Ayeyarwady Initiative
03/06/2024
စိုက်ပျိုး၊ ရိတ်သိမ်းပြီးတဲ့အခါ ကောက်ရိုးမီးရှို့တဲ့ ဓလေ့က ရှိခဲ့၊ ရှိဆဲပါပဲ။
သီးနှံတစ် ရာသီကုန်လို့ ပြန်လည်စိုက်ပျိုးချိန်ရောက်တဲ့အခါ နောက်တစ်သီး အချိန်မီထပ်စိုက်နိုင်ဖို့ သီးနှံအကြွင်းအကျန်တွေကို မီးရှို့၊ရှင်းလင်းတာမျိုး လုပ်ကြပါတယ်။
ဒီနည်းလမ်းက ကောက်ရိုး/ ရိုးပြတ်နဲ့ ပဲရိုးတွေကို အချိန်တခဏအတွင်း အမြန်ရှင်းလင်းလိုက်နိုင်လို့ လူသုံးများနေဆဲဖြစ်နေမယ့် ရေရှည်အတွက်တော့ အဆင်မပြေနိုင်ပါဘူးခင်ဗျ။
သီးနှံရာသီကုန်လို့ ရိတ်သိမ်းပြီးအကြွင်းအကျန်တွေကို မီးရှို့တဲ့အခါ-
➡️ပထမဦးဆုံးအနေနဲ့ အသက်ရှုလမ်းကြောင်းနဲ့ ကျန်းမာရေးကို ထိခိုက်စေမယ့် လေထုညစ်ညမ်းမှုတွေဖြစ်စေနိုင်ပါတယ်။
➡️မြေဆီလွှာက အာဟာရနဲ့ မြေဆီဓာတ်ကိုလည်း ဆုံးရှုံးမှုတွေရှိစေပြီး နောက်ရာသီတွေမှာ စိုက်ပျိုးရခက်တာ၊ အထွက်နှုန်းကျတာတွေဖြစ်စေနိုင်ပါတယ်။
➡️ထပ်ဆောင်း ရိုက်ခတ်မှုအနေနဲ့ မီးရှို့ခြင်းကထွက်လာတဲ့ မီးခိုး၊ ဓာတ်ငွေ့တွေကြောင့် ရေရှည်မှာဆိုရင် ရာသီဥတုပြောင်းလဲမှုတွေ၊ မူမမှန်တာတွေအထိ ပြင်းထန်နိုင်ပါတယ်။
အခုလို ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေကို ပိုခံစားလာရတဲ့ နေ့ရက်တွေမှာ ကျွန်တော်တို့လုပ်ရပ်တွေက ရေတိုလား၊ ရေရှည်အတွက်လား စဉ်းစားဖို့ လိုလာပါပြီ မိတ်ဆွေတို့ရေ…
👉တစ်ခဏတာ အဆင်ပြေစေဖို့ မီးရှို့ပြီး အကြွင်းအကျန်တွေရှင်းမလား?
👉သဘာဝနည်းအတိုင်း ကောက်ရိုးနဲ့ ပဲရိုးစတဲ့ အကြွင်းအကျန်တွေကို အီးအမ်အသုံးပြီး အမြန်ဆွေးမြေ့စေပြီး မြေဆီလွှာကောင်းအောင် ရေရှည်ထိန်းသိမ်းမလား ?
အီးအမ်အသုံးပြု ကောက်ရိုး/ ရိုးပြတ်အမြန်ဆွေးမြေ့စေတဲ့ နည်းပညာနဲ့ပတ်သက်ပြီး မေးခွန်းများရှိမယ်ဆိုရင်လည်း ရေတံခွန်ကို စာပို့မေးမြန်းနိုင်သလို စိုက်ပျိုးရေးဝန်ဆောင်မှုစင်တာ ၀၉၉-၄၀၀၀၁၀၀၀ သို့ ရုံးချိန် (တနင်္လာမှသောကြာ မနက်၉နာရီမှ ညနေ၅နာရီ) အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
#ရေတံခွန်
08/07/2023
ဧရာဝတီရှေ့ဆောင်(AI)ကုမ္ပဏီလီမိတက်
**********
ဧရာဝတီရှေ့ဆောင်ကုမ္ပဏီ (Ayeyarwady Initiative – AI Co.,Ltd) သည် ပညာရေးဝန်ဆောင်မှုများ ပေးသည့် ကုမ္ပဏီ (Company Registration No. 135310239) တစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတွင်းရှိ တောင်သူ လယ်သမားများနှင့် ရပ်ရွာအခြေပြုအဖွဲ့အစည်း များအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး နှင့် ကျွမ်းကျင် ဖွံ့ဖြိုး တိုးတက်ရေး အတွက် စဉ်ဆက်မပြတ် လေ့လာ သင့်ယူပြီး သင်တန်းများ ပြုလုပ်ခြင်း၊ စာအုပ်စာစောင်များ ရေးသာပြုစုခြင်း၊ အတိုင်ပင်ခံ ဝန်ဆောင်မှုများပေးခြင်း တို့ကို လုပ်ဆောင်သွားမည် ဖြစ်ပါသည်။
“အဆိုပါရည်ရွယ်ချက်များကို ထိရောက်စွာ ဖြည့်ဆည်းနိုင်ရန်အတွက် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ(၂၀၁၇)အရ
မှတ်ပုံတင်ခဲ့ပါသည်။”
Click here to claim your Sponsored Listing.
Category
Website
Address
Pathein
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |