Professional Development Institute

Professional Development Institute

Share

လူငယ်တွေထဲက Computer Science နဲ Software Engineering နယ်ပယ်မှာ အရည်ချင်းပြည့်ဝတဲ့ ကျွမ်းကျင်ပညာရှင်တွေ ထွက်ပေါ်လာစေဖို့ရည်ရွယ်ပြီး Professional Development Institute ကနေ လေ့ကျင့် သင်ကြားပေးနေပါတယ်။ Professional Development Institute ဟာ ၂၀၁၉ ခုနှစ်က စတင်ပြီး ကွန်ပျူတာသိပ္ပံနှင့် programming ပညာရပ်များကို သင်ကြားပေးနေသော ကျောင်းတစ်ခု ဖြစ်ပါတယ်။ အရည်အသွေးမြင့်မားတဲ့ in-person တက်ရောက်နိုင်တဲ့ အတန်းတွ

24/02/2026

Shipping Fast နောက်ကွယ်က ကွယ်ဝှက်နေတဲ့ ကုန်ကျစရိတ်များ သို့မဟုတ် မျှခြေပျက်သွားသော Time and Space tradeoff - အပိုင်း (၁)

ဒီနေ့ industry မှာ time and space trade-off က အရေးပါသေးတယ်ဆိုတာ လက်ခံထားကြပေမဲ့ balance ကတော့ အတော်ကြီး အပြောင်းအလဲ ဖြစ်နေပါပြီ။ လွန်ခဲ့တဲ့ ၁၉၇၀ ကနေ ၁၉၉၀ အထိ အချိန်ကာလတွေမှာ Memory တွေက ကုန်ကျစရိတ်ကြီးသလို အကန့်အသတ်လည်း ရှိကြပါတယ်။ Developer တွေအနေနဲ့ space optimization ကို ရေကုန်မီးကုန် အားစိုက်ရပါတယ်။ တခါတရံမှာ ex*****on time ကို ပိုနှေးစေတဲ့ ရွေးချယ်မှုများကို ပြုလုပ်ကြပါတယ် — ဥပမာ compression လုပ်တာမျိုးပေါ့။ ယနေ့ ၂၀၂၀ နောက်ပိုင်းတွေ ရောက်လာတဲ့အခါ memory နဲ့ bandwidth တွေက အဆပေါင်းများစွာ ကုန်ကျစရိတ် သက်သာလာပါတယ်၊ အဲ့ဒီအချိန်မှာ ပိုမြန်ဆန်တဲ့ ex*****on time အတွက် space ပိုသုံးလာကြပါတယ်။ App တွေက caches တွေ၊ duplicate data တွေ အများကြီးထားလာတယ်၊ CPU cycles နဲ့ network requests တွေ လျှော့ချနိုင်ဖို့ libraries တွေအများကြီး load တင်လာကြတယ်။ Developer တွေအနေနဲ့ developing အချိန် လျှော့ချဖို့ memory footprint ကြီးမားတဲ့ frameworks အကြီးစားတွေကို သုံးလာကြတယ် (ဥပမာ React တို့ Electron တို့)။ Native app တခုက 20 MB လောက်ပဲရှိနိုင်ပေမဲ့ 150 MB လောက် bundle ထွက်တဲ့ cross-platform တခုကို ရွေးချယ်တာမျိုး စသည်ဖြင့် development တွေမှာ space ထက် development ကြာချိန်နဲ့ runtime speed လျှင်မြန်ရေးကို ရွေးချယ်လာကြပါတယ်။ ဒီလိုဖြစ်လာတာကလည်း ယနေ့ devices တွေမှာ RAM တွေ gigabytes လောက်ရှိလာတာ၊ 8 GB RAM ဆိုတာ သာမန်ဖြစ်သလို Storage မှာလည်း terabytes ဖြစ်လာတာ၊ နောက်ပြီး Cloud computing ရဲ့ scalability နဲ့ ယနေ့ခတ် အသုံးပြုသူတွေရဲ့ instant results လိုချင်တဲ့ သဘောထားကြောင့် သူတို့ စိတ်ပျက်စွာ စောင့်နေရတာထက် memory space ပိုသုံးတာဟာ အဖြေဖြစ်လာတာပဲ ဖြစ်ပါတယ်။

ဒီရဲ့ အရွေ့ဟာ ကောင်းလှတယ်လို့ မဟုတ်ပါဘူး — အကျိုးဆက်တွေအနေနဲ့ နောက်ကွယ်မှာ ကုန်ကျစရိတ်တွေက ကွယ်ဝှက်ပြီး လိုက်လာနေပါတယ်။

Want your business to be the top-listed Computer & Electronics Service in Naypyidaw?
Click here to claim your Sponsored Listing.

Telephone

Website

Address


Naypyidaw