ကို သိချင်ရင် သူ့ကို အာဏာနဲ့ ပိုက်ဆံ ပေးကြည့်လိုက်ပါ အဲဒီအခါမှာ သူဖုံးကွယ်ထားတဲ့ ဇာတိရုပ်ဟာ ဝုန်းခနဲ ပေါ်လာလိမ့်မယ်။

မင်းတို့က "ဟိုလူကတော့ ချမ်းသာလာမှ စိတ်ဓာတ်တွေ ပြောင်းသွားတာ၊ အရင်ကတော့ သိပ်ကောင်းတာ" လို့ ပြောနေသလား။ အဲဒါ မင်းက "ဇာတ်လမ်း" ကို အစကနေ အဆုံးထိ မကြည့်လို့ပဲ။

သူက အရင်ကတည်းက အဲဒီလို စိတ်ဓာတ်ရှိတာ၊ ဒါပေမဲ့ အရင်က ဆင်းရဲနေလို့ အဲဒီစိတ်ဓာတ်ကို ထုတ်ပြဖို့ အခွင့်အရေး (သို့) အင်အား မရှိခဲ့လို့ ဖုံးထားရတာ။

မင်းက ခွေးအတစ်ကောင်ကို အင်္ကျီဝတ်ပေးပြီး လူလိုနေခိုင်းရင် သူက ငြိမ်နေမှာပဲ။ ဒါပေမဲ့ သူ့ရှေ့ကို အသားတစ်တုံး ချပေးလိုက် (ပိုက်ဆံပေးလိုက်) တဲ့အခါကျမှ သူက ဟောင်မှာလား၊ ကိုက်မှာလား ဆိုတာ ပေါ်လာတာ။

အသားက သူ့ကို ခွေးအဖြစ် ပြောင်းလဲလိုက်တာမဟုတ်ဘူး၊ သူက မူလကတည်းက ခွေးအဖြစ်မို့လို့ အသားမြင်တဲ့အခါ သူ့ဗီဇအတိုင်း ဟောင်တာပဲ။ ပိုက်ဆံဆိုတာ မင်းရင်ထဲက 'နတ်ဆိုး' ဒါမှမဟုတ် 'နတ်သား' ကို အပြင်ထွက်လာအောင် တံခါးဖွင့်ပေးလိုက်တဲ့ သော့ပဲ။

လူတစ်ယောက်က မူလကတည်းက စေတနာကောင်းတဲ့သူဆိုရင် သူချမ်းသာလာတဲ့အခါ အရင်ကထက် ပိုပြီး ပေးကမ်းလှူဒါန်းမယ်၊ သူများတွေကို ကူညီမယ်။ သူ့ရဲ့ ကောင်းကွက်တွေက ပိုတောက်ပလာမယ်။

လူတစ်ယောက်က မူလကတည်းက တစ်ကိုယ်ကောင်းဆန်ပြီး မာနကြီးတဲ့သူဆိုရင်တော့ သူချမ်းသာလာတဲ့အခါ သူတစ်ပါးကို ပိုနှိမ်မယ်၊ ပိုရိုင်းစိုင်းမယ်။ ပိုက်ဆံက မင်းရဲ့ စိတ်ဓာတ်ကို "လမ်းကြောင်းဟောင်း" အတိုင်းပဲ ပိုပြီး မြန်မြန်ဆန်ဆန် သွားစေတာ။

လူတွေက ဘာမှမရှိတဲ့အချိန်မှာတော့ အားလုံးက ယဉ်ကျေးသယောင်၊ ရိုးသားသယောင် ရှိနေတတ်ကြတယ်။ ဘာလို့လဲဆိုတော့ မရိုးသားလို့လည်း မရဘူး၊ မယဉ်ကျေးလို့လည်း မရဘူးလေ။

ပိုက်ဆံရှိလာတဲ့အခါကျတော့ "ငါ ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုတော့ဘူး" ဆိုတဲ့ စိတ်ဝင်လာပြီး ကိုယ့်ရဲ့ စရိုက်အစစ်ကို ရဲရဲကြီး ထုတ်ပြလာကြတာ။ ဒါကြောင့် ချမ်းသာလာမှ ပြောင်းလဲသွားတယ်ဆိုတာ မဟုတ်ပါဘူး။ ချမ်းသာလာမှ "မျက်နှာဖုံး" ချွတ်လိုက်တာပါ။

ဒါ့ကြောင့် "ငါသာ ချမ်းသာလာရင် ဘယ်လိုလူ ဖြစ်မလဲ" ဆိုတာကို အခုကတည်းက သိနိုင်ပါတယ်။ အခု မင်းမှာ ရှိတဲ့ ဆယ်သိန်း၊ သိန်းတစ်ရာကို မင်းဘယ်လို သုံးနေလဲ? မင်းထက် နိမ့်ကျသူတွေကို မင်းဘယ်လို ဆက်ဆံနေလဲ? အခု မင်းလုပ်နေတဲ့ ပုံစံဟာ နောက်ပိုင်း မင်းမှာ သိန်းတစ်သောင်း ရှိလာတဲ့အခါ မင်းလုပ်မယ့် ပုံစံရဲ့ "အကြမ်းထည်" ပဲ။ ပိုက်ဆံနောက်ကို လိုက်နေရင်းနဲ့ မင်းရဲ့ "နှလုံးသား" ကိုလည်း သေချာ ပြုပြင်ထားစမ်းပါ။

မင်း လူတစ်ယောက်ရဲ့ အကျင့်ကို သိချင်ရင်၊ သူ ပိုက်ဆံရှိလာတဲ့အခါ ဘယ်သူတွေကို ဘယ်လို ဆက်ဆံလဲဆိုတာ စောင့်ကြည့်ပါ။ ပီးရင် ကိုယ့်ကိုယ်ကိုယ် အမြဲသတိပေးပါ။ "ငါ့မှာ ပိုက်ဆံတွေ အများကြီး ရှိလာရင်တောင် ငါ့ရဲ့ မူလစေတနာကို မပျောက်စေရဘူး" လို့။အရေးကြီးဆုံးကတော့ ပိုက်ဆံကို "အသုံးအဆောင်" လို့ပဲ သတ်မှတ်ပါ၊ "သခင်" လို့ မသတ်မှတ်ပါနဲ့။

ပိုက်ဆံက လူတစ်ယောက်ကို "ပြောင်းလဲ" ပစ်တာ မဟုတ်ပါဘူး။ သူတကယ် "ဘယ်လိုလူစားလဲ" ဆိုတာကို ကမ္ဘာကြီးကို "ဖွင့်ပြ" လိုက်တာပဲ ဖြစ်ပါတယ်။

မင်းချမ်းသာလာတဲ့နေ့ဟာ မင်းရဲ့ "စရိုက်အစစ်" ကို သက်သေပြရမယ့်နေ့ပါပဲ။ "ပိုက်ဆံရှိလာတဲ့အခါမှာလည်း လေးစားစရာကောင်းတဲ့ လူတစ်ယောက်အဖြစ်ပဲ ရှိနေပါစေ"မိတ်ဆွေ။
crd-MediaOne

Want your business to be the top-listed Shop in Pathein?
Click here to claim your Sponsored Listing.

Website

Address


No. 27, Padin Tan Street
Pathein

Opening Hours

Monday 07:00 - 18:00
Tuesday 07:00 - 18:00
Wednesday 07:00 - 18:00
Thursday 07:00 - 18:00
Friday 07:00 - 18:00
Saturday 07:00 - 18:00
Sunday 07:00 - 18:00